သူရဲတို့သည် နီသော ဒိုင်းလွှားကိုဆောင်၍၊ နီသောအဝတ်ကို ဝတ်ကြ၏။ ခင်းကျင်းသောနေ့၌ ရထားတို့သည် သံလက်နက်နှင့် တောက်ပ၍၊ လှံတံတို့သည် အလွန်လှုပ်ရှားကြ၏။
သူ့တစ်ဖက်၌ မြားတောင့်လှုပ်သံမြည်၍၊ လှံနှင့်ဒိုင်းလွှားသည် ပြောင်လက်လျက်ရှိ၏။
တောဝက်သည် ထိုအပင်ကိုကိုက်ခဲ၍၊ တောသားရဲသည်လည်း စားပါ၏။
ထင်းရှူးပင်နှင့် လေဗနုန်အာရဇ်ပင်တို့က၊ သင်တို့သည် လဲပြီးသည်နောက်၊ ငါတို့ကို ခုတ်လှဲသောသူသည် မတက်မလာရဟု သင့်ကိုရည်ဆောင်၍ ဝမ်းမြောက်ကြ၏။
စစ်တိုက်လက်နက်နှင့် လှည်းရထားပါလျက်၊ လူအလုံးအရင်းနှင့်တကွ လာ၍ ဒိုင်း၊ လွှား၊ သံခမောက်လုံးတို့ကို သင့်ပတ်လည်၌ ခင်းကျင်းကြလိမ့်မည်။ တရားစီရင်သောအခွင့်ကို သူတို့၌ငါအပ်ပေး၍၊ သူတို့သည် မိမိထုံးစံအတိုင်း စီရင်ကြလိမ့်မည်။
တစ်ဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘုရင်တို့၏ဘုရင်တည်းဟူသော မြောက်မျက်နှာရှင်ဘုရင်နေဗုခဒ်နေဇာကို၊ မြင်းရထား၊ မြင်းစီးသူရဲ၊ လူများအလုံးအရင်းနှင့်တကွ တုရုမြို့သို့ ငါဆောင်ခဲ့မည်။
နှင်တံနှင့် ရိုက်သံ၊ လှည်းဘီးလိမ့်သံ၊ မြင်းခုန်သံ၊ ရထားပြေးသံကို ကြားရ၏။
ညအခါမြင်ရသော ရူပါရုံဟူမူကား၊ မြင်းနီကို စီးသော လူတစ်ဦးသည် ထင်ရှား၍ ချိုင့်တွင်ရှိသော မုရတုတော၌ ရပ်၏။ သူ့နောက်မှာ နီသောမြင်း၊ ညိုသောမြင်း၊ ဖြူသောမြင်းတို့သည် ရှိကြ၏။
အို ထင်းရှူးပင်၊ အာရဇ်ပင်လဲသောကြောင့် မြည်တမ်းလော့။ မြတ်သောအပင်တို့သည် ပျက်စီးကြပြီ။ အို ဗာရှန်သပိတ်ပင်တို့၊ ခိုင်ခံ့သောတောကို ခုတ်လှဲသောကြောင့် မြည်တမ်းကြလော့။
ပထမရထား၌ မြင်းနီ၊ ဒုတိယရထား၌ မြင်းနက်၊
ကောင်းကင်၌ အခြားသော နိမိတ်လက္ခဏာ ပေါ်လာသည်ကား၊ အဆင်းနီသော နဂါးကြီးသည် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ်၌ သရဖူခုနစ်ဆူကို ဆောင်းလျက်ရှိ၏။-
ထိုအခါ မြင်းနီတစ်စီးထွက်၍၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီးကရုပ်သိမ်းခြင်းငှာလည်းကောင်း၊ မြေကြီးသားတို့ကို အချင်းချင်း အသေသတ်စေခြင်းငှာလည်းကောင်း အခွင့်ရ၏။ သူ၌ဓားကြီးကို ပေးတော်မူ၏။