Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 13:3

Judson Bible

သား​ရဲ၏ ခေါင်း​တစ်​လုံး​သည် သေ​အောင် ကွပ်​မျက်​ပြီး​သ​ကဲ့​သို့ ဖြစ်၍၊ သေ​စေ​သော​ဒဏ်​ချက်​သည် ပျောက်​လျက်​ရှိ၏။ မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် သား​ရဲ​နောက်​သို့ လိုက်၍ အံ့​ဩ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို ငါ​ခိုင်​မာ​စေ၍၊ ငါ့​ဓား​ကို သူ့​လက်၌ အပ်​မည်။ ဖာ​ရော​မင်း၏ လက်​ရုံး​တို့​ကို ငါ​ချိုး​သ​ဖြင့်၊ သူ​သည် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော​သူ အော်​ဟစ်​သ​ကဲ့​သို့၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ရှေ့​မှာ အော်​ဟစ်​ရ​လိမ့်​မည်။

ထို​အ​ခါ တစ်​နိုင်​ငံ​လုံး​ကို စာ​ရင်း​ယူ​စေ​ခြင်း​ငှာ ကဲ​သာ​ဘု​ရင် ဩ​ဂု​တ္တု​သည် အ​မိန့်​တော်​ရှိ၏။-

ဖာ​ရိ​ရှဲ​အ​ချင်း​ချင်း​တို့​လည်း၊ သင်​တို့​သည် အ​လျှင်း​မ​တတ်​နိုင်။ ဤ​လော​က​သည် ထို​သူ​နောက်​သို့ လိုက်​သွား​ပါ​ပြီ​တ​ကား​ဟု ပြော​ဆို​ကြ၏။

ရှိ​မုန်​သည်​လည်း ကိုယ်​တိုင်​ယုံ​ကြည်​သည်​ဖြစ်၍ ဗ​တ္တိ​ဇံ​ကို​ခံ​ပြီး​မှ ဖိ​လိ​ပ္ပု​ထံ၌​မှီ​ဝဲ​ဆည်း​ကပ်​သ​ဖြင့်၊ ထူး​ဆန်း​သော တန်​ခိုး​ကြီး​သော နိ​မိတ်​လ​က္ခ​ဏာ​များ​ကို မြင်၍ မိန်း​မော​တွေ​ဝေ​လျက် ရှိ​လေ၏။

ထို​သား​ရဲ​သည် သူ့​အ​ရင်​ဖြစ်​သော ပ​ထ​မ​သား​ရဲ၏ အာ​ဏာ​စက်​ရှိ​သ​မျှ​ကို သုံး​စွဲ၏။ သေ​စေ​သော ဒဏ်​ချက် ပျောက်​ခဲ့​ပြီး​သော ပ​ထ​မ​သား​ရဲ​ကို မြေ​ကြီး​မှ​စ၍ မြေ​ကြီး​သား​တို့​သည် ကိုး​ကွယ်​စေ​ခြင်း​ငှာ ပြု၏။-

ပ​ထ​မ​သား​ရဲ​ရှေ့၌ ပြ​ပိုင်​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​အား​ဖြင့် မြေ​ကြီး​သား​တို့​ကို လှည့်​ဖြား၏။ ဓား​နှင့် ခုတ်​သော​ဒဏ်​ချက်​ကို ခံ​ရ၍ အ​သက်​ရှင်​သေး​သော သား​ရဲ၏ ရုပ်​တု​ကို လုပ်​စေ​ခြင်း​ငှာ မြေ​ကြီး​သား​တို့​ကို မှာ​ထား၏။-

ရှင်​ဘု​ရင်​ခု​နစ်​ပါး​လည်း ဖြစ်၏။ ငါး​ပါး​ကျ​ပြီး၊ တစ်​ပါး​ရှိ​သေး၏။ တစ်​ပါး ဖြစ်​လေ​ဦး​မည်။ ဖြစ်​သော​အ​ခါ တစ်​ခ​ဏ​သာ​တည်​လိမ့်​မည်။-

ဖြစ်​ဖူး၍ ဖြစ်​ဆဲ​မ​ရှိ​သော သား​ရဲ​သည် ရှစ်​ပါး​မြောက်​သော ရှင်​ဘု​ရင်​ဖြစ်၏။ ခု​နစ်​ပါး​အ​ဝင်​လည်း ဖြစ်၏။ ဖျက်​ဆီး​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်။-

ထို​သူ​တို့​သည် သ​ဘော​တူ၍ မိ​မိ​တို့​တန်​ခိုး အာ​ဏာ​စက်​ကို သား​ရဲ၌ အပ်​ပေး​ကြ​လိမ့်​မည်။-

သူ၏​ကိုယ်​ကို​လည်း မီး​ရှို့​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ နှုတ်​က​ပတ်​တော် မ​ပြည့်​စုံ​မီ​တိုင်​အောင် သ​ဘော​တူ၍ မိ​မိ​တို့​နိုင်​ငံ​များ​ကို သား​ရဲ၌ အပ်​ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​သည် သူ​တို့၌ အ​ကြံ​ပေး​တော်​မူ၏။-

ထို​မိန်း​မ​သည် သန့်​ရှင်း​သူ​တို့၏ အ​သွေး၊ ယေ​ရှု၏ သက်​သေ​ခံ​တို့၏ အ​သွေး​နှင့် ယစ်​မူး​သည်​ကို ငါ​မြင်၏။ ထို​သို့​မြင်​သော​အ​ခါ အ​လွန်​အံ့​ဩ​မိန်း​မော၍ နေ၏။

ယ​ခု​မြင်​သော သား​ရဲ​သည် ဖြစ်​ဖူး​ပြီ၊ ဖြစ်​ဆဲ​မ​ရှိ၊ အ​နက်​ဆုံး​သော တွင်း​ထဲ​က​တက်၍ ဖျက်​ဆီး​ခြင်း​သို့ ရောက်​လိမ့်​မည်။ က​မ္ဘာ​ဦး​က​ပင် အ​သက်​စာ​စောင်၌ စာ​ရင်း​မ​ဝင်​သော မြေ​ကြီး​သား​တို့​သည် ဖြစ်​ဖူး၍၊ ဖြစ်​ဆဲ​မ​ရှိ၊ ဖြစ်​လ​တ္တံ့​သော​သား​ရဲ​ကို မြင်​ရ​သော​အ​ခါ၊ အံ့​ဩ​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ