နေအောက်မှာ ကျင်လည်သော သတ္တဝါအပေါင်းတို့သည် မင်းအရိုက်အရာကိုခံရသော ထိုဒုတိယသူဘက်၌ နေတတ်ကြသည်ကို ငါဆင်ခြင်၏။
ထိုသို့စီရင်တော်မူခြင်းကို ခံအံ့သောငှာ၊ ရှင်ဘုရင်ထံတော်သို့လာသော ဣသရေလအမျိုးသား အပေါင်းတို့အား အဗရှလုံပြု၍ သူတို့စိတ်နှလုံးကို ခိုးလေ၏။
ထိုသို့သော သူငယ်သည် ထောင်ထဲကထွက်၍၊ နန်းတော်ပေါ်သို့ ရောက်တတ်၏။ ထိုသို့သောရှင်ဘုရင်မူကား၊ အဘအရိုက်အရာနှင့် နန်းထိုင်သော်လည်း၊ ဆင်းရဲခြင်းသို့ ရောက်တတ်၏။
ထိုမင်းအုပ်စိုးသောသူအပေါင်းတို့ကို ရေတွက်၍ မကုန်နိုင်။ နောက်လာသောသူတို့သည်လည်း၊ ထိုမင်းကို အားမရဘဲ နေကြလိမ့်မည်။ အကယ်စင်စစ် ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်၏။