Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒေသနာကျမ်း။ 4:16

Judson Bible

ထို​မင်း​အုပ်​စိုး​သော​သူ​အ​ပေါင်း​တို့​ကို ရေ​တွက်၍ မ​ကုန်​နိုင်။ နောက်​လာ​သော​သူ​တို့​သည်​လည်း၊ ထို​မင်း​ကို အား​မ​ရ​ဘဲ နေ​ကြ​လိမ့်​မည်။ အ​ကယ်​စင်​စစ် ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်၊ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​က၊ ရှင်​ဘု​ရင်​သည် ဖိ​လိ​တ္တိ​လူ​အ​စ​ရှိ​သော ရန်​သူ​တို့​လက်​မှ ငါ​တို့​ကို​ကယ်​နုတ်​တော်​မူ​ပြီ။ ယ​ခု​မှာ အ​ဗ​ရှ​လုံ​ကြောင့် နိုင်​ငံ​တော်​မှ ထွက်​ပြေး​တော်​မူ​ရ၏။

လူ​အ​ပေါင်း​တို့​သည် တီး​မှုတ်​လျက် နောက်​တော်​သို့​လိုက်၍၊ မြေ​ကြီး​ကွဲ​မ​တတ်​ရှိ​သည်​တိုင်​အောင် အ​လွန်​ဝမ်း​မြောက်​သော​အ​သံ​ကို ပြု​ကြ၏။

နေ​အောက်​မှာ ပြု​လေ​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို​ငါ​မြင်​ပြီ။ အ​လုံး​စုံ​တို့​သည် အ​န​တ္တ​အ​မှု၊ လေ​ကို ကျက်​စား​သော​အ​မှု ဖြစ်​ကြ၏။

ထို​အ​ခါ ငါ​စီ​ရင်​ပြု​ပြင်​သ​မျှ၊ ငါ​ကြိုး​စား​အား​ထုတ်​သ​မျှ​တို့​ကို ငါ​ကြည့်​ရှု၍၊ အ​လုံး​စုံ​တို့​သည် အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်​ကြ၏။ နေ​အောက်​မှာ​ကောင်း​သော​အ​ကျိုး တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။

ထို​ကြောင့်၊ အ​သက်​ရှင်​ခြင်း​ကို ငါ​ငြီး​ငွေ့၏။ နေ​အောက်​မှာ ပြု​သော​အ​မှု​သည် ငါ၌​ခက်​ခဲ၏။ အ​လုံး​စုံ​တို့​သည် အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်​ကြ၏။

ရှေ့​တော်၌ ကောင်း​သော​သူ​အား ဉာဏ်​ပ​ညာ၊ သိ​ပ္ပံ​အ​တတ်​နှင့် ဝမ်း​မြောက်​ခြင်း​အ​ခွင့်​ကို​ပေး​တော်​မူ၏။ အ​ပြစ်​ရှိ​သော​သူ​အား ပင်​ပန်း​စွာ​အ​လုပ်​လုပ်​ရ​သော​အ​ခွင့်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​ရှေ့​တော်၌ ကောင်း​သော​သူ​အား ပေး​စ​ရာ​ဖို့၊ ဆည်း​ပူး​သို​ထား​ရ​သော​အ​ခွင့်​ကို​လည်း​ကောင်း ပေး​တော်​မူ၏။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်၏။

နေ​အောက်​မှာ ကျင်​လည်​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​သည် မင်း​အ​ရိုက်​အ​ရာ​ကို​ခံ​ရ​သော ထို​ဒု​တိ​ယ​သူ​ဘက်၌ နေ​တတ်​ကြ​သည်​ကို ငါ​ဆင်​ခြင်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ