မြည်တမ်းစကား 1:2Judson Bibleညအခါ ပြင်းစွာငိုကြွေး၍၊ သူ၏ပါးသည် မျက်ရည်နှင့် စိုစွတ်လေ၏။ ရည်းစားအပေါင်းတို့တွင် နှစ်သိမ့်စေသောသူ တစ်ယောက်မျှ မရှိ။ အဆွေခင်ပွန်းအပေါင်းတို့သည် သစ္စာပျက်၍ ရန်သူဖြစ်ကြပြီ။ အခန်းကိုကြည့်ပါ။ |
ယောက်ျားစွန့်ပစ်သော မိန်းမသည် ထွက်သွား၍၊ အခြားသောသူ၏ မယားဖြစ်ပြီးမှ၊ အရင်လင်သည် ထိုမိန်းမကို ပြန်၍ယူသင့်သလော။ ထိုသို့ပြုသောပြည်သည် ညစ်ညူးသည်မဟုတ်လောဟု ဆိုလေ့ရှိလျက်နှင့်၊ သင်သည် များစွာသော ရည်းစားတို့၌ မှီဝဲ၍ မှားယွင်းသော်လည်း၊ ငါ့ထံသို့ ပြန်လာပါဟု ထာဝရဘုရား မိန့်တော်မူ၏။
သင်သည် ပျက်စီးခြင်းသို့ရောက်သောအခါ အဘယ်သို့ ပြုလိမ့်မည်နည်း။ နီမောင်းသောအဝတ်ကို ဝတ်သော်လည်းကောင်း၊ ရွှေတန်ဆာကို ဆင်သော်လည်းကောင်း၊ သင်၏မျက်နှာစုတ်ပဲ့သည်တိုင်အောင် ဆေးသုတ်သော်လည်းကောင်း၊ သင်၏တင့်တယ်ခြင်းကို အချည်းနှီးပြ၏။ သင်၏ရည်းစားတို့သည် သင့်ကိုစွန့်၍၊ သင်၏အသက်ကို သတ်ခြင်းငှာ ရှာကြံကြ၏။
အကျွန်ုပ် ညည်းတွားသံကိုကြားသောသူတို့တွင်၊ နှစ်သိမ့်စေသောသူ တစ်ယောက်မျှမရှိပါ။ အကျွန်ုပ်၌ ရောက်သောအမှုကို အကျွန်ုပ်၏ ရန်သူအပေါင်းတို့သည် ကြားရကြပါပြီ။ ကိုယ်တော်ပြုတော်မူသည်ကို ဝမ်းမြောက်ကြပါ၏။ ကိုယ်တော်ချိန်းချက်သော နေ့ရက်ကို ရောက်စေတော်မူသောအခါ၊ သူတို့သည် အကျွန်ုပ်ကဲ့သို့ပင် ဖြစ်ကြပါစေသော။
သူ၌ မစင်ကြယ်သော လက္ခဏထင်ရှားသော်လည်း၊ နောက်ခံရသောအပြစ်ကို မအောက်မေ့။ ထိုကြောင့်၊ မျက်နှာပေးသောသူ မရှိဘဲ အံ့ဩဖွယ်သော အခြင်းအရာနှင့် နှိမ့်ချခြင်းသို့ရောက်လေ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှုတော်မူပါ။ ရန်သူသည် ကိုယ်ကို ချီးမြှောက်ပါပြီ။