Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 7:1

Judson Bible

မြို့​ရိုး​ကို လက်​စ​သတ်​သော​အ​ခါ၊ ငါ​သည် တံ​ခါး​တို့​ကို ထူ​ထောင်၍ တံ​ခါး​စောင့်၊ သီ​ချင်း​သည်၊ လေ​ဝိ​သား​တို့​ကို ခန့်​ထား​ပြီး​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

မြို့​သို့​သွား၍ တံ​ခါး​ပြင်၌ ဟစ်​ခေါ်​လျက်၊ ငါ​တို့​သည် ရှု​ရိ​တပ်​သို့​ရောက်၍ အ​ဘယ်​သူ​ကို​မျှ​မ​တွေ့။ လူ​သံ​ကို​မ​ကြား။ မြင်း၊ မြည်း​တို့​ကို ချည်​နှောင်​လျက်၊ တဲ​များ​လည်း တတ်​တိုင်း​ရှိ​သည်​ကို​တွေ့​ပါ၏​ဟု ကြား​ပြော​သည်​အ​တိုင်း၊

ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​တို့​သည်၊ အ​သီး​အ​သီး​စောင့်​ရ​သော​အ​မှု​ကို အ​လှည့်​သင့်​သည်​အ​တိုင်း စောင့်​လျက်၊ ထာ​ဝ​ရ​ဘု​ရား ကျိန်း​ဝပ်​တော်​မူ​သော ဌာ​န​တော်​တံ​ခါး​အ​တွင်း၌၊ မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော်​ခြင်း၊ အ​မှု​တော်​မျိုး​ကို စောင့်​ခြင်း၊ ကျေး​ဇူး​တော်​ကို ဝန်​ခံ​ခြင်း၊ ထော​မ​နာ​သီ​ချင်း​ဆို​ခြင်း​အ​မှု​ကို ပြု​စေ​ခြင်း​ငှာ၊ ဟေ​ဇ​ကိ​ခန့်​ထား​တော်​မူ၏။

ယေ​ရု​ရှ​လင်​မြို့ ဗိ​မာန်​တော်​သို့​ရောက်​သော ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ​တွင် ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ၊ ယော​ဇ​ဒက်​သား ယော​ရှု၊ ကျန်​ကြွင်း​သော ညီ​အစ်​ကို၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​များ၊ အ​ချုပ်​ခံ​ရ​သော လူ​စု​ထဲ​က​ထွက်၍၊ ယေ​ရု​ရှ​လင်​မြို့​သို့​လာ​သော လူ​များ​အ​ပေါင်း​တို့​သည်​ထ၍ ဗိ​မာန်​တော် တည်​ဆောက်​ခြင်း​အ​မှု​ကို နှိုး​ဆော်​စိမ့်​သော​ငှာ လေ​ဝိ​သား​တို့​ကို ခန့်​ထား​ကြ၏။

လေ​ဝိ​သား​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ပူ​ဇော်​သ​ကာ​တို့​ကို သန့်​ရှင်း​ရာ​ဌာ​န​တော်​တန်​ဆာ၊ အ​မှု​စောင့်​ယဇ်​ပု​ရော​ဟိတ်၊ တံ​ခါး​စောင့်၊ သီ​ချင်း​သည်​တို့​ရှိ​ရာ အ​ခန်း​သို့ ဆောင်​ခဲ့​ရ​ကြ​မည်။ ငါ​တို့ ဘု​ရား​သ​ခင်၏ အိမ်​တော်​ကို ငါ​တို့​သည် စွန့်​ပစ်၍ မ​ထား​ရ​ကြ။

ယု​ဒ​မြို့​ရွာ​တို့​တွင် ဣ​သ​ရေ​လ​လူ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ ဘု​ရား​ကျွန်၊ ရှော​လ​မုန်၏​ကျွန် အ​မျိုး​သား​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​ဆိုင်​ရာ​အ​ရပ်၌ နေ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့၌​နေ​သော ပြည်​သူ​ပြည်​သား အ​ကြီး​အ​ကဲ၊ မင်း​အ​ရာ​ရှိ​ဟူ​မူ​ကား၊

လေ​ဝိ​သား​အ​ကြီး​အ​ကဲ၊ ဟာ​ရှ​ဘိ၊ ရှေ​ရ​ဘိ၊ ကပ်​မျေ​လ​သား ယော​ရှု​တို့​သည် ညီ​အစ်​ကို​များ​နှင့် ဝိုင်း၍ ဘု​ရား​သ​ခင်၏​လူ ဒါ​ဝိဒ်​စီ​ရင်​သည်​အ​တိုင်း ဂုဏ်​ကျေး​ဇူး​တော်​ကို ဖော်​ပြ​ချီး​မွမ်း​ခြင်း​အ​မှု​ကို အ​လှည့်​လှည့် စောင့်​ရ​ကြ၏။

ထို​အ​ခါ မြို့​တံ​ခါး​တို့​ကို မ​ထူ​ထောင်​သေး​သော်​လည်း၊ မြို့​ရိုး​တည်၍ လုံ​ကြောင်း​ကို သ​မ္ဘာ​လတ်၊ တော​ဘိ၊ အာ​ရပ်​လူ​ဂေ​ရှင်​မှ​စ၍ ကြွင်း​သော ရန်​သူ​တို့​သည် သ​တင်း​ကြား​သော​အ​ခါ၊

အ​ရက် ငါး​ဆယ်​နှစ်​ရက်​ကြာ​မှ ဧ​လု​လ လ​နှစ်​ဆယ်​ငါး​ရက်​နေ့​တွင် မြို့​ရိုး​ကို လက်​စ​သတ်​ကြ၏။

သူ​တို့​သည် တော​ဘိ​ပြု​သော​အ​မှု​ကောင်း​တို့​ကို ငါ့​အား​ပြန်​ပြော​ကြ၏။ ငါ့​စ​ကား​ကို​လည်း သူ့​အား ပြန်​ပြော​ကြ၏။ သူ​သည်​လည်း ငါ​ကြောက်​စေ​ခြင်း​ငှာ စာ​ပေး​လိုက်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ