Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 27:2

Judson Bible

ယဇ်​ပ​လ္လင်​လေး​ထောင့်​အ​ပေါ်​မှာ၊ ဦး​ချို​လေး​ချောင်း​ကို အ​ကာ​ရှ​သား​နှင့်​လုပ်၍ ကြေး​ဝါ​နှင့်​မွမ်း​မံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

အ​ဒေါ​နိ​ယ​သည်​လည်း ရှော​လ​မုန်​ကို​ကြောက်​သ​ဖြင့် ထ​သွား၍ ယဇ်​ပ​လ္လင်​ဦး​ချို​တို့​ကို ကိုင်​လျက်​နေ၏။

ယွာ​ဘ​မူ​ကား၊ အ​ဗ​ရှ​လုံ နောက်​သို့​မ​လိုက်​သော်​လည်း၊ အ​ဒေါ​နိ​ယ​နောက်​သို့ လိုက်​သော​သူ​ဖြစ်၍၊ ထို​သ​တင်း​ကို ကြား​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​သို့​ပြေး၍ ယဇ်​ပ​လ္လင်​ဦး​ချို​တို့​ကို ကိုင်​လျက်​နေ၏။

ထို​နေ့၌​လည်း၊ ရှင်​ဘု​ရင်​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ရှေ့​မှာ​ရှိ​သော တံ​တိုင်း​အ​တွင်း​အ​ရပ်​ကို သန့်​ရှင်း​စေ၍၊ ထို​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ယဇ်​ကောင် ဆီ​ဥ​ကို​ပူ​ဇော်၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ရှိ​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​သည် မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ယဇ်​ကောင် ဆီ​ဥ​ကို မ​ခံ​လောက်။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ရှိ​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​ကို ဗိ​မာန်​တော်​ရှေ့၊ ယဇ်​ပ​လ္လင်​ကြီး​နှင့် ဗိ​မာန်​တော်​စပ်​ကြား​အ​ရပ်​မှ​ရွှေ့၍ ယဇ်​ပ​လ္လင်​ကြီး မြောက်​ဘက်၌ ထား၏။

အ​လျား အ​တောင်​နှစ်​ဆယ်၊ အ​နံ​အ​တောင် နှစ်​ဆယ်၊ အ​မြင့် ဆယ်​တောင်​ရှိ​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​ကို​လည်း လုပ်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်၍၊ ငါ​တို့၌ ရောင်​ခြည်​တော်​ကို လွှတ်​တော်​မူ၏။ ယဇ်​တင်​ရန် အ​ကောင်​ကို ယဇ်​ပ​လ္လင်​ဦး​ချို၌ ကြိုး​နှင့် ချည်​ကြ​လော့။

ပြာ​ခံ​စ​ရာ​အိုး​နှင့်​တ​ကွ တူး​ရွင်း​ပြား၊ အင်​တုံ၊ အ​မဲ​သား​ချိတ်၊ လင်​ပန်း​အ​စ​ရှိ​သော ယဇ်​ပ​လ္လင်​နှင့်​ဆိုင်​သော တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ကြေး​ဝါ​နှင့်​လုပ်​ရ​မည်။

အ​သွေး​ကို​ယူ၍ ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌ လက်​ညှိုး​နှင့်​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​ရ​မည်။

ထို​ကြေး​ဝါ​နှင့် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ​ခြေ​စွပ်၊ ကြေး​ဝါ​ယဇ်​ပ​လ္လင်၊ ကြေး​ဝါ​ဆန်​ခါ၊ ယဇ်​ပ​လ္လင်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊

ယဇ်​ပ​လ္လင်​အ​မြင့်​သည်​လည်း လေး​တောင်​ရှိ​ရ​မည်။ ဦး​ချို​လေး​ချောင်း​လည်း တက်​ရ​မည်။

နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော် ယဇ်​ပ​လ္လင်​သို့​ထွက်​လာ၍ ထို​ပ​လ္လင်​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ၊ နွား​အ​သွေး၊ ဆိတ်​အ​သွေး​ကို​ယူ၍ ယဇ်​ပ​လ္လင်​ပတ်​လည် ဦး​ချို​တို့၌​ထည့်​ရ​မည်။

တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​တွင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ​ရှိ​သော ပ​လ္လင်​ဦး​ချို​တို့၌ အ​သွေး​ကို​ထည့်၍၊ ကြွင်း​သော​အ​သွေး​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၌​ရှိ​သော မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား​မှာ သွန်​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​သည် ထို​အ​ပြစ်​ဖြေ​ရာ​ယဇ်၏​အ​သွေး​ကို လက်​ညှိုး​နှင့်​ယူ၍ မီး​ရှို့​ရာ ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ထို​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​ရ​မည်။

တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​တွင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ​ရှိ​သော နံ့​သာ​ပေါင်း​မွှေး​ကို မီး​ရှို့​ရာ​ပ​လ္လင်​ဦး​ချို​တို့၌ နွား​အ​သွေး​ကို​ထည့်၍၊ ကြွင်း​သော​အ​သွေး​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၌​ရှိ​သော မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား​မှာ သွန်​ရ​မည်။

နွား​ကို​သတ်၍၊ မော​ရှေ​သည် ယဇ်​ပ​လ္လင်​ပတ်​လည်​ဦး​ချို​တို့၌ အ​သွေး​ကို လက်​ညှိုး​နှင့်​ယူ၍​ထည့်​သ​ဖြင့်၊ ယဇ်​ပ​လ္လင်​ကို စင်​ကြယ်​စေ​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌​သွန်၍၊ ထို​ယဇ်​ပ​လ္လင်​ပေါ်​မှာ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​မည်​အ​ကြောင်း သန့်​ရှင်း​စေ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ကွယ်​ကာ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ကိုက်​စား၍ လက်​လွှဲ​ကျောက်​တို့​ကို ကျော်​နင်း​ကြ​လိမ့်​မည်။ သောက်​ပြီး​လျှင်၊ စ​ပျစ်​ရည်​နှင့် ဝ​သ​ကဲ့​သို့ ကြွေး​ကြော်​ကြ​လိမ့်​မည်။ အင်​တုံ​ကဲ့​သို့​လည်း​ကောင်း၊ ယဇ်​ပ​လ္လင်​ထောင့်​ကဲ့​သို့​လည်း​ကောင်း ပြည့်​ဝ​ကြ​လိမ့်​မည်။

သူ​တို့​အ​ငန်း​အ​တာ​ဟူ​မူ​ကား၊ သေ​တ္တာ၊ စား​ပွဲ၊ ယဇ်​ပ​လ္လင်​များ၊ အ​မှု​တော်​ထမ်း​စ​ရာ​တဲ​တော်​တန်​ဆာ​များ၊ အ​တွင်း​ကု​လား​ကာ အ​စ​ရှိ​သည်​တို့​ကို ကြည့်​ရှု​ပြု​စု​ရ​ကြ​မည်။

အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မု​သား​မ​သုံး​နိုင်​သော အ​ရာ​တည်း​ဟူ​သော မ​ဖောက်​ပြန် မ​ပြောင်း​လဲ​နိုင်​သော အ​ရာ​နှစ်​ပါး​ကို အ​မှီ​ပြု၍၊ ကိုယ်​ရှေ့၌​ထား​သော မျှော်​လ​င့်​ရာ​ကို ခို​လှုံ​ခြင်း​ငှာ ပြေး​သော ငါ​တို့​သည် သက်​သာ​အား​ကြီး​ကြ​မည်​အ​ကြောင်း​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ