Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 10:4

Judson Bible

မိုး​ကြိုး​သံ ခု​နစ်​ချက်​မြည်​ပြီး​မှ ငါ​သည်​ရေး​မှတ်​မည်​ဟု အား​ထုတ်​သော်၊ ကောင်း​ကင်​မှ ထွက်​သော​အ​သံ​ကား၊ မိုး​ကြိုး​သံ​ခု​နစ်​ချက် မြည်​သော​အ​ရာ​ကို တံ​ဆိပ်​ခတ်​လော့။ မ​ရေး​မ​မှတ်​နှင့်​ဟု ဆို​သည်​ကို ငါ​ကြား၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဗျာ​ဒိတ်​တော်​ရှိ​သ​မျှ​သည် တံ​ဆိပ်​ခတ်​သော​စာ​ကဲ့​သို့ သင်​တို့၌ ဖြစ်၏။ ထို​စာ​သည် စာ​တတ်​သော​သူ​အား​ပေး၍၊ ဤ​စာ​ကို ဖတ်​ပါ​လော့​ဟု ဆို​လျှင်၊ ထို​သူ​က၊ ဤ​စာ​ကို ငါ​မ​ဖတ်​နိုင်။ တံ​ဆိပ်​ခတ်​လျက်​ရှိ၏​ဟု ပြန်​ပြော​တတ်၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ကြီး​သော ကျောက်​သင်​ပုန်း​ကို​ယူ​ပြီး​လျှင်၊ အ​သော့​လု​ယက် မြန်​မြန်​ဖျက်​လော့​ဟု ဆို​လို​သော၊ မ​ဟေ​ရ​ရှာ​လ​လ​ဟာ​ရှ​ဗတ်​ဟူ​သော အ​က္ခ​ရာ​စာ​လုံး​ကို လူ​ဘာ​သာ​အား​ဖြင့် ရေး​ထား​လော့​ဟု ငါ့​အား မိန့်​တော်​မူ၏။

ဤ​သက်​သေ​ခံ​ချက်​ကို ငါ့​တ​ပည့်​တို့​တွင် ထုပ်​ထား၍၊ ပ​ညတ်​တ​ရား​ကို တံ​ဆိပ်​ခတ်​လော့​ဟု မိန့်​တော်​မူ၏။

သင်​ဒံ​ယေ​လ​မူ​ကား၊ အ​မှု​ကုန်​ရ​သည် ကာ​လ​တိုင်​အောင်၊ ဤ​စ​ကား​တော်​တို့​ကို ပိတ်၍ စာ​စောင်​ကို တံ​ဆိပ်​ခတ်​ထား​လော့။ အ​များ​သော သူ​တို့​သည် ထို​စာ​ကို ကြည့်​ရှု​သော​အား​ဖြင့် ပ​ညာ​တိုး​ပွား​လိမ့်​မည်​ဟု ပြော​ဆို၏။

ထို​သူ​က ဒံ​ယေ​လ၊ သင်​သွား​လော့။ ထို​စ​ကား​သည် အ​မှု​ကုန်​ရ​သည် ကာ​လ​တိုင်​အောင် ပိတ်၍ တံ​ဆိပ်​ခတ်​ထား​လျက် ရှိ၏။

ညဉ့်ဦး​နှင့် နံ​နက်​ကို ဖော်​ပြ​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​စ​ကား မှန်​သည်​ဖြစ်၍ ထို​စ​ကား​ကို တံ​ဆိပ်​ခတ်​ထား​လော့။ တာ​ရှည်​သော ကာ​လ​တိုင်​တိုင် တည်​လိမ့်​မည်​ဟု ဆို၏။

မ​ထင်​ရှား​သော​အ​ရာ​တို့​သည်၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အ​ငန်း​အ​တာ​ဖြစ်​ကြ၏။ ဖော်​ပြ​တော်​မူ​သော​အ​ရာ​တို့​သည် ကာ​လ​အ​စဉ်​မ​ပြတ် ငါ​တို့​နှင့် ငါ​တို့​သား​သ​မီး​များ​တို့၏​အ​ငန်း​အ​တာ​ဖြစ်၍၊ ဤ​ပ​ညတ်​တ​ရား​စ​ကား​အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​ရ​မည်​အ​ကြောင်း​တည်း။

မြည်​သော​အ​ချက်​ဟူ​မူ​ကား၊ သင်​သည် မြင်​သော​အ​ရာ​ကို စာ​စောင်၌​ရေး​ထား၍၊ ဧ​ဖက်​မြို့၊ စ​မု​ရ​န​မြို့၊ ပေ​ရ​ဂံ​မြို့၊ သွာ​တိ​ရ​မြို့၊ သာ​ဒိ​မြို့၊ ဖိ​လ​ဒေ​လ​ဖိ​မြို့၊ လော​ဒိ​ကိ​မြို့၌​ရှိ​သော အ​သင်း​တော်​ခု​နစ်​ပါး​ထံ​သို့ ပေး​လိုက်​လော့​ဟု ဆို​သ​တည်း။

ထို​ကြောင့်၊ သင်​သည် မြင်​ပြီး​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ ယ​ခု​ရှိ​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ နောင်​ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့​ကို​လည်း​ကောင်း ရေး​ထား​လော့။-

ငါ​ကြား​ရ​သော ကောင်း​ကင်​အ​သံ​သည် တစ်​ဖန် ငါ့​အား​ပြော​သည်​ကား၊ မြေ​နှင့်​ပင်​လယ်​ပေါ်​မှာ ရပ်​နေ​သော ကောင်း​ကင်​တ​မန်၏ လက်၌ ဖွင့်​ထား​လျက်​ရှိ​သော စာ​စောင်​ငယ်​ကို သွား၍ ယူ​လော့​ဟု​ဆို​လျှင်၊-

တစ်​ဖန်​တုံ၊ ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ ဤ​စာ​စောင်၏ အ​နာ​ဂ​တ္တိ​စ​ကား​ကို တံ​ဆိပ်​မ​ခတ်​နှင့်။ အ​ကြောင်း​မူ​ကား၊ ကာ​လ​အ​ချိန် ရောက်​လု​နီး​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ