Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 6:13

Judson Bible

သို့​ရာ​တွင် မော​ရှေ​နှင့် အာ​ရုန်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​ခေါ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ဖာ​ရော​မင်း​ထံ​သို့​လည်း​ကောင်း စေ​ခိုင်း​မှာ​ထား​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သွား​လေ​ရာ​ရာ၌ သင့်​ကို​စောင့်​ရှောက်​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​တို့​အား သင့်​အ​ဖို့ မှာ​ထား​တော်​မူ​သည်​ဖြစ်၍၊

မော​ရှေ​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ်​ပြော​သော​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သည်​ဖြစ်​၍၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော​နှုတ်​နှင့် ပြော​တတ်​သော အ​ကျွန်ုပ်၏​စ​ကား​ကို ဖာ​ရော​မင်း​သည် အ​ဘယ်​သို့​နား​ထောင်​ပါ​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ လျှောက်​ဆို​၏။

ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့၏​အ​မည်​ဟူ​မူ​ကား၊ ဣ​သ​ရေ​လ​သား​ဦး ရု​ဗင်၏​သား​ကား၊ ဟာ​နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ​တည်း။ ဤ​သူ​တို့​သည် ရု​ဗင်​အ​မျိုး​အ​နွယ်​ဖြစ်​၏။

ထာ​ဝ​ရ​ဘု​ရား​က ဣ​သ​ရေ​လ​အ​မျိုး​သား​ဗိုလ်​ပါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​လော့​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို​ခံ​သော​သူ၊

ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့၌ သူ့​ကို​ထား၍ မှာ​ခဲ့​လော့။

သူ့​အ​ပေါ်​မှာ​လက်​ကို​တင်၍ မှာ​ခဲ့​လေ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် ပ​ညတ်​ထား​တော်​မူ၏။

ကျမ်း​စာ​လာ​သည်​ကား၊ ကောင်း​ကင်​တ​မန်​တို့​အား သင့်​အ​ဖို့ မှာ​ထား​တော်​မူ​သည် ဖြစ်၍၊ သင်၏​ခြေ​ကို ကျောက်​နှင့် မ​ထိ​မ​ခိုက်​စေ​ခြင်း​ငှာ သူ​တို့​သည်​သင့်​ကို လက်​နှင့် မ​စ​ချီ​ပင့်​ကြ​လိမ့်​မည်​ဟု လာ၏။ ထို​ကြောင့် ဘု​ရား​သ​ခင်၏ သား​တော်​မှန်​လျှင် ကိုယ်​ကို အောက်​သို့​ချ​လိုက်​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် သေ​ရ​သော​အ​ချိန်​နီး​ပြီ။ ယော​ရှု​ကို​ခေါ်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့ ချဉ်း​ကပ်​လော့။ သူ့​ကို​ငါ​မှာ​ထား​မည်​ဟု မော​ရှေ​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​နှင့် ယော​ရှု​သည်​သွား၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့ ချဉ်း​ကပ်​ကြ၏။

ငါ့​သား​တိ​မော​သေ၊ သင့်​ကို​ရည်​မှတ်၍ ဟော​ပြော​ခဲ့​ပြီး​သော အ​နာ​ဂ​တ္တိ​စ​ကား​ကို သင်​သည်​အ​မှီ​ပြု၍၊ ယုံ​ကြည်​ခြင်း​ကို​လည်း​ကောင်း၊ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကြည်​လင်​ခြင်း​ကို​လည်း​ကောင်း စွဲ​လမ်း၍ ကောင်း​သော​စစ်​ကို တိုက်​စေ​ခြင်း​ငှာ၊ ထား​ခဲ့​ပြီး​သော ထို​အ​နာ​ဂ​တ္တိ​စ​ကား​နှင့်​အ​ညီ၊ အ​ထက် ငါ​ဆို​ခဲ့​ပြီး​သော ပ​ညတ်​ထား​ခြင်း​အ​ခွင့်​ကို သင်၌ ငါ​အပ်​ပေး၏။-

ရှေ့​မ​ဆွ​က​မ​စီ​ရင်၊ ငဲ့​ကွက်​သော​စိတ်​နှင့် အ​လျှင်း​မ​ပြု​ဘဲ၊ ဤ​ပ​ညတ်​များ​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​ရှေ့​မှာ​လည်း​ကောင်း၊ ရွေး​ကောက်​တော်​မူ​သော ကောင်း​ကင်​တ​မန်​တို့ ရှေ့​မှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို သ​စ္စာ​ပေး၏။

ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ​သည်​တိုင်​အောင်၊ သင်​သည်​အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်၍ အ​ပြစ်​တင်​ခွင့် မ​ရှိ​ဘဲ​လျက်၊ ပ​ညတ်​တော်​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊-

ဤ​ဘ​ဝ၌ ငွေ​ရ​တတ်​သော​သူ​တို့​သည် မာန်​မာ​န စိတ်​နှင့် ကင်း​လွတ်၍၊ မ​မြဲ​သော​စည်း​စိမ်​ကို မ​ကိုး​စား​ဘဲ၊ ငါ​တို့​ခံ​စား​ဖို့​ရာ အ​လုံး​စုံ​တို့​ကို​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​သော၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​ရ​မည်​အ​ကြောင်း​နှင့်၊-

စစ်​သူ​ရဲ​မည်​သည်​ကား၊ မိ​မိ​ကို​စစ်​သူ​ရဲ​အ​ရာ၌ ခန့်​ထား​သော​သူ​ကို နှစ်​သက်​စေ​ခြင်း​ငှာ၊ လော​ကီ​မှု ရေး​နှင့်​ပြွမ်း​နှော​ရှုပ်​ထွေး​ခြင်း​ကို ပယ်​ရှား​တတ်၏။-

ကိုယ်​တော်​တိုင်​ပေါ်​ထွန်း၍ နိုင်​ငံ​တော်​ထင်​ရှား​သော​ကာ​လ၊ အ​သက်​ရှင်​သော​သူ၊ သေ​သော​သူ​တို့​ကို စစ်​ကြော​စီ​ရင်​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ် ရှေ့​မှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင် ရှေ့​မှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို သ​စ္စာ​ပေး​သည်​ကား၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ