ထွက်မြောက် 27:1Judson Bibleတစ်နည်းကား၊ အလျားငါးတောင်၊ အနံငါးတောင်ရှိ၍ စတုရန်းလေးထောင့်ဖြစ်သော ယဇ်ပလ္လင်ကို၊ အကာရှသားနှင့် လုပ်ရမည်။ အမြင့်လည်း သုံးတောင်ရှိရမည်။ အခန်းကိုကြည့်ပါ။ |
အာရုန်နှင့် သူ၏သားစဉ်မြေးဆက် မူကား၊ ယဇ်ကောင်ကို မီးရှို့ရာပလ္လင်နှင့်၊ နံ့သာပေါင်းကို မီးရှို့ရာပလ္လင်ပေါ်မှာ ပူဇော်လျက်၊ အလွန်သန့်ရှင်းရာဌာနတော် အမှုအလုံးစုံကို စောင့်လျက်၊ ဘုရားသခင်၏ကျွန်မောရှေ မှာထားသမျှအတိုင်း၊ ဣသရေလအမျိုး၏အပြစ်ကို ဖြေရသောသူ ဖြစ်ကြ၏။
ထိုအခါ ယောဇဒက်သားယောရှုနှင့် သူ၏ညီအစ်ကို ယဇ်ပုရောဟိတ်များ၊ ရှာလသေလသား ဇေရုဗဗေလနှင့် သူ၏ညီအစ်ကိုများတို့သည် ထ၍ ဘုရားသခင်၏လူ မောရှေရေးထားသော ပညတ္တိကျမ်းစာ၌ပါသည် အတိုင်း၊ မီးရှို့ရာယဇ်တို့ကို ပူဇော်လိုသောငှာ၊ ဣသရေလအမျိုး၏ ဘုရားသခင့်ယဇ်ပလ္လင်ကို တည်ကြ၏။