Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နာ​ဟုံ 2:4

Judson Bible

ရ​ထား​တို့​သည် လမ်း၌​ဟုန်း​ဟုန်း​မြည်၍၊ လမ်း​မ​တို့၌ တောင်​မြောက်​ပြေး​ကြ၏။ မီး​ရှူး​အ​ဆင်း​အ​ရောင်​ရှိ၍၊ လျှပ်​စစ်​ကဲ့​သို့ ပြေး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

မိုး​ပွင့်​ကျ​သော်​လည်း၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​အ​တွက် မ​စိုး​ရိမ်၊ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် က​တ္တီ​ပါ​နီ​ကို ဝတ်​ကြ၏။

သင်​သည် ကျွန်​များ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို ကဲ့​ရဲ့၍၊ ငါ​သည် ရ​ထား​များ​ပြား​သ​ဖြင့် တောင်​ထိပ်​သို့​လည်း​ကောင်း၊ လေ​ဗ​နုန်​တောင်​အ​ထွတ်​သို့​လည်း​ကောင်း တက်​လာ​ပြီ။ အ​ရပ်​မြင့်​သော အာ​ရဇ်​ပင်​နှင့် အ​ကောင်း​ဆုံး​သော ထင်း​ရှူး​ပင်​တို့​ကို ငါ​ခုတ်​လှဲ​ပြီ။ အ​မြင့်​ဆုံး​သော​အ​ရပ်၊ အ​သီး​များ​သော​တော​ထဲ​သို့ ငါ​ဝင်​ပြီ။

ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ပြင်း​စွာ​သော အ​ရှိန်​အား​ဖြင့် အ​မျက်​တော်​ကို​လည်း​ကောင်း၊ မီး​လျှံ​အား​ဖြင့် ဆုံး​မ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း ထင်​ရှား​စွာ​ပြ​ခြင်း​ငှာ၊ လေ​ပွေ​ကဲ့​သို့​သော ရ​ထား​တော်​တို့​ကို​စီး၍၊ မီး​ကဲ့​သို့ ကြွ​လာ​တော်​မူ​လိမ့်​မည်။

လာ​သော​မင်း​သည် မိုး​တိမ်​ကဲ့​သို့ လာ​လိမ့်​မည်။ သူ၏​ရ​ထား​တို့​သည် လေ​ပွေ​ကဲ့​သို့​ဖြစ်​ကြ၏။ သူ၏​မြင်း​တို့​သည် ရွှေ​လင်း​တ​ထက် သာ၍ လျင်​မြန်​ကြ၏။ ငါ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ။

မြင်း​များ​တို့၊ တက်​ကြ​လော့။ ရ​ထား​များ​တို့၊ ဟုန်း​ဟုန်း​မြည်​ကြ​လော့။ သူ​ရဲ​များ​တည်း​ဟူ​သော၊ ဒိုင်း​လွှား​ကို ကိုင်​တတ်​သော ကု​ရှ​အ​မျိုး၊ ဖု​တ​အ​မျိုး​သား၊ လေး​ကို​ကိုင်၍ ပစ်​တတ်​သော လု​ဒိ​အ​မျိုး​သား​တို့​သည် ထွက်​သွား​ကြ​စေ။

စစ်​တိုက်​လက်​နက်​နှင့် လှည်း​ရ​ထား​ပါ​လျက်၊ လူ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ လာ၍ ဒိုင်း၊ လွှား၊ သံ​ခ​မောက်​လုံး​တို့​ကို သင့်​ပတ်​လည်၌ ခင်း​ကျင်း​ကြ​လိမ့်​မည်။ တ​ရား​စီ​ရင်​သော​အ​ခွင့်​ကို သူ​တို့၌​ငါ​အပ်​ပေး၍၊ သူ​တို့​သည် မိ​မိ​ထုံး​စံ​အ​တိုင်း စီ​ရင်​ကြ​လိမ့်​မည်။

မြင်း​များ​သော​ကြောင့် မြေ​မှုန့်​သည် သင့်​ကို​ဖုံး​လွှမ်း​လိမ့်​မည်။ တိုက်​ဖျက်​သော​မြို့​ထဲ​သို့ ဝင်​တတ်​သ​ကဲ့​သို့ သင်၏​မြို့​တံ​ခါး​သို့ ဝင်​သော​အ​ခါ၊ လှည်း​ရ​ထား​မျိုး မြည်​သံ၊ မြင်း​စီး​သူ​ရဲ​တို့​အ​သံ​ကြောင့် သင်၏​မြို့​ရိုး​လှုပ်​ရှား​လိမ့်​မည်။

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဘု​ရင်​တို့၏​ဘု​ရင်​တည်း​ဟူ​သော မြောက်​မျက်​နှာ​ရှင်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​ကို၊ မြင်း​ရ​ထား၊ မြင်း​စီး​သူ​ရဲ၊ လူ​များ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ တု​ရု​မြို့​သို့ ငါ​ဆောင်​ခဲ့​မည်။

အ​မှု​ကုန်​ရ​သည်​ကာ​လ၌ တောင်​ရှင်​ဘု​ရင်​သည် ထို​မင်း​ကို တိုက်​လိမ့်​မည်။ မြောက်​ရှင်​ဘု​ရင်​သည်​လည်း ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ၊ သင်္ဘော​များ​တို့​နှင့်​တ​ကွ လေ​ပွေ​ကဲ့​သို့ တိုက်​လာ​လျက်၊ ထို​ပြည်​တို့​ကို ဝင်၍ ချင်း​နင်း​လွှမ်း​မိုး​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ