ကုလားကာငါးထည်တစ်စပ်၊ ခြောက်ထည်တစ်စပ်တည်းချုပ်၍၊ ဆဋ္ဌမကုလားကာကို တဲတော်ဦး၌ခေါက်ထားရမည်။
ကုလားကာများဆက်မီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတစ်ထည်အနားမှာ၊ ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဆက်မီသောအခြားကုလားကာအနားမှာ၊ ကွင်းငါးဆယ်ကိုလည်းကောင်း လုပ်ရမည်။
ကုလားကာငါးထည်စီ တစ်စပ်တည်းချုပ်ရမည်။
တဲတော်ဖုံးအုပ်ဖို့ အခြားသောကုလားကာ ဆယ်တစ်ထည်ကို ဆိတ်မွေးနှင့်လုပ်ရမည်။
ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍၊ ကုလားကာ ဆယ်တစ်ထည်တို့သည် အလျားအနံချင်းတူရမည်။