Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 4:11

Judson Bible

ထို​သို့​ငါ​ဆို​သော်၊ ကိုယ်​တိုင်​ဆင်း​ရဲ​ခြင်း​ကို ရည်​မှတ်၍ ဆို​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် တွေ့​ကြုံ​သ​မျှ​သော အ​ခြင်း​အ​ရာ​တို့၌ ရောင့်​ရဲ​သော​စိတ် ရှိ​အံ့​သော​ငှာ သင်​မိ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ယာ​ကုပ်​က၊ ဘု​ရား​သ​ခင်​သည် ငါ့​ဘက်၌​ရှိ​လျက်၊ ငါ​ယ​ခု​သွား​ရာ​လမ်း​မှာ၊ ငါ့​ကို​စောင့်​မ၍ စား​စ​ရာ​အ​စား၊ ဝတ်​စ​ရာ​အ​ဝတ်​ကို ပေး​သ​နား​တော်​မူ​လျှင်​လည်း​ကောင်း၊

မော​ရှေ​သည် ထို​သူ​ထံ​မှာ​နေ၍​ပျော်​မွေ့​သ​ဖြင့်၊ သ​မီး​ဇိ​ပေါ​ရ​ကို​မော​ရှေ​အား ထိမ်း​မြား​ပေး​စား​လေ​၏။

စစ်​သူ​ရဲ​တို့​က​လည်း အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊ သင်​တို့​သည် အ​ဘယ်​သူ​ကို​မျှ အ​နိုင်​အ​ထက် မ​ပြု​ကြ​နှင့်။ အ​ဘယ်​သူ​ကို​မျှ မ​လျှပ်​ကြ​နှင့်။ ကိုယ်​ရ​သော​အ​ခ​နှင့် ရောင့်​ရဲ​ကြ​လော့​ဟု ပြန်​ပြော၏။

ပင်​ပန်း​စွာ အ​မှု​ဆောင်​ရွက်​ခြင်း၊ အ​ကြိမ်​များ​စွာ မ​အိပ်​ဘဲ​စောင့်​နေ​ခြင်း၊ မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ အ​ကြိမ်​ကြိမ်​အ​စာ​ရှောင်​ခြင်း၊ အ​ချမ်း​အ​အေး​ခံ​ရ​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း၊ ဤ​ဆင်း​ရဲ​ခြင်း​များ​ကို ငါ​ခံ​ခဲ့​ပြီ။

ဝမ်း​နည်း​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ အ​စဉ်​ဝမ်း​မြောက်​သော​သူ၊ ဆင်း​ရဲ​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ လူ​အ​များ​ကို ရ​တတ်​စေ​သော​သူ၊ ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပိုင်​သော​သူ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ အ​လုံး​စုံ​တို့​ကို​ပိုင်​သော​သူ ဖြစ်​သ​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​သော ဓ​မ္မ​ဆ​ရာ​မှန်​ကြောင်း​ကို အ​ရာ​ရာ၌ ထင်​ရှား​စွာ​ပြ၏။

အ​ကြောင်း​မူ​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် စည်း​စိမ်​ရှိ​သော်​လည်း၊ ဆင်း​ရဲ​တော်​မူ​ခြင်း​အား​ဖြင့် သင်​တို့​သည် စည်း​စိမ်​ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​အ​တွက်​ကြောင့် ဆင်း​ရဲ​ခြင်း​ကို​ခံ​တော်​မူ​သော ကျေး​ဇူး​တော်​ကို သင်​တို့​သိ​ကြ၏။

ကျမ်း​စာ​လာ​သည်​ကား၊ သူ​သည်​စွန့်​ကြဲ​ပြီ၊ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ကမ်း​ပြီ။-

ထို​မျှ​မ​က ငါ၏ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို​သိ​သော ပ​ညာ​သည် အ​ဘယ်​မျှ​လောက် မြတ်​သည်​ကို ထောက်၍၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ရှုံး​စေ​သော​အ​ရာ​ကဲ့​သို့ ငါ​ထင်​မှတ်၏။-

ထို​အ​ခါ သင်​တို့​သည် အ​ကျဉ်း​ခံ​ရ​သော သူ​တို့​အ​တွက်​ကြောင့် ကြင်​နာ​သော​စိတ် ရှိ​ရ​သည်​သာ​မ​က၊ ကိုယ်​ပ​စ္စည်း​ဥ​စ္စာ​များ​ကို သူ​တစ်​ပါး​လု​ယူ​ဖျက်​ဆီး​သော်​လည်း၊ ကိုယ်​သုံး​စ​ရာ​ဖို့ ကောင်း​ကင်​ဘုံ၌ သာ၍​မြတ်​သော အ​မြဲ​တည်​သော ဘ​ဏ္ဍာ​ရှိ​သည်​ကို​သိ၍၊ လု​ယူ​ဖျက်​ဆီး​ခြင်း​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် ဝန်​ခံ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ