Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဖိ​လေ​မုန် 1:12

Judson Bible

ထို​သူ​ကို သင့်​ထံ​သို့ ငါ​ပြန်​စေ​သည်​ဖြစ်၍၊ သူ့​ကို ငါ့​ရင်​သွေး​ကဲ့​သို့​မှတ်​လျက် လက်​ခံ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ကြည့်​ပါ။ ငါ့​ကိုယ်​ထဲ​က​ထွက်​သော ငါ့​သား​ရင်း​သည် ငါ့​အ​သက်​ကို​ရှာ၏။ ထို​ဗင်္ယာ​မိန်​အ​မျိုး​သား​သည် ထို​မျှ​မ​က အ​ခွင့်​ရှိ​လိမ့်​မည်။ သူ့​ကို ရှိ​ပါ​လေ​စေ။ ကျိန်​ဆဲ​ပါ​လေ​စေ။ ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​ပြီ။

ဧ​ဖ​ရိမ်​သည် ငါ၏​ချစ်​သား​ဖြစ်​သ​လော။ ချစ်​ဖွယ်​သော သူ​ငယ်​ဖြစ်​သ​လော။ သူ၏​အ​ကြောင်း​ကို ငါ​ပြော​လေ​ရာ​ရာ၌ ငါ​သည် အ​လွန်​တ​ရာ အောက်​မေ့​လျက်​နေ၏။ ထို​ကြောင့်၊ ငါ​သည် သူ့​အ​တွက် စိတ်​ကြင်​နာ​ခြင်း​ရှိ၏။ အ​ကယ်​စင်​စစ် သူ့​ကို​ငါ​ကယ်​မ​သ​နား​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

သင်​တို့​သည် ဆု​တောင်း​သော​အ​ခါ သူ​တစ်​ပါး၌ အ​ပြစ်​တင်​ခွင့်​ရှိ​လျှင်၊ သူ့​အ​ပြစ်​ကို လွှတ်​ကြ​လော့။ လွှတ်​လျှင် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။-

ထ၍ အ​ဘ​ထံ​သို့ သွား​လေ၏။ သွား၍ ဝေး​သေး​သော​အ​ခါ အ​ဘ​သည် သူ့​ကို​မြင်​လျှင်၊ သ​နား​သော စိတ်​ရှိ​သည်​နှင့် ပြေး​သွား၍ သား၏​လည်​ပင်း​ကို ပိုက်​ဖက်​လျက် နမ်း​ရှုပ်​လေ၏။-

အ​ချင်း​ချင်း ကျေး​ဇူး​ပြု​ခြင်း၊ သ​နား​စုံ​မက်​ခြင်း၊ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ကြောင့် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​သ​ကဲ့​သို့ အ​ချင်း​ချင်း အ​ပြစ်​လွှတ်​ခြင်း ရှိ​ကြ​လော့။

သင်၏​ညီ​အစ်​ကို​ရင်း၊ သင်၏​သား​သ​မီး၊ သင်၏​ရင်​ခွင်၌​နေ​သော​မ​ယား၊ ကိုယ်​ကဲ့​သို့​မှတ်​တတ်​သော အ​ဆွေ​ခင်​ပွန်း တစ်​စုံ​တစ်​ယောက်​က၊ သွား​ကြ​စို့။ သင်​လည်း မ​သိ၊ ဘိုး​ဘေး​တို့​လည်း​မ​သိ​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား၊

သင်​သည် အ​ထက်​က​အ​သုံး​မ​ရ​သော​သူ၊ ယ​ခု​တွင် ငါ​နှင့်​သင်​သည် အ​သုံး​ရ​သော​သူ ဩ​နေ​သိမ်​အ​ဖို့ ငါ​တောင်း​ပန်​ပါ၏။-

ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့် ချည်​နှောင်​ခြင်း​ကို ငါ​ခံ​စဉ်​တွင်၊ သူ​သည် သင်၏​ကိုယ်​စား ငါ့​ကို ပြု​စု​စေ​မည်​အ​ကြောင်း၊ သူ့​ကို ငါ​ထား​ချင်​သော်​လည်း၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ