Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဖိ​လေ​မုန် 1:10

Judson Bible

ချည်​နှောင်​ခြင်း​ကို​ခံ​စဉ်​တွင် ငါ​ဖြစ်​ဖွား​စေ​သော သား​တည်း​ဟူ​သော၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​က​လည်း၊ ငါ့​မျက်​နှာ​ကို​ထောက်၍ ငါ့​သား​အ​ဗ​ရှ​လုံ​ကို ဖြည်း​ညင်း​စွာ​ပြု​ကြ​လော့​ဟု ယွာ​ဘ၊ အ​ဘိ​ရှဲ၊ အိ​တ္တဲ​တို့​ကို မှာ​ထား​တော်​မူ၏။ ထို​သို့ ရှင်​ဘု​ရင်​သည် အ​ဗ​ရှ​လုံ​အ​တွက် ဗိုလ်​မင်း​အ​ပေါင်း​တို့​ကို မှာ​ထား​တော်​မူ​သော​အ​ခါ၊ လူ​အ​ပေါင်း​တို့​သည် ကြား​ကြ၏။

လူ​အ​စု​အ​ဝေး၌​ပါ​သော သူ​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား၊ အ​သော​နတ်​အ​စွဲ​ခံ​ရ​သော အ​ကျွန်ုပ်၏​သား​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ပါ​ပြီ။-

ညီ​အစ်​ကို​တို့၊ အ​သက်​ရှင်​ခြင်း​လ​က္ခ​ဏာ၊ သန့်​ရှင်း​ခြင်း​လ​က္ခ​ဏာ၊ ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ဖွယ်​သော လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​သော​ယဇ်​ကို သင်​တို့​သည် ပူ​ဇော်၍၊ မိ​မိ​ကိုယ်​ခ​န္ဓာ​ကို ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ခြင်း​တည်း​ဟူ​သော သင်​တို့​ပြု​အပ်​သော​ဝတ်​ကို ပြု​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်၏ က​ရု​ဏာ​တော်​ကို ထောက်​ထား၍၊ သင်​တို့​ကို ငါ​တိုက်​တွန်း​နှိုး​ဆော်​ပေ၏။-

သင်​တို့​သည် ရှက်​စေ​ခြင်း​ငှာ ဤ​သို့​ငါ​ရေး​သည် မ​ဟုတ်။ သင်​တို့​ကို ချစ်​သား​ကဲ့​သို့​မှတ်၍ သ​တိ​ပေး၏။-

သင်​တို့​တွင် ခ​ရစ်​တော်၏​အ​ကြောင်း​ကို သင်​ပေး​သော ဆ​ရာ​တစ်​သောင်း​ရှိ​ငြား​သော်​လည်း၊ အ​ဘ​အ​များ မ​ရှိ။ ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ငါ​သည် သင်​တို့​ကို ယေ​ရှု​ခ​ရစ်၌ ဖြစ်​ပွား​စေ​ပြီ။-

ခ​ရစ်​တော်​သည် သင်​တို့​အ​ထဲ၌ တည်​လျက် ရှိ​တော်​မူ​သည်​တိုင်​အောင် သင်​တို့​အ​ဖို့ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ငါ​ခံ​ရ​သော ငါ့​ချစ်​သား​တို့၊-

ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ့​သား​စစ်​ဖြစ်​သော တိ​မော​သေ​ကို ကြား​လိုက်​ပါ၏။ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး၊ က​ရု​ဏာ၊ ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ​သော။

ဆက်​ဆံ​သော​ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ့​သား​စစ်​ဖြစ်​သော တိ​တု​ကို ကြား​လိုက်​ပါ၏။ ငါ​တို့​ကို​ကယ်​တင်​တော်​မူ​သော အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ခ​မည်း​တော် ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး၊ က​ရု​ဏာ၊ ငြိမ်​သက်​ခြင်း ရှိ​ပါ​စေ​သော။

သင်​သည် အ​ထက်​က​အ​သုံး​မ​ရ​သော​သူ၊ ယ​ခု​တွင် ငါ​နှင့်​သင်​သည် အ​သုံး​ရ​သော​သူ ဩ​နေ​သိမ်​အ​ဖို့ ငါ​တောင်း​ပန်​ပါ၏။-

ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့် ချည်​နှောင်​ခြင်း​ကို ငါ​ခံ​စဉ်​တွင်၊ သူ​သည် သင်၏​ကိုယ်​စား ငါ့​ကို ပြု​စု​စေ​မည်​အ​ကြောင်း၊ သူ့​ကို ငါ​ထား​ချင်​သော်​လည်း၊-

ငါ၏​သား​သ​မီး​တို့​သည် သ​မ္မာ​တ​ရား၌ ကျင်​လည်​သည်​ကို ငါ​ကြား၍ ဝမ်း​မြောက်​ခြင်း​ထက် သာ၍ ဝမ်း​မြောက်​ခြင်း​မ​ရှိ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ