Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



နာ​ဟုံ 2:5

Judson Bible

စစ်​သူ​ရဲ​တို့​ကို နှိုး​ဆော်​တော်​မူ၏။ သူ​တို့​သည် ချီ​သွား​စဉ် သူ​တစ်​ပါး​ကို တွန်း​ချ​ကြ၏။ မြို့​ရိုး​သို့ အ​လျင်​အ​မြန်​သွား၍ ပြ​အိုး​တို့​ကို ပြင်​ဆင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

စား​ပွဲ​ကို ပြင်​ပြီ။ ကင်း​စောင့်​ကို ထား​ပြီ။ စား​သောက်​လျက် နေ​ကြ၏။ အို မင်း​များ​တို့၊ ထ​ကြ၊ လွှား​ကို​ဆီ​လောင်း​ကြ။

သူ​တို့​တွင် မော​သော​သူ​မ​ရှိ။ ထိ​မိ၍ လဲ​သော​သူ မ​ရှိ။ ငိုက်​မျဉ်း​သော​သူ၊ အိပ်​ပျော်​သော​သူ​လည်း​မ​ရှိ။ သူ​တို့​ခါး​စည်း မ​ပြေ။ ခြေ​နင်း​ကြိုး​လည်း​မ​ကျွတ်။

သင်​သည် အ​ရှက်​ကွဲ​ကြောင်း​ကို လူ​မျိုး​တို့​သည် ကြား​ကြ​ပြီ။ သင်​မြည်​တမ်း​သော အ​သံ​သည် မြေ​တစ်​ပြင်​လုံး၌ နှံ့​ပြား​ပြီ။ သူ​ရဲ​ချင်း တစ်​ယောက်​နှင့်​တစ်​ယောက် ထိ​ခိုက်၍၊ နှစ်​ယောက်​တို့​သည် လဲ​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။

လေး​သ​မား​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ခေါ်​ကြ​လော့။ ပစ်​တတ်​သော​သူ​အ​ပေါင်း​တို့၊ မြို့​ပတ်​ဝန်း​ကျင်၌ တပ်​ချ​ကြ​လော့။ မြို့​သူ​မြို့​သား တစ်​ယောက်​ကို​မျှ မ​လွတ်​စေ​နှင့်။ ထို​မြို့​ကျင့်​သော အ​ကျင့်​နှင့်​အ​လျောက် အ​ပြစ်​ပေး​ကြ​လော့။ သူ​ပြု​ဖူး​သ​မျှ​အ​တိုင်း သူ၌​ပြု​ကြ​လော့။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၊ ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဝါ​ကြွား​ပြီ​တ​ကား။

မြစ်​တံ​ခါး​ပွင့်​လျှင်၊ နန်း​တော်​သည် ကွယ်​ပျောက်၏။ နိ​နေ​ဝေ​သ​တို့​သ​မီး​ကို အ​ဝတ်​ချွတ်၍ ထုတ်​ရ၏။

အို အာ​ရှု​ရိ​ရှင်​ဘု​ရင်၊ သင်၏​သိုး​ထိန်း​တို့​သည် အိပ်​ပျော်​လျက်၊ သင်၏​မှူး​မတ်​တို့​သည် ကျိန်း​ဝပ်​လျက်၊ သင်၏​လူ​အ​ပေါင်း​တို့​သည် တောင်​ရိုး​ပေါ်​မှာ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​လျက်​ရှိ၍၊ အ​ဘယ်​သူ​မျှ မ​စု​ဝေး​စေ။

မြင်း​စီး​သူ​ရဲ​သည် မီး​တောက်​သော​ဓား၊ လျှပ်​စစ်​ပြက်​သော လှံ​ကို​ချီ​လျက်၊ တိုက်​သော​သူ​ရဲ​အ​များ​နှင့် သေ​သော​သူ အ​ပုံ​ပုံ​ရှိ​ကြ၏။ အ​သေ​ကောင်​တို့​ကို ရေ​တွက်၍ မ​ကုန်​နိုင်။ လူ​သေ​ကောင်​များ​ကို ထိ​မိ၍ လဲ​တတ်​ကြ၏။

သူ​တို့၏​မြင်း​သည် ကျား​သစ်​ထက်​လျင်​မြန်၏။ ည၌ လည်​သော​တော​ခွေး​ထက် ကြမ်း​တမ်း၏။ မြင်း​စီး​သူ​ရဲ​တို့​သည် အ​ဝေး​က​လာ၍ ခုန်​ကြ​လိမ့်​မည်။ အ​ကောင်​ကို ကိုက်​စား​ခြင်း​ငှာ လျင်​မြန်​သော ရွှေ​လင်း​တ​ကဲ့​သို့ ပျံ​လာ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ