Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 9:23

Judson Bible

မော​ရှေ​သည်​မိ​မိ​လှံ​တံ​ကို မိုး​ကောင်း​ကင်​သို့​ဆန့်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကြိုး​နှင့်​မိုး​သီး​ကို လွှတ်​တော်​မူ၏။ မီး​သည်​လည်း မြေ​ပေါ်​မှာ​ပြေး​လေ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည်၊ အဲ​ဂု​တ္တု​ပြည်၌ မိုး​သီး​ရွာ​စေ​တော်​မူ​သ​ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ထက်၊ အ​ထံ​တော်​မှ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​အ​ပေါ်​သို့ ကန့်​နှင့် မီး​မိုး​ကို ရွာ​စေ​တော်​မူ​၏။

ဒဏ်​ခတ်​သော်​လည်း​ကောင်း၊ မြေ​တော်​ကို ပြု​စု​သော်​လည်း​ကောင်း၊ ချမ်း​သာ​ပေး​သော်​လည်း​ကောင်း လာ​စေ​တော်​မူ၏။

မိ​မိ​မိုး​သီး​ကို စား​နုတ်​စား​ပေါက်​ကဲ့​သို့ လွှတ်​တော်​မူ၍၊ ချမ်း​စေ​တော်​မူ​ခြင်း​ကို အ​ဘယ်​သူ​ခံ​နိုင်​သ​နည်း။

မီး​နှင့်​မိုး​သီး၊ မိုး​ပွင့်​နှင့်​အ​ခိုး​အ​ငွေ့၊ အ​မိန့်​တော်​ကို နား​ထောင်​သော လေ​ပြင်း​မုန်​တိုင်း၊

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ကောင်း​ကင်​ပေါ်​မှာ မိုး​ချုန်း၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် အ​သံ​တော်​ကို​လွှင့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား၏​အ​သံ​တော်​သည် သ​မု​ဒ္ဒ​ရာ​ပေါ်​မှာ ရှိ​တော်​မူ၏။ ဘုန်း​ကြီး​တော်​မူ​သော ဘု​ရား​သ​ခင်​သည် မိုး​ချုန်း​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် များ​စွာ​သော​ရေ​ပေါ်​မှာ ရှိ​တော်​မူ၏။

ကိုယ်​တော်၏ မိုး​ကြိုး​သံ​သည် လေ​ပွေ၌​ပါ၍၊ လျှပ်​စစ်​ပြက်​သ​ဖြင့်၊ လော​က​ကို လင်း​စေ​ပါ၏။ မြေ​ကြီး​သည်​လည်း တုန်​လှုပ်​ပါ၏။

သုံး​ရက်​မြောက်​သော​နေ့၊ နံ​နက်​အ​ချိန်၌ တောင်​ပေါ်​မှာ​မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း​နှင့်​တ​ကွ မိုး​တိမ်​တိုက်​လွှမ်း​မိုး၍ ကြီး​သော​အ​သံ​နှင့် တံ​ပိုး​မြည်​သ​ဖြင့်၊ တပ်၌​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် တုန်​လှုပ်​ကြ၏။

လူ​အ​ပေါင်း​တို့​သည် မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း၊ တံ​ပိုး​သံ​မြည်​ခြင်း၊ တောင်​ထဲ​က​မီး​ခိုး​ထွက်​ခြင်း အ​ကြောင်း​အ​ရာ​တို့​ကို မြင်​သော​အ​ခါ၊ ကြောက်​သော​ကြောင့်​ရွှေ့၍ အ​ဝေး၌​ရပ်​နေ​ကြ​၏။

ကြည့်​ရှု​လော့။ အဲ​ဂု​တ္တု​ပြည်​တည်​သည်​ကာ​လ​မှ​စ၍ ယ​ခု​တိုင်​အောင် မ​ရွာ​ဖူး​သော အ​လွန်​ကြီး​စွာ​သော မိုး​သီး​ရွာ​ခြင်း​ကို နက်​ဖြန်​နေ့​ဤ​အ​ချိန်၌ ငါ​ဖြစ်​စေ​မည်။

အဲ​ဂု​တ္တု​ပြည်​တည်​ထောင်​သည်​ကာ​လ​မှ​စ၍ တစ်​ခါ​မျှ​မ​ဖြစ်​ဖူး သော မိုး​သီး၊ မီး​နှင့်​ရော၍ အ​လွန်​ပြင်း​ထန်​စွာ​သော မိုး​သီး​ဖြစ်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဘုန်း​ကြီး​သော​အ​သံ​တော်​ကို လွှတ်​တော်​မူ​လိမ့်​မည်။ လက်​ရုံး​တော် သက်​ရောက်​ခြင်း၊ ပြင်း​စွာ​အ​မျက်​ထွက်​ခြင်း၊ မီး​လျှံ​လောင်​ခြင်း၊ မိုး​သီး​ပါ​လျက်၊ မိုး​သက်​မုန်​တိုင်း​များ​တို့​ကို ပြ​တော်​မူ​လိမ့်​မည်။

ငါ​သည် ကာ​လ​နာ​ဘေး၊ အ​သေ​သတ်​ခြင်း​ဘေး​အား​ဖြင့် သူ့​ကို​ဒဏ်​ပေး​မည်။ သူ​နှင့် သူ၌​ပါ​သော​တပ်​များ၊ အ​လုံး​အ​ရင်း​များ​အ​ပေါ်​မှာ လွှမ်း​မိုး​သော​မိုး​ရေ၊ ကြီး​သော​မိုး​သီး၊ ကန့်​နှင့်​ရော​သော မီး​မိုး​ကို​ရွာ​စေ​မည်။

ထို​သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ရှေ့​မှာ​ပြေး၍ ဗေ​သော​ရုန်​မြို့​သို့ ဆင်း​သွား​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​မှ ကြီး​စွာ​သော မိုး​သီး​ကို အ​ဇေ​ကာ​မြို့​တိုင်​အောင် သူ​တို့​အ​ပေါ်၌ ချ​တော်​မူ၍၊ သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့၏ ဓား​ကြောင့်​သေ​သည်​ထက် မိုး​သီး​ကြောင့် သာ၍​သေ​ကြ၏။

လျှပ်​စစ်​ပြက်​ခြင်း၊ အ​သံ​မြည်​ခြင်း၊ မိုး​ချုန်း​ခြင်း၊ ကြီး​စွာ​သော မြေ​လှုပ်​ခြင်း​ဖြစ်​ကြ၏။ မြေ​ကြီး​အ​ပေါ်​မှာ လူ​တို့​ဖြစ်​သည့် ကာ​လ​မှ​စ၍ ထို​သို့​သော လ​က္ခ​ဏာ​နှင့် ထို​မျှ​လောက် ပြင်း​ထန်​စွာ​သော မြေ​လှုပ်​ခြင်း​သည် မ​ဖြစ်​စ​ဖူး။

ထို​မိုး​သီး​ဘေး​ဒဏ် အ​လွန်​ကြီး​သည်​ဖြစ်၍၊ လူ​တို့​သည် မိုး​သီး​ဘေး​ဒဏ်​ကြောင့် ဘု​ရား​သ​ခင်​ကို ကျိန်​ဆဲ​ကြ၏။

ပ​ထ​မ​သူ​သည် တံ​ပိုး​မှုတ်​သော​အ​ခါ မိုး​သီး​ဖြစ်၏။ အ​သွေး​နှင့် ရော​နှော​သော​မီး​လည်း ဖြစ်၏။ မြေ​ကြီး​အ​ပေါ်​သို့ ချ​လိုက်၍၊ မြေ​သုံး​စု​တစ်​စု၊ သစ်​ပင်​သုံး​စု​တစ်​စု၊ စိမ်း​သော မြက်​ပင်​ရှိ​သ​မျှ​တို့​ကို ကျွမ်း​လောင်​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ