ထွက်မြောက် 9:22Judson Bibleထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ လူတို့အပေါ်မှာလည်းကောင်း၊ တိရစ္ဆာန်တို့အပေါ်မှာလည်းကောင်း၊ လယ်ပြင်၌ရှိလေသမျှသောအပင်များအပေါ်မှာလည်းကောင်း၊ မိုးသီးရွာစေခြင်းငှာ၊ သင်၏လက်ကို မိုးကောင်းကင်သို့ဆန့်လော့ဟု မောရှေအား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
တစ်ဖန်ထာဝရဘုရားသည် မောရှေကိုမိန့်တော်မူပြန်သည်ကား၊ အာရုန်အား သင်၏လှံတံကိုယူ၍ အဲဂုတ္တုပြည်၌ရှိသောချောင်းရေ၊ မြစ်ရေ၊ အိုင်အင်းရေ၊ ကန်ရေ၊ တွင်းရေရှိသမျှအပေါ်မှာ လက်ကိုဆန့်လော့။ ထိုရေရှိသမျှတို့သည် အသွေးဖြစ်လိမ့်မည်။ အဲဂုတ္တုပြည်တစ်လျှောက်လုံး၊ သစ်ခွက်၊ ကျောက်အိုး၌မျှမကြွင်း အသွေးရှိလိမ့်မည်အကြောင်းကိုပြောလော့ဟု မိန့်တော်မူ၏။