ဖွင့်ထားသော စာစောင်ငယ်ကို ကိုင်လျက်ရှိ၏။ လက်ယာခြေသည် ပင်လယ်ပေါ်မှာလည်းကောင်း၊ လက်ဝဲခြေသည် မြေကြီးပေါ်မှာလည်းကောင်း နင်း၍၊-
ငါ့ကိုတောင်းလော့။ လူအမျိုးမျိုးတို့ကို သင်၏အမွေဥစ္စာဖို့ ငါပေးမည်။ မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်သော အခွင့်ကိုလည်း ငါပေးမည်။
အကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ဘုရား၊ အကျွန်ုပ်တို့၏ ပတ္ထနာကိုနားထောင်၍ အံ့ဖွယ်သောအမှုတို့ကို တရားတော်နှင့်အညီ ပြတော်မူ၏။ ကိုယ်တော်သည် ဝေးစွာသောမြေကြီးစွန်းနှင့်၊ ပင်လယ်စွန်းတို့၌ နေသောသူတို့၏ ကိုးစားရာ ဖြစ်တော်မူ၏။
သို့ဖြစ်၍၊ အနောက်မျက်နှာသားတို့နှင့်၊ နေထွက်ရာအရပ်သားတို့သည် ထာဝရဘုရား၏နာမတော်နှင့် ဘုန်းတော်ကို ရိုသေကြလိမ့်မည်။ ရန်သူသည် ရေလွှမ်းမိုးသကဲ့သို့ဝင်သောအခါ၊ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဆီးတားတော်မူမည်။
ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။-
ထိုအခါ ငါမြင်၍ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်သည်၊ လက်ယာလက်ကို ကောင်းကင်သို့ချီပြီးလျှင်၊-
သိုးသငယ်သည် တံဆိပ်ခုနစ်ချက်တွင် တစ်ချက်ကိုဖွင့်သောအခါ ငါကြည့်လျှင်၊ မိုးကြိုးသံ မြည်သကဲ့သို့၊ သတ္တဝါလေးပါးတွင် တစ်ပါးက၊ လာ၍ ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။-
ဒုတိယတံဆိပ်ကို ဖွင့်သောအခါ၊ ဒုတိယ သတ္တဝါက၊ လာ၍ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။-