Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 4:12

Judson Bible

ရှုတ်​ချ​ခြင်း​ကို​လည်း​ကောင်း၊ ကြွယ်​ဝ​ခြင်း​ကို​လည်း​ကောင်း၊ ခံ​တတ်၏။ ဝ​စွာ​စား​ခြင်း၊ မွတ်​သိပ်​ခြင်း၊ စည်း​စိမ်​ရှိ​ခြင်း၊ ဆင်း​ရဲ​ခြင်း​တို့​ကို ခံ​ရ​အံ့​သော​ငှာ၊ အ​ရပ်​ရပ်​တို့​တွင် အ​ရာ​ရာ၌ သင်​မိ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​အား သွန်​သင်​စ​ရာ​ဖို့ ကောင်း​သော​ဝိ​ညာဉ်​တော်​ကို ပေး​တော်​မူ၏။ သူ​တို့​စား​ရ​သော ကိုယ်​တော်၏​မ​န္န​ကို ရုပ်​သိမ်း​တော်​မ​မူ။ သူ​တို့ အ​ငတ်​ပြေ​စေ​ခြင်း​ငှာ၊ ရေ​ကို​လည်း ပေး​တော်​မူ၏။

ဤ​လူ​မျိုး၏​ဘာ​သာ​ဓ​လေ့​အ​တိုင်း၊ ငါ​မ​ကျင့်​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် တန်​ခိုး​ပြ​လျက်၊ ငါ့​ကို သွန်​သင်၍ မိန့်​တော်​မူ​သည်​ကား၊

ပြန်​လာ​သော​နောက်၊ အ​ကျွန်ုပ်​သည် အ​မှန်​နောင်​တ​ရ​ပါ၏။ ဆုံး​မ​တော်​မူ​ခြင်း​ကို ခံ​ရ​သော​နောက်၊ အ​ကျွန်ုပ်​သည် ကိုယ်​ပေါင်​ကို ရိုက်​ပါ၏။ အ​သက်​ငယ်​စဉ် ပြု​မိ​သော​အ​ပြစ်​ကြောင့် အ​သ​ရေ​ပျက်​ခြင်း​ကို ခံ​ရ​သ​ဖြင့်၊ ရှက်​ကြောက်၍ မှိုင်​တွေ​လျက်​ရှိ​ပါ၏​ဟု ကိုယ်​ကို အ​ပြစ်​တင်၍ မြည်​တမ်း​သော​စ​ကား​ကို ငါ​သည် ဆက်​ဆက်​ကြား​ရ​ပြီ။

ငါ့​ထမ်း​ပိုး​ကို တင်၍ ထမ်း​ကြ​လော့။ ငါ့​ထံ၌ နည်း​ခံ​ကြ​လော့။ ငါ​သည် နူး​ညံ့​သိမ်​မွေ့​နှိမ့်​ချ​သော စိတ်​သ​ဘော​ရှိ၏။ သင်​တို့​စိတ်​နှ​လုံး​သည် သက်​သာ​ခြင်း​ကို ရ​လိမ့်​မည်။-

ကိုယ်​တော်​က​လည်း၊ သို့​ဖြစ်၍ ကောင်း​ကင်​နိုင်​ငံ​တော်၏ အ​ကြောင်း​အ​ရာ​ကို သင်​ပြီး​သော​ကျမ်း​ဆ​ရာ မည်​သည်​ကား၊ မိ​မိ​ဘ​ဏ္ဍာ​ထဲ​က အ​ထူး​ထူး​အ​ပြား​ပြား​သော အ​သစ်​အ​ဟောင်း​တို့​ကို ထုတ်​ဖော်​သော​အိမ်​ရှင်​နှင့် တူ​သည်​ဟု မိန့်​တော်​မူ၏။

သင်​တို့၏​မျက်​မှောက်၌ နှိမ့်​ချ​ခြင်း၊ မျက်​ကွယ်၌ သင်​တို့​အ​မှု​ကို​စီ​ရင်၍ ရဲ​ရင့်​ခြင်း​ရှိ​သော ငါ​ပေါ​လု​သည်၊ ခ​ရစ်​တော်၏ နူး​ညံ့​သိမ်​မွေ့​ဖြည်း​ညင်း​တော်​မူ​ခြင်း​ကို အ​ကြောင်း​ပြု၍ သင်​တို့​ကို​တောင်း​ပန်​ပါ၏။-

အ​ကြောင်း​မူ​ကား၊ ထို​သူ၏​စာ​သည် လေး​လံ​သော​စာ၊ တန်​ခိုး​နှင့် ပြည့်​စုံ​သော​စာ ဖြစ်၏။ ကိုယ်​တိုင်​ရှိ​လျှင်​မူ​ကား၊ သ​တ္တိ​မ​ရှိ​သော​သူ၊ အ​ချည်း​နှီး​သော​စ​ကား​ကို ပြော​သော​သူ​ဖြစ်​သည်​ဟု ဆို​တတ်​သော​သူ​ရှိ၏။-

ပင်​ပန်း​စွာ အ​မှု​ဆောင်​ရွက်​ခြင်း၊ အ​ကြိမ်​များ​စွာ မ​အိပ်​ဘဲ​စောင့်​နေ​ခြင်း၊ မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ အ​ကြိမ်​ကြိမ်​အ​စာ​ရှောင်​ခြင်း၊ အ​ချမ်း​အ​အေး​ခံ​ရ​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း၊ ဤ​ဆင်း​ရဲ​ခြင်း​များ​ကို ငါ​ခံ​ခဲ့​ပြီ။

သင်​တို့​ကို ချီး​မြှောက်​ခြင်း​ငှာ၊ ကိုယ်​ကို​ကိုယ်​နှိမ့်​ချ​လျက်၊ ကျေး​ဇူး​ဆပ်​ခြင်း​ကို မ​ခံ​ဘဲ၊ သင်​တို့​အား ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သည်​အ​ရာ​မှာ ငါ​သည် အ​ပြစ်​ရှိ​သ​လော။-

သင်​တို့​နှင့်​အ​တူ​ရှိ​နေ၍ တစ်​စုံ​တစ်​ခု​ကို​လို​သော​အ​ခါ အ​ဘယ်​သူ​ကို​မျှ ငါ​မ​နှောင့်​ယှက်။ အ​ကြောင်း​မူ​ကား၊ မာ​ကေ​ဒေါ​နိ​ပြည်​က​လာ​သော ညီ​အစ်​ကို​တို့​သည် ငါ​လို​သ​မျှ​ကို​ပေး​ကြ၏။ သင်​တို့​ကို အ​လျှင်း​မ​နှောင့်​ယှက်​ဘဲ သ​တိ​နှင့်​နေ​ခဲ့​ပြီ။ နောင်၌​လည်း သ​တိ​နှင့်​နေ​ဦး​မည်။-

လူ​ဆိတ်​ညံ​သော​အ​ရပ်၊ သား​ရဲ​မြည်၍၊ လွတ်​လပ်​သော​တော​လွင်​ပြင်၌ ယာ​ကုပ်​ကို​တွေ့​တော်​မူ​သော​အ​ခါ ဝန်း​ရံ​ဆီး​ကာ​ခြင်း၊ သွန်​သင်​ခြင်း​ကျေး​ဇူး​ကို​ပြု၍ မျက်​ဆန်​တော်​ကဲ့​သို့ စောင့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ