Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 7:3

Judson Bible

နေ​မ​ထွက်​မီ ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​တို့​ကို မ​ဖွင့်​စေ​နှင့်။ တံ​ခါး​စောင့်​ရှိ​စဉ်၊ တံ​ခါး​တို့​ကို​ပိတ်၍ ကန့်​လန့်​ကျင်​ထိုး​စေ။ မြို့​သူ​မြို့​သား​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အ​ရပ် မိ​မိ​တို့​အိမ်​တစ်​ဖက်​တစ်​ချက်၌ ကင်း​စောင့်​စေ​ဟု စီ​ရင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

အ​ဖိတ်​နေ့​တွင် နေ​ရောင်​ကွယ်၍ ဥ​ပုသ်​နေ့​လွန်​သည်​တိုင်​အောင်၊ ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​တို့​ကို ပိတ်​ထား​ရ​မည်​အ​ကြောင်း စီ​ရင်၍၊ ဥ​ပုသ်​နေ့၌ ဝန်​များ​ကို မြို့​ထဲ​သို့ မ​သွင်း​စေ​ခြင်း​ငှာ မိ​မိ​ကျွန်​အ​ချို့​တို့​ကို တံ​ခါး​တို့၌ ခန့်​ထား၏။

သူ​တို့​နောက်​မှ၊ ဗင်္ယာ​မိန်​နှင့် ဟာ​ရှုပ်​သည် မိ​မိ​အိမ် တစ်​ဖက်​တစ်​ချက်၌ ပြင်​ကြ၏။ သူ​တို့​နောက်​မှ၊ အာ​န​နိ​သား​ဖြစ်​သော မာ​သေ​ယ၏​သား အာ​ဇ​ရိ​သည် မိ​မိ​အိမ် တစ်​ဖက်​တစ်​ချက်၌ ပြင်၏။

သ​စ္စာ​ရှိ၍ ဘု​ရား​သ​ခင်​ကို အ​ထူး​သ​ဖြင့် ရို​သေ​သော ရဲ​တိုက်​မှူး​ဟာ​န​နိ​နှင့် ငါ့​ညီ​ဟာ​နန်​တို့၌ ယေ​ရု​ရှ​လင်​မြို့​ကို အပ်​လျက်၊

အ​ကြောင်း​မူ​ကား၊ မြို့​သည် ကျယ်​ဝန်း​သော်​လည်း နေ​သော​သူ​နည်း၍ အိမ်​များ​တို့​ကို မ​တည်​မ​ဆောက်​ကြ​သေး။

ထာ​ဝ​ရ​ဘု​ရား​သည် အိမ်​ကို​ဆောက်​တော်​မ​မူ​လျှင်၊ ဆောက်​သော​သူ​တို့​သည် အ​ချည်း​နှီး​လုပ်​ဆောင်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မြို့​ကို​စောင့်​တော်​မ​မူ​လျှင်၊ ကင်း​စောင့်​တို့​သည် အ​ချည်း​နှီး​စောင့်​ကြ၏။

အ​ကြောင်း​မူ​ကား၊ သင်၏​တံ​ခါး​ကန့်​လန့်​တို့​ကို ခိုင်​မာ​စေ၍၊ သင်၏​အ​ထဲ​မှာ သား​သ​မီး​များ​ကို ကောင်း​ချီး​ပေး​တော်​မူ၏။

တော​ခွေး​စု​ထဲ​သို့ သိုး​တို့​ကို စေ​လွှတ်​သ​ကဲ့​သို့ သင်​တို့​ကို ငါ​စေ​လွှတ်၏။ ထို​ကြောင့် သင်​တို့​သည် မြွေ​ကဲ့​သို့ လိ​မ္မာ​လျက်၊ ချိုး​ငှက်​ကဲ့​သို့ အ​ဆိပ်​ကင်း​လျက် ရှိ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ