Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 9:24

Judson Bible

အဲ​ဂု​တ္တု​ပြည်​တည်​ထောင်​သည်​ကာ​လ​မှ​စ၍ တစ်​ခါ​မျှ​မ​ဖြစ်​ဖူး သော မိုး​သီး၊ မီး​နှင့်​ရော၍ အ​လွန်​ပြင်း​ထန်​စွာ​သော မိုး​သီး​ဖြစ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဘေး​ရောက်​ရာ အ​ချိန်​ကာ​လ​နှင့် စစ်​ပြိုင်၍ တိုက်​ရာ​အ​ချိန်​ကာ​လ​ဖို့၊ ငါ​သို​ထား​သော မိုး​သီး​ဘ​ဏ္ဍာ​များ​ကို မြင်​ဖူး​သ​လော။

မိုး​ရေ​အ​စား မိုး​သီး​ကို​လည်း​ကောင်း၊ သူ​တို့​မြေ​ပေါ်​မှာ မီး​လျှံ​ကို​လည်း​ကောင်း ပေး​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ကောင်း​ကင်​ပေါ်​မှာ မိုး​ချုန်း၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် အ​သံ​တော်​ကို​လွှင့်​တော်​မူ၏။

သင်၏​ဘိုး​ဘေး​တို့​သည် မြေ​ပေါ်​မှာ​ဖြစ်​သည်​ကာ​လ​မှ​စ၍၊ ယ​နေ့​တိုင်​အောင် မ​မြင်​ဖူး​သ​ကဲ့​သို့၊ သင်၏​အိမ်​များ၊ သင်၏​ကျွန်​တို့​အိမ်​များ၊ အဲ​ဂု​တ္တု​လူ​အ​ပေါင်း​တို့၏ အိမ်​များ​တို့​ကို ဖြည့်​ကြ​လိမ့်​မည်​ဟု​ဆို​ပြီး​လျှင်၊ လှည့်၍ ဖာ​ရော​ဘု​ရင်​ထံ​မှ ထွက်​သွား​လေ​၏။

ကြည့်​ရှု​လော့။ အဲ​ဂု​တ္တု​ပြည်​တည်​သည်​ကာ​လ​မှ​စ၍ ယ​ခု​တိုင်​အောင် မ​ရွာ​ဖူး​သော အ​လွန်​ကြီး​စွာ​သော မိုး​သီး​ရွာ​ခြင်း​ကို နက်​ဖြန်​နေ့​ဤ​အ​ချိန်၌ ငါ​ဖြစ်​စေ​မည်။

မော​ရှေ​သည်​မိ​မိ​လှံ​တံ​ကို မိုး​ကောင်း​ကင်​သို့​ဆန့်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကြိုး​နှင့်​မိုး​သီး​ကို လွှတ်​တော်​မူ၏။ မီး​သည်​လည်း မြေ​ပေါ်​မှာ​ပြေး​လေ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည်၊ အဲ​ဂု​တ္တု​ပြည်၌ မိုး​သီး​ရွာ​စေ​တော်​မူ​သ​ဖြင့်၊

အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌၊ လယ်​ပြင်​မှာ​ရှိ​သ​မျှ​သော လူ​နှင့်​တိ​ရ​စ္ဆာန်​များ၊ မြက်​ပင်​များ၊ သစ်​ပင်​များ​တို့​ကို မိုး​သီး​ထိ​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဘုန်း​ကြီး​သော​အ​သံ​တော်​ကို လွှတ်​တော်​မူ​လိမ့်​မည်။ လက်​ရုံး​တော် သက်​ရောက်​ခြင်း၊ ပြင်း​စွာ​အ​မျက်​ထွက်​ခြင်း၊ မီး​လျှံ​လောင်​ခြင်း၊ မိုး​သီး​ပါ​လျက်၊ မိုး​သက်​မုန်​တိုင်း​များ​တို့​ကို ပြ​တော်​မူ​လိမ့်​မည်။

ငါ​ကြည့်​ရှု၍၊ ပြင်း​စွာ​သော​လေ၊ ကြီး​စွာ​သော မိုး​တိမ်၊ ထွန်း​လင်း​သော မီး​စက်​သည် မြောက်​မျက်​နှာ​မှ ပေါ်​လာ၏။ မီး​စက်​ထဲ​က ဟ​ရှ​မေ​လ​ရွှေ​ရောင် ထွက်​လေ၏။

ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည်​အ​မျက်​ထွက်၍၊ သင်​တို့​အုတ်​ရိုး​ကို မိုး​သက်​မုန်​တိုင်း​အား​ဖြင့်​တိုက်၍ ဖျက်​မည်။ ငါ၏​ဒေါ​သ​အ​ရှိန်​ကြောင့် မိုး​ရေ​လွှမ်း​မိုး၍၊ ကြီး​စွာ​သော​မိုး​သီး​နှင့် ဆုံး​စေ​မည်။

အ​ကြောင်း​မူ​ကား၊ က​မ္ဘာ​ဦး​မှ​စ၍ ယ​ခု​တိုင်​အောင် မ​ဖြစ်​စ​ဖူး၊ နောက်၌​လည်း မ​ဖြစ်​လ​တ္တံ့​သော ကြီး​စွာ​သော ဒု​က္ခ​သည် ထို​ကာ​လ၌ ဖြစ်​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ