Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 5:21

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ကြည့်​ရှု၍ စီ​ရင်​တော်​မူ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ ဖာ​ရော​မင်း​နှင့် အ​မှု​တော်​ထမ်း​အ​ပေါင်း​တို့​သည် ငါ​တို့​ကို ရွံ​ရှာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​တို့​ကို သတ်​ရ​သော​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် ပြု​ကြ​ပြီ​တ​ကား​ဟု ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

စာ​ရဲ​က​လည်း အ​ကျွန်ုပ်​ခံ​ရ​သော​အ​ပြစ်​သည် ကိုယ်​တော်​ခေါင်း​ပေါ်၌ တည်​ရှိ​ပါ​စေ။ အ​ကျွန်ုပ်၏​ကျွန်​မ​ကို ကိုယ်​တော်​ရင်​ခွင်၌ အ​ကျွန်ုပ်​အပ်​နှင်း​ပါ​ပြီ။ သူ​သည် ကိုယ်၌​ပ​ဋိ​သ​န္ဓေ​စွဲ​နေ​ကြောင်း​ကို​သိ​လျှင်၊ အ​ကျွန်ုပ်​ကို မ​ထီ​မဲ့​မြင်​ပြု​ပါ​သည်​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​နှင့် ကိုယ်​တော်​အ​မှု​ကို စီ​ရင်​တော်​မူ​ပါ​စေ​သော​ဟု၊ အာ​ဗြံ​အား​ဆို​လေ၏။

အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်၊ နာ​ခေါ်၏​ဘု​ရား​သ​ခင်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​စပ်​ကြား၌ စီ​ရင်​တော်​မူ​စေ​သ​တည်း​ဟူ၍​လည်း​ကောင်း၊ ယာ​ကုပ်​အား​ဆို၏။ ယာ​ကုပ်​သည်​လည်း၊ မိ​မိ​အ​ဘ​ကြောက်​ရွံ့​ရာ ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​လေ၏။

ထို​အ​ခါ ယာ​ကုပ်​က၊ သင်​တို့​သည် ငါ့​ကို​ညှဉ်း​ဆဲ​ကြ​ပြီ​တ​ကား။ ခါ​န​နိ​လူ၊ ဖေ​ရ​ဇိ​လူ​တည်း​ဟူ​သော၊ ဤ​ပြည်​သား​တို့​သည် ငါ့​ကို​ရွံ​ရှာ​အောင်​ပြု​ကြ​ပြီ​တ​ကား။ ငါ​တို့၌ လူ​အ​ရေ​အ​တွက်​အား​နည်း​သော​ကြောင့်၊ သူ​တို့​သည်​စု​ဝေး၍ ငါ့​ကို​တိုက်​သတ်​သ​ဖြင့်၊ ငါ​နှင့် ငါ့​အိမ်​သူ​အိမ်​သား​တို့​ကို ဖျက်​ဆီး​ကြ​လိမ့်​မည်​ဟု၊ ရှိ​မောင်​နှင့် လေ​ဝိ​တို့​အား​ဆို​လေ​သော်၊

အ​မ္မုန်​အ​မျိုး​သား​တို့​က၊ ငါ​တို့​သည်​ဒါ​ဝိဒ်​ရှေ့​မှာ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​လိမ့်​မည်​ဟု သိ​လျှင်၊ လူ​တို့​ကို​စေ​လွှတ်၍ ဗက်​ရ​ဟော​ဘ​မြို့​နှင့် ဇော​ဘ​မြို့၌​နေ​သော ရှု​ရိ​လူ​ခြေ​သည် သူ​ရဲ​နှစ်​သောင်း၊ မာ​ခ​မင်း​ကြီး၏ လူ​တစ်​ထောင်၊ တော​ဘ​မြို့​သား တစ်​သောင်း​နှစ်​ထောင်​တို့​ကို ငှား​ကြ၏။

ဟာ​နုန်​မင်း​နှင့် အ​မ္မုန်​အ​မျိုး​သား​တို့​က၊ ငါ​တို့​သည် ဒါ​ဝိဒ်​ရှေ့​မှာ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​လိမ့်​မည်​ဟု သိ​လျှင်၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ရှု​ရိ​မာ​ခါ​ပြည်၊ ဇော​ဘ​ပြည်​တို့၌ မြင်း​ရ​ထား​တို့​ကို ငှား​ခြင်း​ငှာ ငွေ​အ​ခွက်​တစ်​သောင်း​ကို ထုတ်၍၊

မော​ရှေ​ကို​လည်း၊ အဲ​ဂု​တ္တု​ပြည်၌​သင်္ချိုင်း​မ​ရှိ​သော​ကြောင့်၊ ဤ​တော၌ သေ​စေ​ခြင်း​ငှာ ငါ​တို့​ကို​ဆောင်​ခဲ့​သ​လော။ ငါ​တို့​ကို ဤ​သို့​ပြု၍၊ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​သ​နည်း။

လူ​များ​တို့​သည် မော​ရှေ​ကို​အ​ပြစ်​တင်၍​မြည်​တမ်း​လျက်၊ အ​ဘယ်​သို့ သောက်​ရ​ပါ​မည်​နည်း​ဟု​ဆို​ကြ​၏။

ထို​တော၌ ဣ​သ​ရေ​လ​အ​မျိုး​သား​ပ​ရိ​သတ်​အ​ပေါင်း​တို့​က၊

ထို​လူ​များ​တို့​သည်​ယုံ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​ကြည့်​အ​ရှု​ကြွ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း​ကို မှတ်​တော်​မူ​သည်​ကို​လည်း​ကောင်း ကြား​သော​အ​ခါ၊ ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ​၏။

ဖာ​ရော​မင်း​ထံ​မှ​ထွက်​သွား​ကြ​စဉ်၊ လမ်း၌​စောင့်​လျက်​နေ​သော မော​ရှေ​နှင့် အာ​ရုန်​ကို​တွေ့​လျှင်၊

ထို​သို့​မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​သော်​လည်း၊ သူ​တို့​သည် အ​လွန်​စိတ်​ပင်​ပန်း​၍ ကြမ်း​တမ်း​စွာ​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​ကြောင့်၊ မော​ရှေ​စ​ကား​ကို​နား​မ​ထောင်​ဘဲ​နေ​ကြ​၏။

အ​ထုံ​သ​မား​လုပ်​သော နံ့​သာ​ဆီ​ကို သေ​သော​ယင်​ကောင်​သည် နံ​စေ​သ​ကဲ့​သို့၊ အ​နည်း​ငယ်​သော​အ​မိုက်​သည် ပ​ညာ​နှင့် ဂုဏ်​အ​သ​ရေ​ထင်​ရှား​သော​သူ​ကို ထို​အ​တူ ဖြစ်​စေ​တတ်၏။

ခြင်္သေ့​မ၊ ခြင်္သေ့​ပျို၊ မြွေ​ဆိုး၊ ပျံ​တတ်​သော​မီး​မြွေ များ​သ​ဖြင့်၊ အ​လွန်​ခဲ​ယဉ်း၍ ဆင်း​ရဲ​သော​ပြည်​ကို လျှောက်​လျက်၊ တောင်​မျက်​နှာ​သို့​သွား​သော တိ​ရ​စ္ဆာန်​တို့​အ​ပေါ်​မှာ တင်​သော​ဝန်​များ​ကို ကြည့်​ရှု​ကြ​လော့။ မြည်း​ပ​ခုံး​ပေါ်​မှာ ဥ​စ္စာ​ပ​စ္စည်း​များ​ကို​လည်း​ကောင်း၊ ကု​လား​အုတ်၏​ဘို့​ပေါ်​မှာ ဘ​ဏ္ဍာ​များ​ကို​လည်း​ကောင်း တင်၍၊ ကျေး​ဇူး​မ​ပြု​နိုင်​သော လူ​မျိုး​ထံ​သို့ ဆောင်​သွား​ကြ​သည်​တ​ကား။

မြောက်​မျက်​နှာ တပ်​သား​တို့​ကို သင်​တို့​နေ​ရာ​မှ ငါ​ပယ်​ရှား​မည်။ အ​ဘယ်​သူ​မျှ မ​ရှိ၊ သွေ့​ခြောက်​သော အ​ရပ်​သို့ နှင်​ထုတ်​မည်။ အ​ရှေ့​ပင်​လယ်​ကို မျက်​နှာ​ပြု​လျက်၊ အ​နောက်​ပင်​လယ်​ကို ကျော​ခိုင်း​လျက် ချီ​သွား​လိမ့်​မည်။ ပုပ်​စပ်​နံ​စော်​သော အ​နံ့​ထွက်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​သော အ​မှု​တို့​ကို ပြု​တော်​မူ​မည်​ဟု မိန့်​တော်​မူ​လိမ့်​မည်။

ငါ့​ဘုန်း​တော်​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​မှ​စ၍ ဤ​တော၌​ထူး​ဆန်း​သော တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ မြင်​ရ​သော​လူ​အ​ပေါင်း​တို့​သည်၊ ငါ့​စ​ကား​ကို​နား​မ​ထောင်၊ ဆယ်​ကြိမ်​တိုင်​အောင် ငါ့​ကို​စုံ​စမ်း​သော​ကြောင့်၊

ငါ​တို့​သည်​ဓား​ဖြင့်​သေ၍ သား​မ​ယား​တို့​သည် ရန်​သူ​လက်​သို့​ရောက်​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​ကြောင့်​ငါ​တို့​ကို ဤ​အ​ရပ်​သို့​ဆောင်​ခဲ့​တော်​မူ​သ​နည်း။ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​ကောင်း​သည်​မ​ဟုတ်​လော​ဟု မော​ရှေ​နှင့် အာ​ရုန်​အား​ဆို​ပြီး​မှ၊

ရှော​လု​သည် ဖိ​လိ​တ္တိ​တပ်​ကို လုပ်​ကြံ​ကြောင်း​နှင့် ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ကို​ရွံ​ရှာ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည် ကြား​သိ၍၊ လူ​များ​တို့​သည် ရှော​လု​နောက် ဂိ​လ​ဂါ​လ​မြို့၌ စည်း​ဝေး​ကြ၏။

အာ​ခိတ်​မင်း​က၊ ဒါ​ဝိဒ်​သည် မိ​မိ​ကို မိ​မိ​လူ​မျိုး အ​လွန်​စက်​ဆုပ် ရွံ​ရှာ​သည်​တိုင်​အောင် ပြု​ပြီ။ သို့​ဖြစ်၍ ငါ့​ထံ၌ အ​စဉ်​ကျွန်​ခံ​လိမ့်​မည်​ဟု ဒါ​ဝိဒ်​စ​ကား​ကို​ယုံ​လျက်​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ