ဖိလိပ္ပိ 4:10Judson Bibleယခု၌လည်း သင်တို့သည် ငါ့ကို ကြည့်ရှုပြုစုချင်သော စေတနာစိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍၊ ငါသည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ထိုစေတနာစိတ်သည် အထက်ကရှိသော်လည်း ပြုစုရသောအခွင့် မရှိပြီ။- အခန်းကိုကြည့်ပါ။ |
ငါသည် ဆုတောင်းပတ္ထနာပြုသော အခါခါ၊ ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိသမျှအဖို့ကို အစဉ် ဆုတောင်းပတ္ထနာပြုလျက်၊ သင်တို့ကို အောက်မေ့သောအခါခါ၊ သင်တို့သည် ရှေ့ဦးစွာသောနေ့ရက်မှစ၍ ယခုတိုင်အောင် ဧဝံဂလိတရားကို ဆက်ဆံ၍ ခံစားကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။-