တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊
အချင်းဆယ်တောင်၊ အဝန်းအတောင်သုံးဆယ်၊ အဇောက်ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်းလုပ်လေ၏။
အဝန်းလေးတောင်ကျယ်၍၊ ရေဗတ်လေးဆယ်ဝင်နိုင်သော ကြေးဝါအင်တုံတစ်ဆယ်ကိုလည်းလုပ်၍၊ ခုံတစ်ခုပေါ်မှာ အင်တုံတစ်လုံးစီ တင်ထားလေ၏။
မီးရှို့ရာယဇ်နှင့်ဆိုင်သော အရာတို့ကို ဆေးစရာဖို့ အင်တုံဆယ်လုံးကိုလည်းလုပ်၍၊ လက်ယာဘက်၌ အင်တုံငါးလုံး၊ လက်ဝဲဘက်၌ ငါးလုံးကို ထားလေ၏။ ရေကန်မူကား ယဇ်ပုရောဟိတ် ရေချိုးစရာဖို့ ဖြစ်သတည်း။
ဣသရေလအမျိုးသားတို့၏ အရွေးငွေကိုယူ၍ သူတို့အသက်ကိုရွေးခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ ဣသရေလအမျိုးသားတို့၏သက်သေဖြစ်ရမည်အကြောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်စရိတ်အဖို့အလိုငှာ ထားရမည်ဟု မိန့်တော်မူ၏။
အာရုန်နှင့် သူ၏သားတို့လက်ခြေဆေးစရာဖို့ ကြေးဝါခြေထောက်ပါသော ကြေးဝါအင်တုံကိုလုပ်၍၊ ပရိသတ်စည်းဝေးရာတဲတော်နှင့် ယဇ်ပလ္လင်စပ်ကြား၌ ထားရမည်။
တစ်နည်းကား၊ အလျားငါးတောင်၊ အနံငါးတောင်ရှိ၍ စတုရန်းလေးထောင့်ဖြစ်သော မီးရှို့ရာယဇ်ပလ္လင်ကို အကာရှသားနှင့်လုပ်လေ၏။ အမြင့်လည်း သုံးတောင်ရှိ၏။
ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ စည်းဝေးတတ်သောမိန်းမတို့၏ ကြေးဝါမှန်များကိုယူ၍ ကြေးဝါအင်တုံနှင့် ကြေးဝါခြေထောက်ကို လုပ်လေ၏။