Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 5:23

Judson Bible

အ​ကျွန်ုပ်​သည် ကိုယ်​တော်​အ​ခွင့်​နှင့်​ပြော​ခြင်း​ငှာ၊ ဖာ​ရော​မင်း​ထံ​သို့ ဝင်​သည်​နေ့​မှ​စ၍၊ သူ​သည် ဤ​လူ​မျိုး​ကို​ညှဉ်း​ဆဲ​ပါ​ပြီ။ ကိုယ်​တော်​သည် ကိုယ်​တော်၏​လူ​တို့​ကို အ​လျှင်း​ကယ်​လွှတ်​တော်​မ​မူ​ပါ​ဟု​လျှောက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဆို​တတ်​သော အ​ဓ​မ္မ​လူ​တို့ လိုက်​ဖူး​သော​လမ်း​ဟောင်း​ကို သင်​သည် လိုက်​ဦး​မည်​လော။

ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ထဲ​က အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ကောင်း​ချီး​ပေး​ကြ​ပါ၏။

သူ​တို့​ကို​အဲ​ဂု​တ္တု​ပြည်၊ အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​ကယ်​နုတ်၍၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ၊ နို့​နှင့်​ပျား​ရည်​စီး​တတ်​သော ပြည်​သို့​ပို့​ဆောင်​ခြင်း​ငှာ ငါ​ဆင်း​လာ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည်​ဖာ​ရော​မင်း၌ အ​ဘယ်​သို့​ပြု​မည်​ကို သင်​သည် ယ​ခု​သိ​လိမ့်​မည်။ သူ​သည်​ကြီး​စွာ​သော​တန်​ခိုး​ကို​တွေ့​မြင်၍၊ ငါ​၏​လူ​တို့​ကို လွှတ်​ရ​လိမ့်​မည်။ ကြီး​စွာ​သော တန်​ခိုး​ကို​တွေ့​မြင်၍ သူ​တို့​ကို မိ​မိ​ပြည်​မှ​နှင်​ရ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က၊ စုံ​စမ်း​သော​အ​မြစ်​ကျောက်​တည်း​ဟူ​သော၊ မ​လှုပ်​နိုင်​အောင် မြဲ​မြံ​သော တိုက်​ထောင့်​အ​မြစ် ကျောက်​မြတ်​ကို ဇိ​အုန်​တောင်​ပေါ်​မှာ ငါ​ချ​ထား၏။ ထို​ကျောက်​ကို အ​မှီ​ပြု​သော​သူ​သည် ပြေး​ရ​သော​အ​ကြောင်း မ​ရှိ။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အာ​န​သုတ်​မြို့​သား​တို့​က၊ သင်​သည် ငါ​တို့​လက်​ဖြင့် မ​သေ​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အား​ဖြင့် ပ​ရော​ဖက်​မ​ပြု​နှင့်​ဟု​ဆို​လျက်၊ သင်၏​အ​သက်​ကို​ရှာ​ကြ​သော​ကြောင့်၊

ငါ​သည်​ခ​မည်း​တော်၏​အ​ခွင့်​နှင့် ရောက်​လာ​သော်​လည်း သင်​တို့​သည် ငါ့​ကို​လက်​မ​ခံ​ကြ။ အ​ခြား​သော​သူ​သည် မိ​မိ​အ​ခွင့်​နှင့်​ရောက်​လာ​လျှင် ထို​သူ​ကို လက်​ခံ​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ