ကြေးဝါချောင်းငါးဆယ်ကိုလည်းလုပ်၍၊ ကွင်းတို့၌လျှိုပြီးလျှင်၊ အပေါ်တဲတစ်ပိုင်းနှင့် တစ်ပိုင်းပူးတွဲသဖြင့်၊ တဲတစ်ဆောင်တည်းဖြစ်ရမည်။
ကုလားကာများဆက်မီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတစ်ထည်အနားမှာ၊ ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဆက်မီသောအခြားကုလားကာအနားမှာ၊ ကွင်းငါးဆယ်ကိုလည်းကောင်း လုပ်ရမည်။
ထိုအပေါ်တဲ၌ပိုသော ကုလားကာတစ်ဝက်ကိုကား၊ တဲတော်နောက်ဖေးမှာ တွဲလွဲဆွဲထားရမည်။
ကုလားကာငါးထည်စီ တစ်စပ်တည်းချုပ်ရမည်။
ရွှေချောင်းငါးဆယ်ကိုလည်းလုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့်၊ တဲတော်တစ်ဆောင်တည်းဖြစ်ရမည်။