Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 27:3

Judson Bible

ပြာ​ခံ​စ​ရာ​အိုး​နှင့်​တ​ကွ တူး​ရွင်း​ပြား၊ အင်​တုံ၊ အ​မဲ​သား​ချိတ်၊ လင်​ပန်း​အ​စ​ရှိ​သော ယဇ်​ပ​လ္လင်​နှင့်​ဆိုင်​သော တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ကြေး​ဝါ​နှင့်​လုပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဟိ​ရံ​သည် အိုး​များ၊ ရေ​မှုတ်​များ၊ အင်​တုံ​ငယ်​များ​ကို​လည်း​လုပ်​သ​ဖြင့်၊ ရှော​လ​မုန်​မင်း​ကြီး​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ လက်​စ​သတ်​သော​အ​ရာ​များ​ဟူ​မူ​ကား၊

အိုး​များ၊ ရေ​မှုတ်​များ၊ အင်​တုံ​ငယ်​များ​တည်း။ ရှော​လ​မုန်​မင်း​ကြီး​အ​ဖို့ ဟိ​ရံ​လုပ်​သ​မျှ​သော ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​တန်​ဆာ​တို့​သည် ပြောင်​ပြောင်​တောက်​သော ကြေး​ဝါ​ဖြင့် ပြီး​ကြ၏။

ရွှေ​စင်​ဖြင့်​ပြီး​သော​ခွက်​များ၊ မီး​ညှပ်၊ လင်​ပန်း၊ ဇွန်း၊ ပြာ​ခံ​စ​ရာ​အိုး​များ၊ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် အ​တွင်း​ခန်း​တံ​ခါး​နှင့် ဗိ​မာန်​တော်​ပြင်​ခန်း​တံ​ခါး ဆွဲ​ထား​သော ရွှေ​ပ​တ္တာ​များ​တို့​ကို​လုပ်​လေ၏။

အိုး​ကင်း၊ တူး​ရွင်း​ပြား၊ မီး​ညှပ်၊ ဇွန်း​မှ​စ၍ အ​မှု​တော်​ထမ်း​စ​ရာ ကြေး​ဝါ​တန်​ဆာ ရှိ​သ​မျှ​တို့​ကို​လည်း ယူ​သွား​ကြ၏။

ရွှေ​တန်​ဆာ၊ ငွေ​တန်​ဆာ​တည်း​ဟူ​သော လင်​ပန်း၊ အိုး​အ​စ​ရှိ​သော တန်​ဆာ​များ​ကို ရွှေ​ဖြစ်​စေ၊ ငွေ​ဖြစ်​စေ၊ ကိုယ်​ရံ​တော်​မှူး​သည် ယူ​သွား​လေ၏။

အ​မဲ​သား​ချိတ်၊ အင်​တုံ၊ ဖ​လား​များ​အ​ဖို့ ရွှေ​စင်​ကို​လည်း​ကောင်း၊ ရွှေ​လင်​ပန်း​နှင့် ငွေ​လင်​ပန်း အ​သီး​အ​သီး​အ​ဖို့ ရွှေ​ငွေ​ကို​လည်း​ကောင်း၊ ချိန်၍ အပ်​တော်​မူ၏။

ဟိ​ရံ​သည် အိုး​များ၊ ရေ​မှုတ်​များ၊ အင်​တုံ​ငယ်​များ​ကို​လည်း လုပ်​သ​ဖြင့်၊ ရှော​လ​မုန်​မင်း​ကြီး​အ​ဖို့ ဘု​ရား​သ​ခင်၏​အိမ်​တော်၌ လက်​စ​သတ်​သော အ​ရာ​များ​ဟူ​မူ​ကား၊

ရှော​လ​မုန်​မင်း​ကြီး​အ​ဖို့ ဟိ​ရံ​လုပ်​သ​မျှ​သော ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တန်​ဆာ​တို့​သည် ပြောင်​ပြောင်​တောက်​သော ကြေး​ဝါ​ဖြင့် ပြီး​ကြ၏။

မော​ရှေ​သည်​လည်း၊ အ​သွေး​တစ်​ဝက်​ကို အင်​တုံ၌​ထည့်၍၊ တစ်​ဝက်​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ ဖျန်း​လေ၏။

အ​မှု​တော်​ထမ်း​ဖို့ တဲ​တော်​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တဲ​တော်​တံ​သင်၊ ဝင်း​နှင့်​ဆိုင်​သော တံ​သင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း ကြေး​ဝါ​နှင့်​လုပ်​ရ​မည်။

ယဇ်​ပ​လ္လင်​လေး​ထောင့်​အ​ပေါ်​မှာ၊ ဦး​ချို​လေး​ချောင်း​ကို အ​ကာ​ရှ​သား​နှင့်​လုပ်၍ ကြေး​ဝါ​နှင့်​မွမ်း​မံ​ရ​မည်။

ကြေး​ဝါ​ဆန်​ခါ​ကို​လည်း​ကောင်း၊ ဆန်​ခါ​လေး​ထောင့်​အ​ပေါ်​မှာ ကြေး​ဝါ​လေး​ကွင်း​ကို​လည်း​ကောင်း လုပ်​ပြီး​လျှင်၊

အိုး​နှင့်​တ​ကွ တူး​ရွင်း​ပြား၊ အင်​တုံ၊ အ​မဲ​သား​ချိတ်၊ လင်​ပန်း​အ​စ​ရှိ​သော ယဇ်​ပ​လ္လင်​နှင့်​ဆိုင်​သော တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ကြေး​ဝါ​နှင့်​လုပ်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော် ယဇ်​ပ​လ္လင်​မီး​ခဲ​နှင့် ပြည့်​သော လင်​ပန်း​ကို​ကိုင်​လျက်၊ ညက်​စွာ​သော နံ့​သာ​ပေါင်း​မွှေး​အ​မှုန့်​ကို မိ​မိ​လက်၌​အ​ပြည့်​ယူ၍၊ ကု​လား​ကာ​အ​တွင်း​သို့ ဆောင်​သွား​ရ​မည်။

ထို​ပ​လ္လင်​နှင့်​ဆိုင်​သော အ​မှု​တော်​ထမ်း​ရန် တန်​ဆာ​တည်း​ဟူ​သော​လင်​ပန်း၊ အ​မဲ​သား​ချိတ်၊ တူး​ရွင်း​ပြား၊ အင်​တုံ​အ​စ​ရှိ​သော ယဇ်​ပ​လ္လင်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို တင်၍၊ တ​ဟာ​ရှ​သား​ရေ​နှင့်​အုပ်​ပြီး​မှ ထမ်း​ပိုး​တို့​ကို​လျှို​ထား​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ