Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 6:11

Judson Bible

သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မိ​မိ​ပြည်​မှ​လွှတ်​ရ​မည်​အ​ကြောင်း ပြော​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​ကြောင့် ယ​ခု​သွား​လော့။ သင်​သည် ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​မည်​အ​ကြောင်း၊ သင့်​ကို​ဖာ​ရော​ဘု​ရင်​ထံ​သို့ ငါ​စေ​လွှတ်​မည်​ဟု မိန့်​တော်​မူ၏။

ဖာ​ရော​ဘု​ရင်​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​က ဣ​သ​ရေ​လ​သည်​ငါ့​သား​ဖြစ်၏။ ငါ့​သား​ဦး​ဖြစ်၏။

ငါ့​သား​သည် ငါ့​အား​ဝတ်​ပြု​သော​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ လွှတ်​လော့။ မ​လွှတ်​ဘူး​ဟု ငြင်း​လျှင်၊ သင်၏​သား၊ သင်၏​သား​ဦး​ကို​ပင်​ငါ​ကွပ်​မျက်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မော​ရှေ​အား​မှာ​ထား​တော်​မူ၏။

ထို​နောက်​မှ၊ မော​ရှေ​နှင့် အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘုရား​က၊ ငါ၏​လူ​တို့​သည် တော၌​ငါ့​အ​ဖို့ ပွဲ​ခံ​စေ​ခြင်း​ငှာ​လွှတ်​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​၏။

အ​ကျွန်ုပ်​သည် ကိုယ်​တော်​အ​ခွင့်​နှင့်​ပြော​ခြင်း​ငှာ၊ ဖာ​ရော​မင်း​ထံ​သို့ ဝင်​သည်​နေ့​မှ​စ၍၊ သူ​သည် ဤ​လူ​မျိုး​ကို​ညှဉ်း​ဆဲ​ပါ​ပြီ။ ကိုယ်​တော်​သည် ကိုယ်​တော်၏​လူ​တို့​ကို အ​လျှင်း​ကယ်​လွှတ်​တော်​မ​မူ​ပါ​ဟု​လျှောက်၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​ထံ​သို့​ဝင်၍၊

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​မှာ​လိုက်​သ​မျှ​တို့​ကို၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​အား​ပြန်​ပြော​ရ​မည်​ဟု မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သို့​ဖြစ်၍ သင့်​ကို ဖာ​ရော​ဘု​ရင်၏ ဘု​ရား​အ​ရာ၌ ငါ​ခန့်​ထား၏။ သင်၏​အစ်​ကို​အာ​ရုန်​သည်၊ သင်၏​ပ​ရော​ဖက်​ဖြစ်​ရ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ