Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒေသနာကျမ်း။ 5:1

Judson Bible

ဘု​ရား​သ​ခင့်​အိမ်​တော်​သို့​သွား​သော​အ​ခါ၊ သင့်​ခြေ​တို့​ကို စောင့်​လော့။ လူ​မိုက်​ပြု​သော ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ထက်၊ တ​ရား​နာ​ခြင်း​အ​မှု​ကို သာ၍​ကြိုး​စား​လော့။ လူ​မိုက်​တို့​သည် ကိုယ်​အ​ပြစ်​ကို မ​ဆင်​ခြင်​တတ်​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

ဩ​ဇိ​မင်း​သည် တန်​ခိုး​ကြီး​သော​အ​ခါ၊ ကိုယ်​အ​ကျိုး​နည်း​အောင် ထောင်​လွှား​သော​စိတ်​ထ​သ​ဖြင့်၊ မိ​မိ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား၍၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​ထဲ​သို့ ဝင်​လေ၏။

စ​ကား​များ၍ အ​ကျိုး​ရှိ​သည်​မ​ဟုတ်။ နှုတ်​သီး​ကောင်း​သော​သူ​သည် မိ​မိ​အ​ပြစ်​နှင့် လွတ်​ရ​မည်​လော။

ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ဘ​ဝဂ်​ပေါ်​မှာ ရှိ​တော်​မူ​သည်​မ​ဟုတ်​လော။ ကြယ်​တို့​သည် အ​ဘယ်​မျှ​လောက် မြင့်​ကြ​သည်​တ​ကား။

ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သူ​တို့၏​ပ​ရိ​သတ်​တွင် အ​လွန်​ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ၏။ အ​ထံ​တော်၌ ပတ်​လည်​နေ​သော​သူ​အ​ပေါင်း​တို့​ထက် ရို​သေ​ဖွယ်​ဖြစ်​တော်​မူ၏။

ဘု​ရား​သ​ခင်​က​လည်း၊ မ​ချဉ်း​နှင့်။ သင်၏​ခြေ​နင်း​ကို​ချွတ်​လော့။ သင်​နင်း​သော အ​ရပ်​ကား သန့်​ရှင်း​သော​မြေ​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊

အာ​ရုန်​နှင့် သူ၏​သား​တို့​လက်​ခြေ​ဆေး​စ​ရာ​ဖို့ ကြေး​ဝါ​ခြေ​ထောက်​ပါ​သော ကြေး​ဝါ​အင်​တုံ​ကို​လုပ်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​နှင့် ယဇ်​ပ​လ္လင်​စပ်​ကြား၌ ထား​ရ​မည်။

စ​ကား​များ​သော​အား​ဖြင့် အ​ပြစ်​ပါ​တတ်၏။ မိ​မိ​နှုတ်​ကို​ချုပ်​တည်း​သော​သူ​မူ​ကား ပ​ညာ​ရှိ၏။

မ​တ​ရား​သော​သူ ပူ​ဇော်​သော​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ့​ရှာ​တော်​မူ၏။ သ​ဘော​ဖြောင့်​သော​သူ ဆု​တောင်း​သော​ပ​တ္ထ​နာ​ကို​ကား၊ နှစ်​သက်​တော်​မူ၏။

မ​တ​ရား​သော​သူ​ပူ​ဇော်​သော​ယဇ်​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်၏။ ထို​မျှ​မ​က၊ မ​တ​ရား​သော​စိတ်​နှင့် ပူ​ဇော်​လျှင် သာ၍​ဖြစ်၏။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ နွား​ကို​သတ်​သော​သူ​သည် လူ​ကို​သတ်​သော​သူ​နှင့် တူ၏။ သိုး​သ​ငယ်​ကို ယဇ်​ပူ​ဇော်​သော​သူ​သည် ခွေး​လည်​ပင်း​ကို ဖြတ်​သော​သူ​နှင့်​တူ၏။ အ​လှူ​ဒါ​န​ကို လှူ​ဒါန်း​သော​သူ​သည် ဝက်​သွေး​ကို လှူ​ဒါန်း​သော​သူ​နှင့် တူ၏။ လော​ဗန်​ကို မီး​ရှို့​သော​သူ​သည် ရုပ်​တု​ကို ကောင်း​ချီး​ပေး​သော​သူ​နှင့် တူ၏။ အ​ကယ်​စင်​စစ် ထို​သူ​တို့​သည် မိ​မိ​အ​လို​ရှိ​ရာ​လမ်း​ကို ရွေး​ကြ၏။ မိ​မိ​ဆိုး​ညစ်​သော အ​မှု​တို့၌ မွေ့​လျော်​ကြ​၏။

ထို​အ​ခါ၊ မော​ရှေ​သည် အာ​ရုန်​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည် သန့်​ရှင်း​ခြင်း​ရှိ​သည်​ဟု ငါ့​ထံ​သို့​ချဉ်း​ကပ်​သူ​တို့​သည် မှတ်​ရ​မည်။ လူ​အ​ပေါင်း​တို့​သည် ငါ့​ဘုန်း​ကို​ချီး​မြှင့်​ရ​ကြ​မည်​ဟု မိန့်​တော်​မူ​ရာ၌၊ ထို​သို့​သော​အ​မှု​ကို​ရည်​ဆောင်၍ မိန့်​တော်​မူ​သည်​ဟု​ဆို​လျှင်၊ အာ​ရုန်​သည် တိတ်​ဆိတ်​စွာ​နေ​လေ၏။

ထို​ကြောင့် အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ အ​လျင်​အ​မြန်​စေ​လွှတ်၍၊ ကိုယ်​တော်​သည် ကြွ​လာ​သော​အား​ဖြင့် ကောင်း​မွန်​စွာ​ပြု​ပါ​ပြီ။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်၌​မှာ​ထား​တော်​မူ​သ​မျှ​ကို နား​ထောင်​ခြင်း​ငှာ၊ ယ​ခု​အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ အ​သင့်​နေ​ကြ​ပါ​သည်​ဟု ကော်​နေ​လိ ပြော​ဆို၏။

ဗေ​ရိ​မြို့​သား​တို့​သည် သက်​သာ​လော​နိတ်​မြို့​သား​တို့​ထက် ထူး​မြတ်​သ​ဖြင့်၊ အ​လွန်​ကြည်​ညို​သော စေ​တ​နာ​စိတ်​နှင့် နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ၍ မှန်​သည်​မ​မှန်​သည်​ကို​သိ​ခြင်း​ငှာ၊ ကျမ်း​စာ​ကို​နေ့​တိုင်း အ​စဉ်​စေ့​စေ့​ကြည့်​ရှု​ကြ၏။-

သင်​တို့​သည် စား​သောက်​ရာ​ဖို့ ကိုယ်​အိမ်​မ​ရှိ​သ​လော။ သို့​မ​ဟုတ်​လျှင်၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်​ကို မ​ထီ​မဲ့​မြင်​ပြု၍၊ ဆင်း​ရဲ​သော​သူ​တို့​ကို ရှက်​ကြောက် စေ​သ​လော။ အ​ဘယ်​သို့ ငါ​ဆို​ရ​မည်​နည်း။ ဤ​အ​မှု​မှာ သင်​တို့​ကို ချီး​မွမ်း​ရ​မည်​လော။ မ​ချီး​မွမ်း​ရ။

အ​ကြောင်း​မူ​ကား၊ သ​မ္မာ​တ​ရား​ကို သိ​ပြီး​မှ ကိုယ်​အ​လို​သို့​လိုက်၍ ပြစ်​မှား​ပြန်​လျှင်၊ နောက်​တစ်​ဖန် အ​ပြစ်​ဖြေ​သော​ယဇ်​ကို ပူ​ဇော်​ရာ​အ​ခွင့် မ​ရှိ​ဘဲ၊-

သို့​ဖြစ်၍၊ ငါ​ချစ်​သော ညီ​အစ်​ကို​တို့၊ ခပ်​သိမ်း​သော​သူ​တို့​သည် နား​ကြား​ခြင်း​ငှာ လျင်​မြန်​ကြ​စေ။ စ​ကား​ပြော​ခြင်း​ငှာ​လည်း​ကောင်း၊ အ​မျက်​ထွက်​ခြင်း​ငှာ​လည်း​ကောင်း နှေး​ကြ​စေ။-

ထာ​ဝ​ရ​ဘု​ရား၏ ဗိုလ်​ခြေ​ကို​အုပ်​စိုး​သော ဗိုလ်​မှူး​က၊ သင်၏​ခြေ​နင်း​ကို ချွတ်​လော့။ သင်​နင်း​သော​အ​ရပ်​ကား မြေ​မြတ်​ဖြစ်​သည်​ဟု ဆို​သည်​အ​တိုင်း ယော​ရှု​ပြု​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ