Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 7:2

Judson Bible

သ​စ္စာ​ရှိ၍ ဘု​ရား​သ​ခင်​ကို အ​ထူး​သ​ဖြင့် ရို​သေ​သော ရဲ​တိုက်​မှူး​ဟာ​န​နိ​နှင့် ငါ့​ညီ​ဟာ​နန်​တို့၌ ယေ​ရု​ရှ​လင်​မြို့​ကို အပ်​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သုံး​ရက်​မြောက်​သော​နေ့၌ ယော​သပ်​သည်​သူ​တို့​ကို​ခေါ်၍၊ ငါ​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​ဖြစ်၏။ သို့​ဖြစ်၍ သင်​တို့​သည် အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ပြု​ရ​သော​အ​မှု​ဟူ​မူ​ကား၊

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ကျောက်​သည် ငါ့​အား​ဖြင့် မိန့်​မြွက်​တော်​မူ​သည်​ကား၊ လူ​တို့​ကို အုပ်​စိုး​သော​သူ​သည် တ​ရား​သ​ဖြင့်​စီ​ရင်၍ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​လျက် အုပ်​စိုး​ရ​မည်။

အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​မှ ထွက်​သွား၍ အာ​ဟပ်​မင်း​ထံ​မှာ​လျှောက်​စဉ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် အ​ကျွန်ုပ်​မ​သိ​သော​အ​ရပ်​သို့ ကိုယ်​တော်​ကို ဆောင်​သွား​တော်​မူ​လျှင်၊ အာ​ဟပ်​မင်း​သည် ကိုယ်​တော်​ကို​မ​တွေ့​နိုင်​သော​အ​ခါ အ​ကျွန်ုပ်​ကို သတ်​ပါ​လိမ့်​မည်။ ကိုယ်​တော်​ကျွန်​မူ​ကား၊ အ​သက်​ငယ်​စဉ်​ကာ​လ​မှ​စ၍ ထာ​ဝ​ရ​ဘု​ရား​ကို​ရို​သေ​ပါ​ပြီ။

အာ​ဟပ်​မင်း​သည် နန်း​တော်​အုပ်​ဩ​ဗ​ဒိ​ကို ခေါ်၏။ ထို​ဩ​ဗ​ဒိ​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​လွန်​ရို​သေ​သော​သူ​ဖြစ်၏။

ငါ့​ညီ ဟာ​နန်​နှင့် ယု​ဒ​လူ​အ​ချို့​တို့​သည် ရောက်​လာ၍၊ ငါ​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော ယု​ဒ​လူ​စု​ထဲ​က လွတ်​သော​သူ​တို့၏ အ​ကြောင်း​အ​ရာ​နှင့်၊ ယေ​ရု​ရှ​လင်​မြို့၏ အ​ကြောင်း​အ​ရာ​ကို​မေး​မြန်း​လျှင်၊

ဟော​ရှေ၊ ဟာ​န​နိ၊ ဟာ​ရှုပ်၊

ယဇ်​ပု​ရော​ဟိတ် ရှေ​လ​မိ၊ ကျမ်း​တတ် ဇာ​ဒုတ်၊ လေ​ဝိ​သား ပေ​ဒါ​ယ၊ သူ့​နောက် မဿ​နိ​သား​ဖြစ်​သော ဇ​က္ကု​ရ၏​သား ဟာ​နန်​တို့​ကို ဘ​ဏ္ဍာ​တော်​တိုက်​စိုး​အ​ရာ၌ ငါ​ခန့်​ထား၏။ ထို​သူ​တို့​သည် သ​စ္စာ​စောင့်​ခြင်း အ​သ​ရေ ရှိ​သည်​ဖြစ်၍၊ အ​မျိုး​သား​ချင်း​တို့​အား ဝေ​ဖန်​ရ​ကြ၏။

ဥ​ယျာဉ်​တော်​မှူး အာ​သပ်​သည် ဗိ​မာန်​တော်​ရဲ​တိုက်​တံ​ခါး​တိုင်​နှင့် တံ​ခါး​ထုပ်​ဖို့​လည်း​ကောင်း၊ မြို့​ရိုး​နှင့် ကျွန်​တော်​နေ​ရာ အိမ်​ဖို့​လည်း​ကောင်း၊ သစ်​ကို​ပေး​ရ​မည်​အ​ကြောင်း၊ အ​မိန့်​တော်​စာ​ကို​လည်း သ​နား​တော်​မူ​ပါ​ဟု တောင်း​လျှောက်​သည်​အ​တိုင်း၊ ငါ၏​ဘု​ရား​သ​ခင့် တန်​ခိုး​ကျေး​ဇူး​တော်​ကြောင့် ရှင်​ဘု​ရင်​သည် ပေး​သ​နား​တော်​မူ၏။

အ​ရင်​မြို့​ဝန်​တို့​ကို လူ​များ​တို့​သည် ကျွေး​ရ​ကြ၏။ မုန့်​နှင့်​စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ တစ်​နေ့​လျှင် ငွေ​လေး​ဆယ်​ကို​လည်း​ကောင်း ပေး​ရ​ကြ၏။ မင်း​လု​လင်၏ စေ​စား​ခြင်း​ကို​လည်း ခံ​ရ​ကြ၏။ ငါ​မူ​ကား ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​ကြောင့်၊ အ​ရင်​မြို့​ဝန်​ကဲ့​သို့ မ​ပြု။

နေ​မ​ထွက်​မီ ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​တို့​ကို မ​ဖွင့်​စေ​နှင့်။ တံ​ခါး​စောင့်​ရှိ​စဉ်၊ တံ​ခါး​တို့​ကို​ပိတ်၍ ကန့်​လန့်​ကျင်​ထိုး​စေ။ မြို့​သူ​မြို့​သား​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အ​ရပ် မိ​မိ​တို့​အိမ်​တစ်​ဖက်​တစ်​ချက်၌ ကင်း​စောင့်​စေ​ဟု စီ​ရင်၏။

ယော​ဘ​အ​မည်​ရှိ​သော​သူ တစ်​ယောက်​သည် ဥ​ဇ​ပြည်၌​နေ၏။ ထို​သူ​သည် စုံ​လင်​ဖြောင့်​မတ်​ခြင်း​ရှိ၏။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ၊ မ​ကောင်း​သော​အ​ကျင့်​ကို ရှောင်​သော​သူ​ဖြစ်၏။

သ​စ္စာ​ရှိ​သော ပြည်​သား​တို့​သည် ငါ့​ထံ​မှာ​နေ​မည်​အ​ကြောင်း သူ​တို့​ကို ငါ​ကြည့်​ရှု​မည်။ စုံ​လင်​သော​တ​ရား၌ ကျင်​လည်​သော​သူ​သည် ငါ၏​အ​မှု​ကို​ဆောင်​ရွက်​ရ​မည်။

ထို​မှ​တစ်​ပါး ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​လျက်၊ သ​စ္စာ​နှင့်​ပြည့်​စုံ​လျက်၊ လော​ဘ​ကို​ရွံ​ရှာ​လျက်၊ တတ်​စွမ်း​နိုင်​သော​သူ​တို့​ကို လူ​အ​ပေါင်း​တို့​အ​ထဲ​က ရွေး​ကောက်​၍၊ တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်​အ​ရာ၌ ခန့်​ထား​ရ​မည်။

ထို​အ​ခါ ဝန်​ကြီး​နှင့် မြို့​ဝန်​တို့​သည် ဒံ​ယေ​လ၌ အ​ပြစ်​တင်​ခွင့်​ကို​ရှာ၍၊ နိုင်​ငံ​တော်​အ​မှု​အ​ရေး​များ​ကို စစ်​ကြော​ကြ၏။ ဒံ​ယေ​လ​သည် သ​စ္စာ​နှင့်​ပြည့်​စုံ၍ အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​သော​ကြောင့်၊ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍​မ​တွေ့​ကြ​သည်​ရှိ​သော်၊

အိမ်​တော်​တစ်​အိမ်​လုံး၌ သ​စ္စာ​စောင့်​သော ငါ့​ကျွန်​မော​ရှေ​သည် ထို​သို့​မ​ဟုတ်။

အ​ရှင်​သည် မိ​မိ​အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​အား အ​ချိန်​တန်​လျှင် အ​စား​အ​သောက်​တို့​ကို ဝေ​ဖန်​စေ​ခြင်း​ငှာ အ​အုပ်​အ​ချုပ်​ခန့်​ထား၍၊ သ​စ္စာ​နှင့်​လည်း​ကောင်း၊ သ​တိ​ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော​ကျွန်​ကား အ​ဘယ်​သူ​နည်း။-

အ​ရှင်​က​လည်၊ သာ​ဓု၊ သ​စ္စာ​ရှိ​သော ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ များ​စွာ​သော အ​မှု​အ​ခွင့်​ကို သင်၌​ငါ​အပ်​ပေး​မည်။ သင်၏​သ​ခင်​နှင့်​အ​တူ စည်း​စိမ်​ကို ဝင်​စား​လော့​ဟု မိန့်​တော်​မူ၏။-

ထို​မှ​တစ်​ပါး၊ ဘ​ဏ္ဍာ​စိုး​မည်​သည်​ကား၊ သ​စ္စာ​ရှိ​ရ​မည်။-

သက်​သေ​ခံ​အ​များ​ရှိ​သည်​နှင့် ငါ့​ထံ၌​ကြား​ရ​ပြီး​သော အ​ရာ​တို့​ကို၊ သ​စ္စာ​နှင့်​ပြည့်​စုံ၍ သူ​တစ်​ပါး​တို့​ကို သွန်​သင်​ခြင်း​ငှာ၊ တတ်​စွမ်း​နိုင်​သော သူ​တို့၌ အပ်​ပေး​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ