ဗျာဒိတ် 13:2Judson Bibleထိုသို့ ငါမြင်သောသားရဲသည် ကျားသစ်နှင့် တူ၏။ သူ၏ခြေသည် ဝံခြေကဲ့သို့ဖြစ်၏။ သူ၏နှုတ်သည်လည်း ခြင်္သေ့နှုတ်ကဲ့သို့ဖြစ်၏။ နဂါးသည် မိမိတန်ခိုးနှင့် မိမိပလ္လင်ကိုလည်းကောင်း၊ ကြီးစွာသော အာဏာစက်ကိုလည်းကောင်း သားရဲ၌ အပ်ပေး၏။- အခန်းကိုကြည့်ပါ။ |
ထိုကြောင့်၊ တောမှလာသော ခြင်္သေ့သည် သူတို့ကိုသတ်လိမ့်မည်။ ညဉ့်ဦးယံ၌ လည်တတ်သော တောခွေးသည် သူတို့ကို ကိုက်စားလိမ့်မည်။ ကျားသစ်သည် သူတို့မြို့ကိုစောင့်၍၊ မြို့ပြင်သို့ ထွက်သွားသောသူ အပေါင်းတို့ကို အပိုင်းပိုင်းဖြတ်လိမ့်မည်။ အကြောင်းမူကား၊ သူတို့ပြစ်မှားသော အပြစ်များ၍၊ အကြိမ်ကြိမ် အထပ်ထပ် ဖောက်ပြန်ကြပြီ။
သူတို့၌ အပြစ်တင်တော်မမူပါစေနှင့်။ လူအပေါင်းတို့သည် စွန့်ပစ်ကြသော်လည်း၊ ဒေသနာတော်ကို အကုန်အစင်ဟောပြော၍၊ ခပ်သိမ်းသောလူမျိုးတို့သည် ကြားသိစေခြင်းငှာ၊ သခင်ဘုရားသည် ငါ့ဘက်၌နေ၍ ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသောကြောင့်၊ ခြင်္သေ့ခံတွင်းမှ ကယ်နုတ်ခြင်းချမ်းသာကို ငါရ၏။-
သင်အကျင့်ကျင့်ခြင်းကိုလည်းကောင်း၊ စာတန်၏ ရာဇပလ္လင်ရှိရာ အရပ်တည်းဟူသော သင်၏နေရာအရပ်ကိုလည်းကောင်း ငါသိ၏။ စာတန်၏ နေရာအရပ်၌ သင်တို့တွင် အသေသတ်ခြင်းကိုခံရသော အန္တိပသည် သစ္စာရှိ၍ ငါ့ဘက်၌သက်သေခံရသော နေ့ရက်ကာလတွင်ပင်၊ သင်သည် ငါ၏နာမကို စွဲကိုင်၏။ ငါ၏ယုံကြည်ခြင်းတရားကို မစွန့်မပယ်။-