ကုလားကာများဆက်မီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတစ်ထည်အနားမှာ၊ ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဆက်မီသောအခြားကုလားကာအနားမှာ၊ ကွင်းငါးဆယ်ကိုလည်းကောင်း လုပ်ရမည်။
ကြေးဝါချောင်းငါးဆယ်ကိုလည်းလုပ်၍၊ ကွင်းတို့၌လျှိုပြီးလျှင်၊ အပေါ်တဲတစ်ပိုင်းနှင့် တစ်ပိုင်းပူးတွဲသဖြင့်၊ တဲတစ်ဆောင်တည်းဖြစ်ရမည်။
ကုလားကာတစ်ထည်ပြင်ဘက်မှာ၊ ကုလားကာနားချင်းဆက်မီရာ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်ရမည်။ အခြားသော ကုလားကာပြင်ဘက်မှာ၊ ကုလားကာနားချင်း ဆက်မီရာ၌လည်း ထိုအတူလုပ်ရမည်။
ကုလားကာငါးထည်တစ်စပ်၊ ခြောက်ထည်တစ်စပ်တည်းချုပ်၍၊ ဆဋ္ဌမကုလားကာကို တဲတော်ဦး၌ခေါက်ထားရမည်။
ကုလားကာတစ်ထည်၌ ကွင်းငါးဆယ်ကိုလည်းကောင်း၊ အခြားသောကုလားကာအနား ဆက်မီရာ၌ ကွင်းငါးဆယ်ကိုလည်းကောင်း လုပ်သဖြင့်၊ ကွင်းချင်းဆိုင်မိကြ၏။