Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 1:1

Judson Bible

စည်​ပင်​ခဲ့​သော​မြို့​သည် လူ​ဆိတ်​ညံ​လျက် ထိုင်​လေ​သည်​တ​ကား၊ လူ​မျိုး​တို့​တွင် ကြီး​မြတ်​ဖူး​သော သ​တို့​သ​မီး​သည် မု​ဆိုး​မ​ကဲ့​သို့​ဖြစ်၏။ အ​ပြည်​ပြည်​တို့၏​သ​ခင်​မ​သည် အ​ခွန်​ပေး​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

38 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​သည်​လည်း မြစ်​ကြီး​မှ​စ၍ ဖိ​လိ​တ္တိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်​တိုင်​အောင် တိုင်း​နိုင်​ငံ​လုံး​ကို​အ​စိုး​ရ​သ​ဖြင့်၊ အ​ရပ်​ရပ်​သား​တို့​သည် လက်​ဆောင်​ပ​ဏ္ဏာ​တို့​ကို ဆက်၍၊ ရှော​လ​မုန်​လက်​ထက် ကာ​လ​ပတ်​လုံး မင်း​မှု​ကို ဆောင်​ရွက်​ရ​ကြ၏။

ဖာ​ရော​နေ​ခေါ​သည် ထို​မင်း​ကို ယေ​ရု​ရှ​လင်​မြို့​မှာ မင်း​မ​ပြု​စေ​ခြင်း​ငှာ ဟာ​မတ်​ပြည်၊ ရိ​ဗ​လ​မြို့​မှာ​အ​ကျဉ်း​ထား၍၊ ယု​ဒ​ပြည်၌ ငွေ​အ​ခွက်​တစ်​ထောင်​နှင့် ရွှေ​အ​ခွက်​တစ်​ဆယ်​ကို အ​ခွန်​တောင်း​လေ၏။

ယော​ယ​ကိမ်​သည်​လည်း ဖာ​ရော​ဘု​ရင် အ​မိန့်​တော်​အ​တိုင်း၊ တစ်​ပြည်​လုံး​တွင် ရွှေ​ငွေ​ခွဲ၍ ဖာ​ရော​ဘု​ရင်​အား အ​ခွန်​ဆက်​ရ၏။ ပြည်​သူ​ပြည်​သား အ​သီး​အ​သီး​တို့​ကို ရွှေ​ငွေ​ခွဲ​သည်​အ​တိုင်း၊ ကျပ်​တည်း​စွာ​တောင်း၍ ဖာ​ရော​နေ​ခေါ​အား ဆက်​လေ၏။

မြစ်​ကြီး​မှ​စ၍ ဖိ​လိ​တ္တိ​ပြည်​နှင့် အဲ​ဂု​တ္တု​ပြည်​စွန်း​တိုင်​အောင် ရှိ​သော ရှင်​ဘု​ရင်​အ​ပေါင်း​တို့​ကို အ​စိုး​ရ၏။

ငွေ​တော်​ကို​ခွဲ​လျက်၊ အ​ခွန်​တော်​အ​ကောက်​တော်​ကို ခံ​လျက်၊ မြစ်​အ​နောက်​ဘက် တစ်​လျှောက်​လုံး​ကို​အ​စိုး​ရ၍ တန်​ခိုး​ကြီး​သော ရှင်​ဘု​ရင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ နေ​ဖူး​ကြောင်း​များ​ကို သိ​ရ၏။

အ​ချို့​က​လည်း၊ ငါ​တို့​သည် အ​ခွန်​တော်​ကို ပေး​စ​ရာ​ရှိစေ​ခြင်း​ငှာ လယ်​ယာ​ဥ​ယျာဉ်​အ​တွက် ငွေ​ကို​ချေး​ယူ​ပြီ။

အ​ကျွန်ုပ်​တို့​အ​ပြစ်​ကြောင့်၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ခန့်​ထား​တော်​မူ​သော ရှင်​ဘု​ရင်​တို့​သည် ဤ​ပြည်၌ ကြွယ်​ဝ​စွာ​ဖြစ်​သော အ​သီး​အ​နှံ​ကို သိမ်း​စား​မြဲ​ရှိ​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့၏​ကိုယ်​နှင့် တိ​ရ​စ္ဆာန်​များ​ကို သူ​တို့​သည် ကိုယ်​အ​လို​အ​လျောက် အ​စိုး​ပိုင်၍၊ အ​ကျွန်ုပ်​တို့​သည် အ​လွန်​ဆင်း​ရဲ​ခံ​လျက်​နေ​ရ​ပါ​သည်​ဟု မြွက်​ဆို​ကြ၏။

အ​မျိုး​အ​နွယ်​တို့​သည် ထို​မြို့​သို့​တက်​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျိုး​အ​နွယ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ခြင်း​ငှာ တက်​သွား​ကြ၏။

အို နံ​နက်​သား၊ မိုး​သောက်​ကြယ်၊ သင်​သည် ကောင်း​ကင်​က ကျ​လေ​ပြီ​တ​ကား။ အ​ပြည်​ပြည်​တို့​ကို နှိပ်​စက်​သော​သင်​သည်၊ မြေ​တိုင်​အောင် ခုတ်​လှဲ​ခြင်း​ကို ခံ​ရ​လေ​ပြီ​တ​ကား။

အ​ထက်​က အ​သံ​ဗ​လံ​များ၍ အုတ်​အုတ်​ကျက်​ကျက် ပြု​တတ်​သော​မြို့၊ ရွှင်​လန်း​သော​မြို့၊ သင်၏​လူ​သေ​တို့​သည် ဓား​လက်​နက်​ကြောင့် ဆုံး​ကြ​သည်​မ​ဟုတ်။ စစ်​တိုက်​ရာ​မှာ သေ​ကြ​သည်​မ​ဟုတ်။

သူ၏​တံ​ခါး​တို့​သည် ငို​ကြွေး​မြည်​တမ်း၍၊

သင်​က​လည်း၊ ဤ​သူ​တို့​ကို ငါ့​အား အ​ဘယ်​သူ ဖြစ်​ဖွား​စေ​သ​နည်း။ ငါ​သည် သား​ဆုံး​သော​သူ၊ ဆိတ်​ညံ​လျက် နေ​ရ​သော​သူ၊ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သ​ဖြင့်၊ အ​ဝေး​သို့ လည်​ရ​သော​သူ​ဖြစ်၍၊ ဤ​သူ​တို့​ကို အ​ဘယ်​သူ မွေး​စား​သ​နည်း။ ငါ​သည် တစ်​ယောက်​တည်း နေ​ရ​သည်​ဖြစ်၍၊ ဤ​သူ​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း​ဟု အောက်​မေ့​လိမ့်​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​နား​ကို​ဖွင့်​တော်​မူ၍၊ ငါ​လည်း မ​ငြင်း​မ​ဆန်၊ နောက်​သို့​မ​ဆုတ်၊

အို​ယေ​ရု​ရှ​လင်​မြို့၊ ကိုယ်၌​ကပ်​သော မြေ​မှုန့်​ကို​ခါ​လိုက်၍၊ မြင့်​သော​အ​ရပ်၌ ထိုင်​လော့။ အို ချုပ်​ထား​လျက်​ရှိ​သော ဇိ​အုန်​သ​တို့​သ​မီး၊ သင်၏​လည်​ကြိုး​ကို​ချွတ်​လော့။

ငြိမ်​သက်​ခြင်း၏​ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို ကြား​ပြော​သော​သူ၊ ကယ်​တင်​ခြင်း ကောင်း​ကျိုး​ချမ်း​သာ၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​သော​သူ၊ သင်၏​ဘု​ရား​သ​ခင်​စိုး​စံ​တော်​မူ၏​ဟု ဇိ​အုန်​မြို့​အား ပြော​သော​သူ၏​ခြေ​တို့​သည် တောင်​ပေါ်​မှာ အ​လွန်​တင့်​တယ်​လှ​စွ​တ​ကား။

မ​စိုး​ရိမ်​နှင့်။ ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ရ။ မျက်​နှာ မ​ပျက်​နှင့်။ အ​ရှက်​ကွဲ​ခြင်း​ကို မ​ခံ​ရ။ အ​သက်​ငယ်​စဉ်​အ​ခါ ခံ​ရ​သော ရှက်​ကြောက်​ခြင်း​ကို မေ့​လျော့​လိမ့်​မည်။ မု​ဆိုး​မ​ဖြစ်၍ ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း​ကို နောက်​တစ်​ဖန် မ​အောက်​မေ့​ရ။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယာ​ကုပ်​အ​မျိုး​အား၊ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လော့။ လူ​မျိုး​တို့၏​အ​ထွတ်၌ ကြွေး​ကြော်​ကြ​လော့။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လူ​မျိုး​တည်း​ဟူ​သော၊ ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ကို​ကယ်​တင်​တော်​မူ​ပြီ​ဟု မြွက်​ဆို​လျက် သ​တင်း​ကြား​လိုက်၍ ချီး​မွမ်း​ကြ​လော့။

ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား ဂေ​ဒ​လိ​က၊ ခါ​လ​ဒဲ​မင်း၏​အ​မှု​ကို ဆောင်​ရွက်​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​ကြ​နှင့်။ ဤ​ပြည်၌​နေ၍ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​အ​မှု​ကို ဆောင်​ရွက်​ကြ​လော့။ သို့​ပြု​လျှင်၊ ချမ်း​သာ​ရ​ကြ​လိမ့်​မည်။

အ​ကျွန်ုပ်​တို့​သည် အ​ထက်​က​များ​သော်​လည်း၊ ယ​ခု​ကိုယ်​တော် မြင်​သည်​အ​တိုင်း အ​နည်း​ငယ်​သာ ကျန်​ကြွင်း​ပါ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​တို့ အ​သ​နား​တော်​ခံ​သော​စ​ကား​ကို မ​ပယ်​ပါ​နှ​င့်။ အ​ကျွန်ုပ်​တို့ သွား​ရ​သော​လမ်း​နှ​င့် ပြု​ရ​သော​အ​မှု​ကို ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ၀​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​အား ပြ​တော်​မူ​မည်​အ​ကြောင်း၊ ကျန်​ကြွင်း​သ​မျှ​သော​သူ၊ အ​ကျွန်ုပ်​တို့​အ​ဖို့ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ရ​ဘု​ရား​ထံ​တော်၌ ဆု​တောင်း​ပါ​လော့​ဟု တောင်း​ပန်​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယေ​ရု​ရှ​လင်​မြို့ အ​စ​ရှိ​သော ယု​ဒ​မြို့​ရွာ အ​ရပ်​ရပ်​တို့​အ​ပေါ်​သို့ ငါ​ရောက်​စေ​သော​ဘေး​ဒဏ်​ကို သင်​တို့​သည် မြင်​ကြ​ပြီ။

ထို​ကြောင့်၊ ငါ၏​အ​မျက်​အ​ရှိန်​ကို ငါ​သွန်း​လောင်း၍၊ ယု​ဒ​မြို့​များ ယေ​ရု​ရှ​လင်​လမ်း​များ​တို့၌ အ​မျက်​မီး​ရှို့​သ​ဖြင့်၊ သူ​တို့​သည် ယ​နေ့၌ ဖြစ်​သ​ကဲ့​သို့ သုတ်​သင်​ပယ်​ရှင်း​ရာ​အ​ရပ် ဖြစ်​ကြ​၏။

မြေ​တစ်​ပြင်​လုံး​ကို ရိုက်​နှက်​သော သံ​တူ​သည် ကျိုး​ပြတ်​လေ​ပြီ​တ​ကား၊ ဗာ​ဗု​လုန်​မြို့​သည် လူ​မျိုး​တို့​တွင် အံ့​ဩ​ရာ​ဖြစ်​လေ​ပြီ​တ​ကား။

ငါ​သည် ယေ​ရု​ရှ​လင်​မြို့​ကို အ​မှိုက်​ပုံ၊ မြေ​ခွေး​နေ​ရာ​တွင်း ဖြစ်​စေ​မည်။ ယု​ဒ​မြို့​ရွာ​တို့​ကို​လည်း၊ လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​မည်။

ငါ​သည် ရည်း​စား​တို့​ကို​ခေါ်၍ သူ​တို့​သည် သ​စ္စာ​မ​ရှိ​ကြ။ ငါ၏​ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ငါ၏​အ​သက်​ကြီး​သူ​တို့​သည် ကိုယ်​အ​သက်​မွေး​ဖို့ စား​စ​ရာ​ကို​ရှာ​စဉ်​ပင် မြို့​ထဲ၌ အ​သက်​ချုပ်​ကြ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​သ​တို့​သ​မီး​ကို အ​မျက်​တော်​မိုး​တိမ်​ဖြင့် ဖုံး​လွှမ်း​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး၏ ဂုဏ်​အ​သ​ရေ​ကို ကောင်း​ကင်​မှ​မြေ​ကြီး​တိုင်​အောင် ချ​တော်​မူ​ပြီ။ အ​မျက်​တော်​ထွက်​ချိန်၌ ခြေ​တော်​တင်​ရာ​ခုံ​ကို မ​အောက်​မေ့​ဘဲ နေ​တော်​မူ​ပါ​ပြီ​တ​ကား။

ဇိ​အုန်​သ​တို့​သ​မီး၏ အ​သက်​ကြီး​သူ​တို့​သည် မြေ​မှုန့်​ကို မိ​မိ​တို့​ခေါင်း​ပေါ်​မှာ​ပစ်​တင်​လျက်၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​လျက်၊ မြေ​ပေါ်​မှာ​ထိုင်၍ တိတ်​ဆိတ်​စွာ​နေ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့​သူ​က​ညာ​တို့​သည် ခေါင်း​ကို ငိုက်​ဆိုက်​ညွှတ်​လျက် နေ​ကြ၏။

ရွှေ​သည် အ​လွန်​သမ်း​ညို​သည်​တ​ကား။ အ​ကောင်း​ဆုံး​သော ရွှေ​သည် အ​လွန်​ဖောက်​ပြန်​သည်​တ​ကား။ သန့်​ရှင်း​သော ကျောက်​တို့​သည် ခပ်​သိမ်း​သော​လမ်း​ဝ​တို့၌ ဖ​ရို​ဖ​ရဲ ကွဲ​ပြား​လျက်​ရှိ​ကြ၏။

အ​ကျွန်ုပ်​တို့​ဆောင်း​သော သ​ရ​ဖူ​သည် ကျ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား​သော​ကြောင့် အ​မင်္ဂ​လာ​ရှိ​ကြ​ပါ၏။

သ​မု​ဒ္ဒ​ရာ​မင်း​အ​ပေါင်း​တို့​သည် ရာ​ဇ​ပ​လ္လင်​ပေါ်​က​ဆင်း၍၊ အင်္ကျီ​တော်​ကို​လည်း​ကောင်း၊ ချယ်​လှယ်​သော အ​ဝတ်​တော်​ကို​လည်း​ကောင်း၊ ချွတ်​ပယ်​ပြီး​မှ၊ တုန်​လှုပ်​ခြင်း​အ​ဝတ်​ကို​ဝတ်​လျက်၊ မြေ​ပေါ်၌ ထိုင်​လျက် ခ​ဏ​ခ​ဏ​တုန်​လှုပ်၍၊ သင်၏​အ​မှု​ကြောင့် မိန်း​မော​တွေ​ဝေ​ကြ​လိမ့်​မည်။

အ​ချင်း​လူ​သား၊ တု​ရု​မြို့​က၊ အေ့​ဟေ၊ တိုင်း​နိုင်​ငံ​တို့၏​တံ​ခါး​ဖြစ်​သော ယေ​ရု​ရှ​လင်​မြို့​သည် ပျက်​စီး​သည်​ဖြစ်၍၊ ငါ့​လက်​သို့ ရောက်​လိမ့်​မည်။ ထို​မြို့​ဆိတ်​ညံ​သော​ကြောင့် ငါ​စည်​ပင်​လိမ့်​မည်​ဟု ယေ​ရု​ရှ​လင်​မြို့​တစ်​ဖက်၌ ဆို​မိ​သော​ကြောင့်၊

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​ပုံ​သည် ယေ​ရု​ရှ​လင်​မြို့​ဖြစ်၏။ ပတ်​လည်၌​ရှိ​သော တိုင်း​ပြည်​များ​တို့​အ​လယ်​မှာ ထို​မြို့​ကို ငါ​ထား၍၊

သင်​တို့​မြို့​များ​ကို​ငါ​ဖျက်​ဆီး၍၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့်၊ သင်​တို့​နံ့​သာ​ပေါင်း အ​မွှေး​အ​ကြိုင်​ကို​ငါ​မ​နမ်း။

သာ​သ​နာ​ပ​လူ​တို့​တွင် သင်​တို့​ကို အ​ရပ်​ရပ်​ငါ​ကွဲ​ပြား​စေ၍၊ ဓား​မိုး​လျက်​လိုက်​မည်။ သင်​တို့​ပြည်​သည်​လည်း လူ​ဆိတ်​ညံ​လျက်၊ မြို့​သည်​လည်း ပျက်​စီး​လျက်​ရှိ​လိမ့်​မည်။

ထို​မြို့​က၊ ငါ​ရှိ၏။ ငါ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​မ​ရှိ​ဟု ဆို​လျက် သော​က​နှင့် ကင်း​လွတ်၍ ဝမ်း​မြောက်​လျက် နေ​ဖူး​သော​မြို့ ဖြစ်​ပါ​သည်​တ​ကား။ ယ​ခု​မှာ သုတ်​သင်​ပယ်​ရှင်း​ရာ၊ သား​ရဲ​အိပ်​ရာ​အ​ရပ် ဖြစ်​ပါ​သည်​တ​ကား။ လျှောက်​သွား​သော သူ​အ​ပေါင်း​တို့​သည် ကဲ့​ရဲ့​သံ​ကို​ပြု၍ လက်​ဖျား​ခါ​ကြ​လိမ့်​မည်။

သူ​သည် ကိုယ်​ကို ချီး​မြှောက်၍ ကာ​မ​ဂုဏ်၌ ပျော်​မွေ့​သည်​အ​တိုင်း သူ၌ ပြင်း​စွာ​သော​ဆုံး​မ​ခြင်း၊ စိတ်​မ​သာ ညည်း​တွား​ခြင်း​ကို ဖြစ်​စေ​ကြ​လော့။ ငါ​ကား မိ​ဖု​ရား​ဖြစ်၏။ မု​ဆိုး​မ မ​ဟုတ်။ စိတ်​မ​သာ​ညည်း တွား​ခြင်း​ကို မ​သိ​ရ​ဟု သူ​သည် အောက်​မေ့​တတ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ