Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒေသနာကျမ်း။ 4:14

Judson Bible

ထို​သို့​သော သူ​ငယ်​သည် ထောင်​ထဲ​က​ထွက်၍၊ နန်း​တော်​ပေါ်​သို့ ရောက်​တတ်၏။ ထို​သို့​သော​ရှင်​ဘု​ရင်​မူ​ကား၊ အ​ဘ​အ​ရိုက်​အ​ရာ​နှင့် နန်း​ထိုင်​သော်​လည်း၊ ဆင်း​ရဲ​ခြင်း​သို့ ရောက်​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ဖာ​ရော​မင်း​သည်​လူ​ကို​စေ​လွှတ်​၍ ယော​သပ်​ကို ခေါ်​တော်​မူ၏။ ယော​သပ်​သည် ထောင်​ထဲ​က​အ​လျင်​အ​မြန်​ထွက်​ရ၍၊ မုတ်​ဆိတ်​ညှပ်​ခြင်း၊ အ​ဝတ်​လဲ​ခြင်း​ကို​ပြု​ပြီး​မှ အ​ထံ​တော်​သို့​ဝင်​ရ​၏။

ယု​ဒ​ရှင်​ဘု​ရင် ယေ​ခေါ​နိ​သည် မယ်​တော်​မှ​စ​သော ကျွန်၊ မှူး​မတ်၊ အ​ရာ​ရှိ​တို့​နှင့်​တ​ကွ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ထံ​သို့​ထွက်၍ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် နန်း​စံ​ရှစ်​နှစ်​တွင် ယု​ဒ​ရှင်​ဘု​ရင်​ကို​ရ၏။

ယော​ယ​ကိမ်​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ သား​တော်​ယေ​ခေါ​နိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

ဇေ​ဒ​ကိ​မင်း၏​သား​တို့​ကို အ​ဘ​မျက်​မှောက်၌ သတ်​ကြ၏။ ဇေ​ဒ​ကိ​မျက်​စိ​ကို​လည်း ဖောက်​ပြီး​မှ၊ သူ့​ကို​ကြေး​ဝါး​ကြိုး​နှင့်​ချည်​နှောင်၍ ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​ကြ၏။

ထို​သို့ နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​ကို ချီး​မြှောက်​တော်​မူ၏။ ငြို​ငြင်​သော​သူ​တို့​ကို​လည်း ဝမ်း​သာ​စေ​တော်​မူ၏။

နေ​အောက်​မှာ ကျင်​လည်​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​သည် မင်း​အ​ရိုက်​အ​ရာ​ကို​ခံ​ရ​သော ထို​ဒု​တိ​ယ​သူ​ဘက်၌ နေ​တတ်​ကြ​သည်​ကို ငါ​ဆင်​ခြင်၏။

ငါ​တို့ ထွက်​သက်​ဝင်​သက်​တည်း​ဟူ​သော၊ ထာ​ဝ​ရ​ဘု​ရား​သည်​ပေး​တော်​မူ၍ ဘိ​သိက်​ခံ​သော​အ​ရှင်​ကို သူ​တို့​သည် မြေ​တွင်း၌ ဖမ်း​မိ​ကြ​ပြီ။ ထို​အ​ရှင်၏ ဘုန်း​တော်​ကို​ခို​လှုံ၍၊ ငါ​တို့​သည် သာ​သ​နာ​ပ​လူ​တို့​တွင် အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်​ဟု အ​ထက်​က​ဆို​တတ်​ကြ၏။

ထို​စ​ကား​ကို မြွက်​ဆို​စဉ်​ပင်၊ ကောင်း​ကင်​မှ သက်​ရောက်​သော အ​သံ​ဟူ​မူ​ကား၊ အို​နေ​ဗု​ခဒ်​နေ​ဇာ မင်း​ကြီး၊ နား​ထောင်​လော့။ နိုင်​ငံ​တော်​သည် သင့်​လက်​မှ ရွေ့​သွား​ပြီ။

ဆင်း​ရဲ​သော​သူ​ကို မြေ​မှုန့်​ထဲ​က​လည်း​ကောင်း၊ ငတ်​မွတ်​သော​သူ​ကို နောက်​ချေး​ပုံ​ထဲ​က​လည်း​ကောင်း ချီး​မြှောက်၍၊ မင်း​သား​တို့​နှင့် ထိုင်​ရ​သော​အ​ခွင့်၊ ဘုန်း​ကြီး​သော​ပ​လ္လင်​ကို အ​မွေ​ခံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​တိုင်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ပိုင်၍ ထို​တိုင်​တို့​အ​ပေါ်​မှာ လော​က​ဓာတ်​ကို တည်​တော်​မူ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ