သင်သည် အထက်ကအသုံးမရသောသူ၊ ယခုတွင် ငါနှင့်သင်သည် အသုံးရသောသူ ဩနေသိမ်အဖို့ ငါတောင်းပန်ပါ၏။-
အသုံးမရသော ထိုငယ်သားကို ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ထုတ်ချလိုက်ကြဟု စီရင်တော်မူ၏။
ငါ့သားသည် အထက်ကသေ၏။ ယခု ရှင်ပြန်၏။ အထက်ကပျောက်၏။ ယခုပြန်တွေ့၏ဟု အစေအပါတို့ကို ဆိုပြီးမှ၊ ထိုသူအပေါင်းတို့သည် ပျော်မွေ့ခြင်းကို ပြုကြ၏။
သင်၏ညီမူကား အထက်ကသေ၏။ ယခုရှင်ပြန်၏။ အထက်ကပျောက်၏။ ယခုတွေ့ပြန်၏။ ထိုကြောင့် ပျော်မွေ့ဝမ်းမြောက်စရာအကြောင်း ရှိ၏၊ အဘဆိုသည်ဟု မိန့်တော်မူ၏။
ထိုနည်းတူ မှာထားတော်မူသမျှတို့ကို သင်တို့သည် ကျင့်ပြီးမှ၊ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါ ဖြစ်သည်မဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ဟု မိန့်တော်မူ၏။
လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူဖြစ်ကြပြီ။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ၊ တစ်ယောက်မျှမရှိ။-
လုကာတစ်ယောက်တည်းသာ ငါ့ထံမှာရှိ၏။ မာကုကို သင်နှင့်အတူခေါ်ခဲ့လော့။ သူသည် ဆရာအမှုကိုပြုရာမှာ ငါအကျိုးရှိ၏။-
ချည်နှောင်ခြင်းကိုခံစဉ်တွင် ငါဖြစ်ဖွားစေသော သားတည်းဟူသော၊-
ထိုသူကို သင့်ထံသို့ ငါပြန်စေသည်ဖြစ်၍၊ သူ့ကို ငါ့ရင်သွေးကဲ့သို့မှတ်လျက် လက်ခံလော့။-
အထက်က အပေါင်းအသင်းမဟုတ်၊ ယခုတွင် ဘုရားသခင်၏ အပေါင်းအသင်းဖြစ်ကြ၏။ ကရုဏာ ကျေးဇူးတော်ကို အထက်ကမခံရသော်လည်း ယခုတွင် ခံရကြ၏။