Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 5:22

Judson Bible

မော​ရှေ​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​သွား၍၊ အို​ဘု​ရား​ရှင်၊ ကိုယ်​တော်​သည် ဤ​လူ​မျိုး​ကို အ​ဘယ်​ကြောင့်​ညှဉ်း​ဆဲ​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် စေ​လွှတ်​တော်​မူ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဧ​လိ​ယ​က​လည်း၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဘက်၌ အ​လွန်​စိတ်​အား​ကြီး​ပါ​ပြီ။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်၏ ပ​ဋိ​ညာဉ်​တ​ရား​ကို​စွန့်​ပြီး​လျှင်၊ ကိုယ်​တော်၏​ယဇ်​ပ​လ္လင်​များ​ကို ဖြို​ဖျက်၍ ကိုယ်​တော်၏​ပ​ရော​ဖက်​များ​ကို ဓား​နှင့် သတ်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တစ်​ယောက်​တည်း​ကျန်​ရစ်၍၊ အ​ကျွန်ုပ်​အ​သက်​ကို​ပင်​သတ်​ခြင်း​ငှာ ရှာ​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။

သူ့​ကိုယ်​တိုင်​သည် တော​သို့ တစ်​နေ့​ခ​ရီး​သွား​ပြီး​လျှင်၊ ရ​သမ်​ပင်​အောက်​သို့ ရောက်၍ ထိုင်​လေ၏။ ထို​အ​ခါ ကိုယ်​အ​သက်​သေ​ရ​မည်​အ​ကြောင်း ဆု​တောင်း​လျက်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​တန်​ပါ၏။ အ​ကျွန်ုပ်​အ​သက်​ကို သိမ်း​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဘိုး​ဘေး​တို့​ထက် သာ၍​မ​ကောင်း​ပါ​ဟု မြည်​တမ်း​ပြီး​လျှင်၊

ကိုယ်​တော်​မှ​တစ်​ပါး၊ ကောင်း​ကင်​ဘုံ​မှာ အ​ကျွန်ုပ်၌ အ​ဘယ်​သူ​ရှိ​ပါ​သ​နည်း။ ကိုယ်တော်ကိုအလိုရှိသည်နှင့်အမျှ မြေကြီးပေါ်မှာအကျွန်ုပ်သည် အဘယ်အလိုရှိပါသနည်း။

ထို​အ​ခါ မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်၍၊ ဤ​လူ​တို့​အား အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​ကို ခဲ​နှင့်​ပစ်​လု​ကြ​ပါ​ပြီ​ဟု လျှောက်​လေ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့် တ​ရား​စ​ကား​ကို​ဆွေး​နွေး​သော​အ​ခါ၊ ကိုယ်​တော်​သည် တ​ရား​တော်​မူ၏။ သို့​သော်​လည်း၊ စစ်​ကြော​စီ​ရင်​တော်​မူ​ခြင်း​အ​ကြောင်း​ကို မေး​လျှောက်​ပါ​မည်။ မ​တ​ရား​သော​သူ​တို့​သည် အ​ဘယ်​ကြောင့် အ​ကြံ​မြောက်​ရ​ကြ​ပါ​သ​နည်း။ အ​လွန်​သ​စ္စာ​ပျက်​သော သူ​အ​ပေါင်း​တို့​သည် အ​ဘယ်​ကြောင့် ချမ်း​သာ​ရ​ကြ​ပါ​သ​နည်း။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို သွေး​ဆောင်​တော်​မူ​သည်​အ​တိုင်း အ​ကျွန်ုပ်​လိုက်​ပါ​ပြီ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ထက်​အား​ကြီး၍ နိုင်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ကဲ့​ရဲ့​ခြင်း​ကို နေ့​တိုင်း​ခံ​ရ​ပါ၏။ လူ​တိုင်း ပြက်​ရယ်​ခြင်း​ကို ပြု​တတ်​ကြ​ပါ၏။

ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ သန်​လျက်​သည် အ​သက်​ကို​ထိ​သည်​တိုင်​အောင် ခွင်း​သော်​လည်း၊ သင်​တို့​သည် ငြိမ်​သက်​ခြင်း ရှိ​ကြ​လိမ့်​မည်​ဟု ကိုယ်​တော်​သည် မိန့်​တော်​မူ​သော​အား​ဖြင့်၊ ဤ​လူ​များ​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို အ​လွန်​လှည့်​စား​တော်​မူ​ပါ​ပြီ တ​ကား​ဟု လျှောက်​ဆို၏။

ထို​ရူ​ပါ​ရုံ​သည် ချိန်း​ချက်​သော အ​ချိန်​နှင့်​ဆိုင်၍ အ​မှု​ကုန်​ရ​သော​ကာ​လ​ကို ဆို​လို၏။ မု​သား​နှင့် ကင်း​လွတ်၏။ ဆိုင်း​သော်​လည်း မျှော်​လင့်​လော့။ နောက်​မ​ကျ​ဘဲ ဧ​ကန်​အ​မှန်​ရောက်​လိမ့်​မည်။

ဤ​လူ​အ​ပေါင်း​တို့​ကို​ထမ်း​စေ​ဟု သူ​တို့​ကို ကိုယ်​တော်​ကျွန်​အ​ပေါ်​မှာ​တင်၍ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် ရှေ့​တော်၌​မျက်​နှာ​မ​ရ​ဘဲ နေ​ရ​ပါ​သ​နည်း။

ယော​ရှု​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဤ​လူ​အ​ပေါင်း​တို့​ကို အာ​မော​ရိ​လူ​တို့​လက်​သို့​အပ်၍ ဖျက်​ဆီး​စေ​ခြင်း​ငှာ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် ရောင့်​ရဲ​သော​စိတ်​ရှိ၍ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ နေ​ကြ​ပါ​စေ​သော။

ဒါ​ဝိဒ်​သည် အ​လွန်​စိတ်​ငြို​ငြင်​ဆင်း​ရဲ၏။ လူ​များ​တို့​သည် မိ​မိ​တို့ သား​သ​မီး​များ​ကြောင့် စိတ်​ညှိုး​ငယ်​သ​ဖြင့်၊ ဒါ​ဝိဒ်​ကို ကျောက်​ခဲ​နှင့် ပစ်​မည်​ဟု ဆို​ကြ၏။ ဒါ​ဝိဒ်​မူ​ကား မိ​မိ​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​လျက်​နေ၍၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ