ကိုယ်အသက်ကိုရွေးခြင်းငှာ၊ ထာဝရဘုရားအား ပူဇော်သကာကိုပြုသောအခါ၊ ငွေရတတ်သောသူတို့သည် မပို၊ ဆင်းရဲသောသူတို့သည် မလျှော့ဘဲ၊ လူတိုင်းအကျပ်တစ်ဝက်စီ ပေးရမည်။
ထိုအခါ ရှင်ဘုရင်သည် ဂိဗောင်လူတို့ကို ခေါ်၍၊ သင်တို့အဖို့ အဘယ်သို့ပြုရမည်နည်း။ သင်တို့သည် ထာဝရဘုရား၏ အမွေတော်ကို ကောင်းချီးပေးစေခြင်းငှာ အဘယ်သို့ အပြစ်ဖြေရမည်နည်းဟု မေးလျှင်၊
ထိုမျှမက၊ မင်းတို့၏မျက်နှာကို ထောက်တော်မမူ။ ဆင်းရဲသောသူကို အားနာသည်ထက်၊ ရတတ်သောသူကို သာ၍ အားနာတော်မမူသော ဘုရားသခင်ကို မဆိုသင့်သည် မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်းသောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ။
ဣသရေလအမျိုးသားတို့ကို ရေတွက်၍ စာရင်းယူသောအခါ၊ ဘေးလွတ်မည်အကြောင်းရှိသမျှတို့သည် အသီးအသီး မိမိအသက်ရွေးရန်အဖိုးကို ထာဝရဘုရားအားဆက်ကပ်ရမည်။
အသက်နှစ်ဆယ်မှစ၍၊ ပိုလွန်သောသူအပေါင်းတို့သည် စာရင်းဝင်၍၊ ထိုသို့သောပူဇော်သကာကို ထာဝရဘုရားအားပြုရမည်။
ဣသရေလအမျိုးသားတို့၏ အရွေးငွေကိုယူ၍ သူတို့အသက်ကိုရွေးခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ ဣသရေလအမျိုးသားတို့၏သက်သေဖြစ်ရမည်အကြောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်စရိတ်အဖို့အလိုငှာ ထားရမည်ဟု မိန့်တော်မူ၏။
အသက်နှစ်ဆယ်မှစ၍ ပိုလွန်သမျှသောသူ စာရင်းဝင်သည်အတိုင်း၊ လူခြောက်သိန်းသုံးထောင် ငါးရာငါးဆယ်တို့သည်၊ အကျပ်တော်အလိုက် ငွေချိန်အကျပ်တစ်ဝက်စီပေးရကြ၏။
ငွေရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြုံကြ၏။ ထိုသူအပေါင်းတို့ကို ထာဝရဘုရား ဖန်ဆင်းတော်မူ၏။
ထိုချီးမြှောက်ရာ ပူဇော်သကာကို ပြည်သူပြည်သားအပေါင်းတို့သည် ဣသရေလမင်းသားအား ဆက်ရကြမည်။
အကြောင်းမူကား၊ ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏။ သင်တို့ပြုသောအပြစ်ကို ဖြေစေခြင်းငှာ၊ ထိုအသွေးကိုသင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကိုဖြေသောအရာကား၊ အသွေးဖြစ်သတည်း။
ထိုကြောင့် ထာဝရဘုရားရှေ့တော်၌ အသက်အဖိုးကိုဖြေဖို့ရာ လူအသီးအသီးရသော ရွှေတန်ဆာ၊ လည်ဆွဲ၊ လက်ကောက်၊ လက်စွပ်၊ နားတောင်း၊ နှာခေါင်းဆွဲဘူးတို့ကို ထာဝရဘုရားအားပူဇော်လျက် ဆောင်ခဲ့ပါပြီဟု လျှောက်ဆိုလျှင်၊
သခင်တို့၊ ခြိမ်းခြောက်ခြင်းကို ချုပ်တည်း၍၊ ကိုယ်ကျွန်တို့ကို ထိုနည်းတူပြုကြလော့။ သင်တို့၏ သခင်သည် ကောင်းကင်ဘုံ၌ ရှိသည်ကိုလည်းကောင်း၊ ထိုသခင်သည် အဘယ်သူ၏ မျက်နှာကို မှတ်တော်မမူသည်ကိုလည်းကောင်း၊ သိမှတ်ကြလော့။
မတရားသောအမှုကို ပြုသောသူမည်သည်ကား၊ မိမိပြုသောအမှု၏ အကျိုးအပြစ်ကို ခံရလိမ့်မည်။ အဘယ်သူ၏ မျက်နှာကို မှတ်တော်မမူ။