Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 23:32

Judson Bible

သူ​တို့​နှင့်​လည်း​ကောင်း၊ သူ​တို့​ဘု​ရား​များ​နှင့်​လည်း​ကောင်း၊ သင်​သည်​မိတ်​သ​ဟာ​ယ​မ​ဖွဲ့​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​နှင့်​ရော​နှော၍ သူ​တို့၏​ဘာ​သာ​ဓ​လေ့​ကို သင်​ကြ၏။

ငါ​ပ​ညတ်​သ​မျှ​တို့၌ သ​တိ​ပြု​ကြ​လော့။ အ​ခြား​သော​ဘု​ရား၏​နာ​မ​ကို မ​မြွက်​မ​ဆို​နှင့်။ သင်၏​နှုတ်​ထဲ​က​မြွက်​သံ​ကို သူ​တစ်​ပါး​မ​ကြား​စေ​နှင့်။

သူ​တို့​ဘု​ရား​များ​ကို ဦး​မ​ချ​ဝတ်​မ​ပြု​ရ။ သူ​တို့​ဘာ​သာ​အ​တိုင်း မ​ကျင့်​ရ။ သူ​တို့​ကို အ​ကုန်​အ​စင်​မှောက်​လှဲ၍၊ ရုပ်​တု​ဆင်း​တု​များ​ကို​လည်း ရှင်း​ရှင်း​ဖြို​ဖျက်​ရ​မည်။

သင်​သည် ယ​ခု​သွား​သော​ပြည်​သူ​ပြည်​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သ​ဖြင့်၊ သင့်​အ​လယ်၌​တိုက်​မိ၍ လဲ​စ​ရာ​အ​ကြောင်း​မ​ဖြစ်​စေ​ခြင်း​ငှာ၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​လော့။

သင်​သည် ထို​ပြည်​သူ​ပြည်​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သ​ဖြင့်၊ သူ​တို့​သည် မိ​မိ​တို့​ဘု​ရား​နှင့် မှား​ယွင်း​ခြင်း​ကို​ပြု၍၊ ထို​ဘု​ရား​တို့​အား ယဇ်​ပူ​ဇော်​သော​အ​ခါ၊ သင့်​ကို​ခေါ်၍ သင်​သည် ထို​ယဇ်​ကောင်​ကို​စား​မည်​ဟူ၍​လည်း​ကောင်း၊

ခ​ရစ်​တော်​သည် ဗေ​လျာ​လ နှင့် အ​ဘယ်​သို့ သင့်​တင့်​နိုင်​မည်​နည်း။ ယုံ​ကြည်​သော​သူ​သည် မ​ယုံ​ကြည်​သော​သူ​နှင့်​အ​တူ အ​ဘယ် အ​ကျိုး​အ​ပြစ်​ကို ခံ​ရ​မည်​နည်း။-

ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို သင်​တို့၌ အပ်​တော်​မူ​သ​ဖြင့်၊ ငါ​မှာ​ထား​သ​မျှ​သော ပ​ညတ်​တို့​အ​တိုင်း၊ သူ​တို့၌ ပြု​ရ​ကြ​လိမ့်​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​သို့ သင့်​ကို​ဆောင်​သွင်း​လျက်၊ ဟိ​တ္တိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ အာ​မော​ရိ​လူ၊ ခါ​နာ​နိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တည်း​ဟူ​သော၊ သင့်​ထက်​ကြီး​မြင့်​များ​ပြား​သော လူ​မျိုး​ခု​နစ်​မျိုး​တို့​ကို သင့်​ထံ​က​နှင်​ထုတ်၍၊

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​အပ်​ပေး​တော်​မူ​သော လူ​မျိုး​အ​ပေါင်း​ကို ဖျက်​ဆီး​ရ​မည်။ သင်၏​မျက်​စိ​သည် သူ​တို့​ကို​မ​သ​နား​ရ။ သူ​တို့​ဘု​ရား​အား ဝတ်​မ​ပြု​ရ။ ဝတ်​ပြု​လျှင်၊ ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း ဖြစ်​လိမ့်​မည်။

တစ်​ဖန် သင့်​လက်၌ အပ်​တော်​မူ​သော​အ​ခါ၊ သူ​တို့​ကို​လုပ်​ကြံ၍ အ​ကုန်​အ​စင် သုတ်​သင်​ပယ်​ရှင်း​ရ​မည်။ သူ​တို့​နှင့် မိတ်​သ​ဟာ​ယ​မ​ဖွဲ့​ရ၊ က​ရု​ဏာ​ကို​မ​ပြ​ရ။

ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ယော​ရှု​သည် တောင်​ပေါ်​အ​ရပ်၊ တောင်​မျက်​နှာ​အ​ရပ်၊ ချိုင့်​ထဲ​အ​ရပ်၊ စမ်း​ရေ​တွင်း​အ​ရပ် ရှိ​သ​မျှ​တို့​နှင့်​တ​ကွ မင်း​ကြီး​အ​ပေါင်း​တို့​ကို လုပ်​ကြံ၍၊ အ​သက်​ရှင်​သော​သူ​တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ​ဘဲ ရှင်း​ရှင်း​ဖျက်​ဆီး​လေ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​လည်း၊ သင်​တို့​သည် ငါ​တို့​အ​နား​မှာ​နေ​သည် မ​နေ​သည်​ကို မ​သိ​နိုင်။ အ​ဘယ်​သို့ မိတ်​သ​ဟာ​ယ​ဖွဲ့​နိုင်​သ​နည်း​ဟု ဟိ​ဝိ​လူ​တို့​အား​ဆို​ကြ​လျှင်၊

သင်​တို့​သည် ဤ​ပြည်​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​မ​ဖွဲ့​ရ။ သူ​တို့​ယဇ်​ပ​လ္လင်​တို့​ကို လှဲ​ချ​ရ​မည်​ဟု ငါ​ဆို​သော်​လည်း၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​ကြ။ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​ကြ​သ​နည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ