Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နာ​ဟုံ 2:2

Judson Bible

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ၏​ဘုန်း​ကဲ့​သို့ ယာ​ကုပ်၏​ဘုန်း​ကို ပြု​ပြင်​တော်​မူ၏။ သုတ်​သင်​သော​သူ​တို့​သည် ယာ​ကုပ်​အ​မျိုး​ကို သုတ်​သင်၍၊ သူ၏​အ​ခက်​အ​လက်​တို့​ကို ပယ်​ရှင်း​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ချစ်​တော်​မူ​သော​ယာ​ကုပ်၏​ဘုန်း​ဖြစ်​သော ငါ​တို့​အ​မွေ​ကို ငါ​တို့​အ​ဖို့ ရွေး​ပေး​တော်​မူ၏။

သင့်​ကို အ​ဘယ်​သူ​မျှ လျှောက်၍​မ​သွား​ရ​မည်​အ​ကြောင်း၊ သူ​တစ်​ပါး​တို့​သည် သင့်​ကို စွန့်​ပစ်​ရွံ​ရှာ​ကြ​သည်​အ​တွက်၊ ငါ​သည် သင့်​ကို ထာ​ဝ​ရ​အ​ထွတ်​အ​မြတ် ဖြစ်​စေ​မည်။ လူ​မျိုး​အ​စဉ်​အ​ဆက် ဝမ်း​မြောက်​စ​ရာ အ​ကြောင်း​လည်း ဖြစ်​စေ​မည်။

အ​ကြောင်း​မူ​ကား၊ ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော​မြို့​ကို ငါ​သည် အ​ပြစ်​ပေး​စ​ပြု​လျှင်၊ သင်​တို့​သည် ဒဏ်​အ​လျှင်း​မ​ခံ​ဘဲ နေ​ရ​ကြ​မည်​လော။ ဒဏ်​မ​ခံ​ဘဲ မ​နေ​ရ​ကြ။ ငါ​သည် မြေ​ကြီး​သား​ရှိ​သ​မျှ​တို့​အ​ဖို့ ဓား​ကို​မှာ​လိုက်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

မော​ဘ​သည် အိုး​တစ်​လုံး​မှ​တစ်​လုံး​သို့ မ​ပြောင်း၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သို့ ယူ​သွား​ခြင်း​ကို မ​ခံ၊ ငယ်​သော​အ​ရွယ်​မှ​စ၍ ငြိမ်​လျက်၊ မိ​မိ​အ​ဖတ်​အ​နည်​ပေါ်၌ နေ​ရာ​ကျ​လျက်​ရှိ​သော​ကြောင့်၊ မိ​မိ​အ​ရ​သာ​သည် တည်​နေ၏။ မွှေး​သော​အ​နံ့​လည်း မ​ပျက်။

စ​ပျစ်​သီး​ကို​ဆွတ်​သော သူ​တို့​သည် သင်​ရှိ​ရာ​သို့​လာ​လျှင်၊ သူ​တစ်​ပါး​လိုက်၍ ဆွတ်​စ​ရာ​ဖို့ ကျန်​ကြွင်း​စေ​ကြ​လိမ့်​မည် မ​ဟုတ်​လော။ ည​အ​ခါ သူ​ခိုး​လာ​လျှင်၊ စိတ်​ပြေ​လောက်​အောင်​သာ လု​ယူ​ကြ​လိမ့်​မည်​မ​ဟုတ်​လော။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​လည်း ဆင့်​ဆို​ရ​မည်​မှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရောက်​သော တစ်​ပါး​အ​မျိုး​သား နေ​ရာ​အ​ရပ်​ရပ်​တို့​မှ သူ​တို့​ကို​ငါ​ခေါ်​ခဲ့၍ စု​ဝေး​စေ​ပြီး​လျှင်၊ သူ​တို့​ကို နေ​ရင်း​ပြည်​သို့ ပို့​ဆောင်​မည်။

နောက်​တစ်​ဖန် သူ​တို့​ရုပ်​တု​များ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​များ၊ လွန်​ကျူး​ခြင်း​အ​မှု​များ​နှင့် ကိုယ်​ကို မ​ညစ်​ညူး​စေ​ရ​ကြ။ သူ​တို့​ပြစ်​မှား​လေ​ရာ​ရာ အ​ရပ်​တို့​မှ ငါ​ကယ်​နုတ်၍ သန့်​ရှင်း​စေ​မည်။ သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​မည်။

ဣ​သ​ရေ​လ​သည် အ​သီး​များ​စွာ​သီး​သော စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ ကိုယ်​အ​လို​အ​လျောက် သီး​တတ်၏။ အ​သီး​တိုး​ပွား​သည်​အ​တိုင်း အ​မျိုး​သား​တို့​သည် ယဇ်​ပ​လ္လင်​တို့​ကို များ​ပြား​စေ​ကြ၏။ သူ​တို့​ပြည်​ကောင်း​သည်​အ​တိုင်း ကောင်း​သော​ရုပ်​တု​ဆင်း​တု​တို့​ကို လုပ်​ကြ​သည်​တ​ကား။

မြို့​တော်​သည် ဟင်း​လင်း​နေ​ရ၏။ ဥ​စ္စာ​မ​ရှိ၊ လူ​ဆိတ်​ညံ​လျက် ဖြစ်၏။ မြို့​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​လျက်၊ ဒူး​ချင်း​ထိ​ခိုက်​လျက်၊ အ​လွန်​ခါး​ကိုက်​လျက်၊ မျက်​နှာ​မည်း​လျက်​ရှိ​ကြ၏။

ရန်​သူ​ဝိုင်း​ထား​သော ကာ​လ​ဖို့ ရေ​ကို ခပ်​ထား​လော့။ ရဲ​တိုက်​တို့​ကို ခိုင်​ခံ့​စေ​လော့။ ရွှံ့​ထဲ​သို့ ဝင်၍ အုတ်​မြေ​ကို နင်း​နယ်​လော့။ အုတ်​ဖို​ကို ပြင်​ဆင်​လော့။

ငါ့​ကို ပြစ်​မှား​သော​အ​ပြစ်​များ​ကြောင့် ထို​အ​ခါ သင်​သည် အ​ရှက်​ကွဲ​ခြင်း​ကို မ​ခံ​ရ။ သင်၏​ဂုဏ်​အ​သ​ရေ​ကြောင့် ဝါ​ကြွား​သော သူ​တို့​ကို သင့်​အ​လယ်၌ ငါ​ပယ်​ရှား​မည်။ သင်​သည်​လည်း ငါ၏​သန့်​ရှင်း​သော​တောင်​ကို အ​မှီ​ပြု၍ နောက်​တစ်​ဖန် မာ​န​မ​ထောင်​လွှား​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ