Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 10:3

Judson Bible

ခြင်္သေ့​ဟောက်​သ​ကဲ့​သို့ ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​လေ၏။ ကြွေး​ကြော်​ပြီး​မှ မိုး​ကြိုး​သံ ခု​နစ်​ချက်​မြည်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏​အ​သံ​တော်​သည် သ​မု​ဒ္ဒ​ရာ​ပေါ်​မှာ ရှိ​တော်​မူ၏။ ဘုန်း​ကြီး​တော်​မူ​သော ဘု​ရား​သ​ခင်​သည် မိုး​ချုန်း​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် များ​စွာ​သော​ရေ​ပေါ်​မှာ ရှိ​တော်​မူ၏။

ရှင်​ဘု​ရင်၏​အ​မျက်​တော်​သည် ခြင်္သေ့​ဟောက်​သ​ကဲ့​သို့ ဖြစ်၏။ ကျေး​ဇူး​တော်​မူ​ကား၊ မြက်​ပေါ်​မှာ​ကျ​သော နှင်း​ရည်​ကဲ့​သို့ ဖြစ်၏။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား မိန့်​တော်​မူ​သည်​ကား၊ ခြင်္သေ့​နှင့် ခြင်္သေ့​သ​ငယ်​သည် လု​ယူ​ရာ အ​ကောင်​ပေါ်​မှာ နေ​သော​အ​ခါ၊ သိုး​ထိန်း​အ​လုံး​အ​ရင်း၏ ဆီး​တား​အော်​ဟစ်​ခြင်း​ကို မ​ကြောက်၊ သူ​တို့​ပြု​သော အ​သံ​ဗ​လံ​အား​ဖြင့် အ​ရှုံး​မ​ခံ​သ​ကဲ့​သို့၊ ထို​နည်း​တူ၊ ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​တောင်​တော်​တည်း​ဟူ​သော ဇိ​အုန်​တောင်​တော်​ဘက်​မှာ စစ်​တိုက်​ခြင်း​ငှာ ဆင်း​သက်​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် သူ​ရဲ​ကဲ့​သို့ ထွက်​ကြွ၍၊ စစ်​သူ​ရဲ​ကဲ့​သို့ ကိုယ်​စိတ်​ကို ကိုယ်​နှိုး​ဆော်​တော်​မူ​လိမ့်​မည်။ အော်​ဟစ်​ကြွေး​ကြော်၍ ရန်​သူ​တို့​တစ်​ဖက်၌ အား​ထုတ်​တော်​မူ​လိမ့်​မည်။

သူ​တို့​အ​သံ​ဗ​လံ​သည် ခြင်္သေ့​ဟောက်​သံ​နှင့်​တူ၍၊ ခြင်္သေ့​ပျို​ကဲ့​သို့ ဟောက်​ကြ​လိမ့်​မည်။ ဟောက်​လျက် အ​ကောင်​ကို​ဖမ်း၍ ဆောင်​သွား​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​ရ။

ထို​ကြောင့်၊ သင်​သည် ပ​ရော​ဖက်​ပြု​လျက် သူ​တို့​အား ဟော​ပြော​ရ​သော​စ​ကား​များ ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မြင့်​သော​အ​ရပ်​က ကြွေး​ကြော်​တော်​မူ​မည်။ သန့်​ရှင်း​သော ဘုံ​ဗိ​မာန်​တော်​က အ​သံ​ကို လွှင့်​တော်​မူ​မည်။ ကျိန်း​ဝပ်​တော်​မူ​ရာ အ​ရပ်​ဌာ​န တစ်​ဖက်၌ ပြင်း​စွာ ကြွေး​ကြော်​တော်​မူ​မည်။ စ​ပျစ်​သီး​ကို နင်း​နယ်​သော​သူ​များ အော်​ဟစ်​သ​ကဲ့​သို့၊ မြေ​ကြီး​သား​များ တစ်​ဖက်၌ အော်​ဟစ်​တော်​မူ​မည်။

အ​န​န္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင် မိန့်​မြွက်​တော်​မူ​သော အ​သံ​ကဲ့​သို့ ခေ​ရု​ဗိမ်​အ​တောင်​တို့၏ အ​သံ​ကို​ကြား​ရ၏။

သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နောက်​တော်​သို့ လိုက်​ကြ​လိမ့်​မည်။ ခြင်္သေ့​ကဲ့​သို့ ဟောက်​တော်​မူ​မည်။ ဟောက်​တော်​မူ​သော​အ​ခါ သား​သ​မီး​တို့​သည် အ​နောက်​မျက်​နှာ​မှ အ​လျင်​အ​မြန် ပြေး​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဇိ​အုန်​တောင်​ပေါ်​က ကြွေး​ကြော်၍၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က အ​သံ​ကို​လွှင့်​တော်​မူ​သ​ဖြင့်၊ မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​သည် တုန်​လှုပ်​လိမ့်​မည်။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့၏​ခို​လှုံ​ရာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​စွမ်း​သ​တ္တိ ဖြစ်​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ပေါ်​က ကြွေး​ကြော်၍၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က အ​သံ​ကို​လွှင့်​တော်​မူ​သော​ကြောင့်၊ သိုး​ထိန်း​နေ​ရာ​တို့​သည် ညှိုး​ငယ်၍၊ က​ရ​မေ​လ​တောင်​ထိပ်​သည် နွမ်း​ရိ​လိမ့်​မည်။

ခြင်္သေ့​ဟောက်​သော​အ​ခါ၊ အ​ဘယ်​သူ​မျှ မ​ကြောက်​မ​လန့်​ဘဲ​နေ​လိမ့်​မည်​နည်း။ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​အ​ခါ၊ အ​ဘယ်​သူ​သည် ပ​ရော​ဖက်​မ​ပြု​ဘဲ​နေ​လိမ့်​မည်​နည်း။

သ​မု​ဒ္ဒ​ရာ​ရေ​သံ၊ ကြီး​စွာ​သော မိုး​ကြိုး​သံ​ကဲ့​သို့ ကောင်း​ကင်​က အ​သံ​ကို ငါ​ကြား၏။ ထို​သို့ ငါ​ကြား​သော အ​သံ​သည် စောင်း​သ​မား​များ စောင်း​တီး​သော အ​သံ​ကဲ့​သို့​ဖြစ်၏။-

တစ်​ဖန်​တုံ၊ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​ကို ပြီး​စီး​စေ​သော နောက်​ဆုံး​ဘေး​ဒဏ် ခု​နစ်​ပါး​ရှိ​သော ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး တည်း​ဟူ​သော၊ ကောင်း​ကင်၌ အံ့​ဖွယ်​သော​နိ​မိတ်​ကြီး အ​ခြား​တစ်​ပါး​ကို ငါ​မြင်​ရ၏။-

သ​တ္တ​ဝါ​လေး​ပါး​တွင် တစ်​ပါး​သည် က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ အ​မျက်​တော်​နှင့် ပြည့်​သော ရွှေ​ဖ​လား​ခု​နစ်​လုံး​ကို ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​တို့​အား ပေး၏။-

ပ​လ္လင်​တော်​ထဲ​က လျှပ်​စစ်​ပြက်၏။ စ​ကား​ပြော​သံ၊ မိုး​ကြိုး​သံ​လည်း မြည်၏။ ပ​လ္လင်​တော်​ရှေ့၌ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​ခု​နစ်​ပါး​တည်း​ဟူ​သော မီး​ခွက်​ခု​နစ်​လုံး​တို့​သည် ထွန်း​လျက်​ရှိ​ကြ၏။-

ကောင်း​ကင်​တ​မန်​သည် လင်​ပန်း​ကို​ယူ၍ ယဇ်​ပ​လ္လင်၏ မီး​နှင့်​ပြည့်​စေ​ပြီး​မှ၊ မြေ​ကြီး​အ​ပေါ်​သို့ ချ​လိုက်​သည်​ဖြစ်၍၊ အ​သံ​မြည်​ခြင်း၊ မိုး​ချုန်း​ခြင်း၊ လျှပ်​စစ်​ပြက်​ခြင်း၊ မြေ​ကြီး​လှုပ်​ခြင်း​ဖြစ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ