ထွက်မြောက် 6:12Judson Bibleမောရှေကလည်း၊ ဣသရေလအမျိုးသားတို့သည် အကျွန်ုပ်ပြောသောစကားကို နားမထောင်ဘဲနေသည်ဖြစ်၍၊ အရေဖျားလှီးခြင်းကိုမခံသောနှုတ်နှင့် ပြောတတ်သော အကျွန်ုပ်၏စကားကို ဖာရောမင်းသည် အဘယ်သို့နားထောင်ပါမည်နည်းဟု ထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။ အခန်းကိုကြည့်ပါ။ |
မောရှေကလည်း၊ အကျွန်ုပ်သည် ဣသရေလအမျိုးသားတို့ရှိရာသို့ရောက်၍၊ သင်တို့ဘိုးဘေးများ၏ဘုရားသခင်သည် ငါ့ကိုသင်တို့ရှိရာသို့စေလွှတ်တော်မူပြီဟု အကျွန်ုပ်ဆိုလျှင်၊ သူတို့က၊ ထိုဘုရားသခင်၏နာမတော်ကား အဘယ်သို့နည်းဟု အကျွန်ုပ်ကိုပြန်၍မေးသောအခါ၊ အဘယ်သို့ပြန်ပြောရပါမည်နည်းဟု ဘုရားသခင်အားမေးလျှောက်လေ၏။
အဲဂုတ္တုလူ၊ ယုဒလူ၊ ဧဒုံလူ၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသား၊ ပါးမုန်းကိုရိတ်တတ်သောလူမျိုး၊ တော၌နေသောသူအပေါင်းတို့ကို ငါဆုံးမရသော အချိန်ကာလရောက်လိမ့်မည်။ တစ်ပါးအမျိုးသားအပေါင်းတို့သည် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်ကြ၏။ ဣသရေလ အမျိုးသားအပေါင်းတို့သည်လည်း၊ စိတ်နှလုံးအားဖြင့် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်ကြ၏။
ငါသည် သူတို့ကိုဆန့်ကျင်ဘက်ပြု၍ ရန်သူပြည်သို့ပို့ဆောင်သော အကြောင်းများနှင့်တကွ၊ ကိုယ်အပြစ်၊ ဘိုးဘတို့အပြစ်များကို ဖော်ပြတောင်းပန်လျှင်လည်းကောင်း၊ အရေဖျားလှီးခြင်းကိုမခံသော မိမိတို့နှလုံးကိုနှိမ့်ချ၍၊ မိမိတို့အပြစ်ကြောင့်ခံရသောဒဏ်ကို ဝန်ခံလျှင်လည်းကောင်း၊