Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဗျာ​ဒိတ် 13:1

Judson Bible

ပင်​လယ်​နား၌ သဲ​ပေါ်​မှာ ငါ​ရပ်၍၊ သား​ရဲ တစ်​ကောင်​သည် ခေါင်း​ခု​နစ်​လုံး၊ ချို​ဆယ်​ချောင်း​နှင့်​တ​ကွ ချို​ပေါ်၌ သ​ရ​ဖူ​ဆယ်​ဆူ​ကို ဆောင်း​လျက်၊ ခေါင်း​ပေါ်၌​လည်း ဘု​ရား​သ​ခင်၏ အ​သ​ရေ​တော်​ကို ရှုတ်​ချ​သော နာ​မ​ရှိ​လျက်၊ ပင်​လယ်​ထဲ​က​တက်​သည်​ကို မြင်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပင်​လယ်​မ​လွန်​နိုင်​အောင် ဆီး​တား​ဖို့​ရာ သဲ​ကို ထာ​ဝ​ရ​အ​ပိုင်း​အ​ခြား​ခန့်​ထား​သော​ငါ​ကို သင်​တို့​သည် မ​ကြောက်​ကြ​သ​လော။ ငါ၏​ရှေ့​တော်၌ မ​တုန်​လှုပ်​ကြ​သ​လော။ ပင်​လယ်​လှိုင်း​တံ​ပိုး​တို့​သည် ထ၍​မ​နိုင်၊ ဟုန်း၍ မ​ကျော်​မ​လွန်​နိုင်​သော်​လည်း၊

ရှင်​ဘု​ရင်​တစ်​ပါး​သည် မိ​မိ​အ​လို​အ​လျောက်​ပြု၍၊ ဘု​ရား​အ​ပေါင်း​တို့​ထက် ကိုယ်​ကို​ကိုယ် ချီး​ပင့်​မြှောက်​စား​လျက်၊ ဘု​ရား​တို့၏​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု၍ အံ့​ဖွယ်​သော​စ​ကား​ကို ပြော​လိမ့်​မည်။ ဒေါ​သ​အ​မျက် စေ့​စုံ​သည် ကာ​လ​တိုင်​အောင် ကောင်း​စား​လိမ့်​မည်။ စီ​ရင်​ဆုံး​ဖြတ်​သ​မျှ​အ​တိုင်း ဖြစ်​ရ​လိမ့်​မည်။

ရုပ်​တု၏​ခြေ​နှင့် ခြေ​ချောင်း​တို့​သည် သ​ရွတ်​တစ်​ပိုင်း သံ​တစ်​ပိုင်း​ရှိ​သည်​ကို မြင်​တော်​မူ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း​ကွဲ​ပြား​သော နိုင်​ငံ​ဖြစ်​လိမ့်​မည်။ သို့​သော်​လည်း ဖုတ်​သော​သ​ရွတ်​နှင့် သံ​ရော​နှော​သည်​ကို မြင်​တော်​မူ​သည်​ဖြစ်၍၊ သံ​သည် ခိုင်​မာ​ခြင်း​သ​တ္တိ ရှိ​လိမ့်​မည်။

သူ​တို့​သည် သက်​သေ​ခံ​ပြီး​သော​အ​ခါ၊ အ​နက်​ဆုံး​သော​တွင်း​ထဲ​က တက်​သော သား​ရဲ​သည် သူ​တို့​ကို စစ်​တိုက်၍ အောင်​လိမ့်​မည်။ အ​သက်​ကို​သတ်​ပြီး​မှ၊-

ကောင်း​ကင်၌ အ​ခြား​သော နိ​မိတ်​လ​က္ခ​ဏာ ပေါ်​လာ​သည်​ကား၊ အ​ဆင်း​နီ​သော န​ဂါး​ကြီး​သည် ခေါင်း​ခု​နစ်​လုံး၊ ချို​ဆယ်​ချောင်း​နှင့်​တ​ကွ ခေါင်း​ပေါ်၌ သ​ရ​ဖူ​ခု​နစ်​ဆူ​ကို ဆောင်း​လျက်​ရှိ၏။-

အ​ခြား​သော သား​ရဲ​တစ်​ကောင်​သည်၊ သိုး​သ​ငယ်၏ ချို​နှင့်​တူ​သော ချို​နှစ်​ချောင်း​ရှိ၍၊ န​ဂါး​ကဲ့​သို့ စ​ကား​ပြော​လျက်၊ မြေ​ကြီး​ထဲ​က ထွက်​သည်​ကို ငါ​မြင်၏။-

ပ​ထ​မ​သား​ရဲ​ရှေ့၌ ပြ​ပိုင်​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​အား​ဖြင့် မြေ​ကြီး​သား​တို့​ကို လှည့်​ဖြား၏။ ဓား​နှင့် ခုတ်​သော​ဒဏ်​ချက်​ကို ခံ​ရ၍ အ​သက်​ရှင်​သေး​သော သား​ရဲ၏ ရုပ်​တု​ကို လုပ်​စေ​ခြင်း​ငှာ မြေ​ကြီး​သား​တို့​ကို မှာ​ထား၏။-

သား​ရဲ၏ ရုပ်​တု​သည် စ​ကား​ပြော​နိုင်​မည် အ​ကြောင်း​နှင့်၊ မိ​မိ​ကို မ​ကိုး​ကွယ်​သော​သူ ရှိ​သ​မျှ​တို့​ကို သတ်​ခြင်း​ငှာ ပြု​နိုင်​မည်​အ​ကြောင်း၊ ရုပ်​တု၌ အ​သက်​ကို သွင်း​ပေး​ရ​သော အ​ခွင့်​ကို​လည်း​ရ၏။-

မီး​နှင့်​ရော​သော ဖန်​ရေ​ကန်​ကဲ့​သို့ ရှိ​သည်​ကို​လည်း မြင်​ရ၏။ သား​ရဲ​နှင့်​လည်း​ကောင်း၊ သူ၏ ရုပ်​တု​နှင့်​လည်း​ကောင်း၊ သူ၏​နာ​မ အ​ရေ​အ​တွက်​နှင့်​လည်း​ကောင်း၊ လွတ်၍ အောင်​မြင်​သော သူ​တို့​သည်၊ ဘု​ရား​သ​ခင်၏ စောင်း​တော်​တို့​ကို ကိုင်​လျက်၊ ဖန်​ရေ​ကန်​နား​မှာ ရပ်​နေ​ကြ​သည်​ကို မြင်​ရ၏။-

ထို​အ​ခါ၊ န​ဂါး၏ ခံ​တွင်း​ထဲ​က​လည်း​ကောင်း၊ သား​ရဲ၏ ခံ​တွင်း​ထဲ​က​လည်း​ကောင်း၊ မိ​စ္ဆာ​ပ​ရော​ဖက်၏ ခံ​တွင်း​ထဲ​က​လည်း​ကောင်း၊ ဖား​ကောင်​ကဲ့​သို့ ညစ်​ညူး​သော ဝိ​ညာဉ်​သုံး​ပါး​ထွက်​သည်​ကို ငါ​မြင်၏။-

ယ​ခု​မြင်​သော ချို​ဆယ်​ချောင်း​နှင့် သား​ရဲ​သည် ပြည့်​တန်​ဆာ​ကို မုန်း၍ သူ၏​စည်း​စိမ်​ကို ဖျက်​ဆီး​လိမ့်​မည်။ သူ၏​အ​ဝတ်​တန်​ဆာ​ကို ချွတ်၍ သူ၏​အ​သား​ကို ကိုက်​စား​လိမ့်​မည်။-

ငါ့​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် တော​သို့​ဆောင်​သွား​လေ၏။ ခေါင်း​ခု​နစ်​လုံး​နှင့် ချို​ဆယ်​ချောင်း​ရှိ၍၊ ဘု​ရား​သ​ခင်၏ အ​သ​ရေ​တော်​ကို ရှုတ်​ချ​သော နာ​မ​တို့​နှင့်​အ​ပြည့်​ရှိ​သော သား​ရဲ​နီ​အ​ပေါ်​မှာ ထိုင်​လျက်​ရှိ​သော မိန်း​မ​တစ်​ဦး​ကို ငါ​မြင်၏။-

န​ဖူး၌ အ​က္ခ​ရာ​တင်​သော ဘွဲ့​မူ​ကား၊ နက်​နဲ​သော​အ​ရာ၊ ဗာ​ဗု​လုန်​မြို့​ကြီး၊ ပြည့်​တန်​ဆာ​တို့၏ အ​မိ၊ မြေ၌ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​ရာ​တို့၏​အ​မိ ပေ​တည်း။-

သား​ရဲ​မှ​စ၍ လော​ကီ​ရှင်​ဘု​ရင်​တို့​နှင့် သူ​တို့၏ ဗိုလ်​ခြေ​များ​တို့​သည်၊ မြင်း​စီး​တော်​မူ​သော​သူ​နှင့် ဗိုလ်​ခြေ​တော်​ကို စစ်​တိုက်​ခြင်း​ငှာ စည်း​ဝေး​ကြ​သည်​ကို ငါ​မြင်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ