Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 30:16

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​ရွေး​ငွေ​ကို​ယူ၍ သူ​တို့​အ​သက်​ကို​ရွေး​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏​သက်​သေ​ဖြစ်​ရ​မည်​အ​ကြောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​စ​ရိတ်​အ​ဖို့​အ​လို​ငှာ ထား​ရ​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် ရှင်​ဘု​ရင်​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​ယော​ယ​ဒ​ကို​ခေါ်၍၊ သက်​သေ​ခံ​တော်​မူ​ချက် တဲ​တော်​အ​ဖို့၊ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​နှင့် စည်း​ဝေး​ရာ ဣ​သ​ရေ​လ ပ​ရိသတ်​ပြု​သည်​နည်း​တူ၊ လေ​ဝိ​သား​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​အ​ရပ်​ရပ်​တို့​မှ ငွေ​ကို​ခံ​ယူ၍ ဆောင်​ခဲ့​မည်​အ​ကြောင်း၊ အ​ဘယ်​ကြောင့် မ​မှာ​ထား​ဘဲ​နေ​သ​နည်း​ဟု မေး​တော်​မူ၏။

ဤ​နေ့​ရက်​သည်​လည်း သင်​တို့​အောက်​မေ့​စ​ရာ​ဖို့​ဖြစ်၍၊ သင်​တို့၏​အ​မျိုး အ​စဉ်​အ​ဆက်​မ​ပြတ် ဤ​နေ့​ရက်၌ ထာ​ဝ​ရ​ဘု​ရား​အား​ပွဲ​ခံ​ရ​ကြ​မည်။ ပ​ညတ်​တော်​ရှိ​သည်​ဖြစ်၍၊ ထို​ပွဲ​ကို​အ​စဉ်​အ​မြဲ​ခံ​ရ​ကြ​မည်။

ကိုယ်​အ​သက်​ကို​ရွေး​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ကို​ပြု​သော​အ​ခါ၊ ငွေ​ရ​တတ်​သော​သူ​တို့​သည် မ​ပို၊ ဆင်း​ရဲ​သော​သူ​တို့​သည် မ​လျှော့​ဘဲ၊ လူ​တိုင်း​အ​ကျပ်​တစ်​ဝက်​စီ ပေး​ရ​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊

ထို​သို့ အာ​ရုန်​အ​မျိုး​မ​ဟုတ်။ အ​ခြား​တစ်​ပါး​သော​အ​မျိုး​သား​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ပူ​ဇော်​သော​အား​ဖြင့်၊ ကော​ရ​နှင့် သူ၏​အ​ပေါင်း​အ​သင်း​ကဲ့​သို့ မ​ဖြစ်​စေ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​လင်​ပန်း​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သ​တိ​ပေး​ရာ​နိ​မိတ်​ဖြစ်​ရ​ကြ၏။

တပ်​မှူး​များ၊ ဗိုလ်​များ​ပူ​ဇော်​သော​ရွှေ​ကို မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ​တို့​သည်​ယူ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အောက်​မေ့​တော်​မူ​ဖို့​ရာ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ သွင်း​ထား​ကြ၏။

ထို​အ​ခါ မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား သင်​တို့​အ​ဖို့​အ​လို​ငှာ စွန့်​သော ငါ၏​ကိုယ်​ဖြစ်၏။ ငါ့​ကို အောက်​မေ့​ဖို့​ရာ ဤ​သို့​ပြု​ကြ​လော့​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ