Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 23:31

Judson Bible

သင့်​နေ​ရာ​နယ်​အ​ပိုင်း​အ​ခြား​ကို၊ ဧ​ဒုံ​ပင်​လယ်​မှ​သည် ဖိ​လိ​တ္တိ​ပင်​လယ်​တိုင်​အောင်​လည်း​ကောင်း၊ တော​မှ​သည်​မြစ်​တိုင်​အောင်​လည်း​ကောင်း ငါ​မှတ်​သား​မည်။ ထို​အ​ရပ်​သား​များ​ကို သင့်​လက်​သို့​ငါ​အပ်၍၊ သင်​သည် နှင်​ထုတ်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

37 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​လျက်၊ အဲ​ဂု​တ္တု​မြစ်​မှ​စ၍ မြစ်​ကြီး​တည်း​ဟူ​သော၊ ဥ​ဖ​ရတ်​မြစ်​တိုင်​အောင်၊ ဤ​ပြည်​ကို​လည်း​ကောင်း၊

ထာ​ဝ​ရ​ဘု​ရား​က၊ သင်​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့် စုံ​ဖက်​ခြင်း​ကို​မ​ပြု​ရ။ အ​ကယ်​စင်​စစ်​သူ​တို့​သည် မိ​မိ​တို့​ဘု​ရား​များ​နောက်​သို့ သင်​တို့၏​စိတ်​နှ​လုံး​ကို လွဲ​စေ​ကြ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိန့်​တော်​မူ​သော်​လည်း၊ ရှော​လ​မုန်​သည် တစ်​ပါး​အ​မျိုး​သား​မိန်း​မ​တို့​ကို တပ်​မက်​သော​စိတ်​ရှိ၏။

ထို​အ​ခါ ပ​ရော​ဖက်​တစ်​ပါး​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အာ​ဟပ်​ထံ​သို့​လာ၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ကြီး​စွာ​သော အ​လုံး​အ​ရင်း​အ​ပေါင်း​ကို မြင်​ပြီ​လော။ သင့်​လက်၌ ယ​နေ့​ငါ​အပ်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်​ဟု အ​မိန့်​တော်​ကို​ဆင့်​ဆို၏။

ရှော​လ​မုန်​သည်​လည်း မြစ်​ကြီး​မှ​စ၍ ဖိ​လိ​တ္တိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်​တိုင်​အောင် တိုင်း​နိုင်​ငံ​လုံး​ကို​အ​စိုး​ရ​သ​ဖြင့်၊ အ​ရပ်​ရပ်​သား​တို့​သည် လက်​ဆောင်​ပ​ဏ္ဏာ​တို့​ကို ဆက်၍၊ ရှော​လ​မုန်​လက်​ထက် ကာ​လ​ပတ်​လုံး မင်း​မှု​ကို ဆောင်​ရွက်​ရ​ကြ၏။

ရှော​လ​မုန်​သည် မြစ်​ကြီး​အ​နောက်​ဘက်၊ တိ​ဖ​သ​မြို့​မှ​အ​ဇ္ဇာ​မြို့​တိုင်​အောင် ရှင်​ဘု​ရင်​အ​ပေါင်း​တို့​ကို အ​စိုး​ရ​သ​ဖြင့် ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ စစ်​မှု​စစ်​ရေး​မ​ရှိ။

ထို​အ​ခါ ရှော​လ​မုန်​သည် အ​လွန်​များ​စွာ​သော ပ​ရိ​သတ်​တည်း​ဟူ​သော ဟာ​မတ်​မြို့​ဝင်​ဝ​မှ​စ၍ အဲ​ဂု​တ္တု​မြစ်​တိုင်​အောင် အ​နှံ့​အ​ပြား အ​ရပ်​ရပ်​က​လာ​ကြ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ရက်​နှစ်​လီ၊ တစ်​ဆယ်​လေး​ရက်​ပတ်​လုံး ပွဲ​ခံ​တော်​မူ၏။

မြစ်​ကြီး​မှ​စ၍ ဖိ​လိ​တ္တိ​ပြည်​နှင့် အဲ​ဂု​တ္တု​ပြည်​စွန်း​တိုင်​အောင် ရှိ​သော ရှင်​ဘု​ရင်​အ​ပေါင်း​တို့​ကို အ​စိုး​ရ၏။

ပင်​လယ်​တစ်​ပါး​မှ တစ်​ပါး​တိုင်​အောင်​လည်း​ကောင်း၊ မြစ်​မှ​သည် မြေ​စွန်း​တိုင်​အောင်​လည်း​ကောင်း အ​စိုး​ရ​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ့​ကို​မ​ကြောက်​နှင့်။ သူ​နှင့်​တ​ကွ သူ၏​လူ​အ​ပေါင်း​ကို​လည်း​ကောင်း၊ သူ၏​မြေ​ကို​လည်း​ကောင်း၊ သင့်​လက်၌ ငါ​အပ်​ပေး​ပြီ။ ဟေ​ရှ​ဘုန်​မြို့​နေ အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်​ကို ပြု​သ​ကဲ့​သို့၊ ဤ​မင်း​ကို​လည်း​ပြု​ရ​မည်​ဟု မော​ရှေ​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊

သင်​တို့​သည် ခါ​နာန်​ပြည်​သို့ ရောက်​ကြ​သော​အ​ခါ၊ သင်​တို့​အ​မွေ​ခံ​ရ​သော ခါ​နာန်​ပြည်​နယ် အ​ပိုင်း​အ​ခြား​ဟူ​မူ​ကား၊

လှည့်​လည်၍ ခ​ရီး​သွား​ကြ​လော့။ အာ​မော​ရိ​တောင်​သို့​လည်း​ကောင်း၊ ထို​တောင်​နှင့်​နီး​သော​အ​ရပ်၊ လွင်​ပြင်၊ တောင်​ရိုး၊ ချိုင့်၊ တောင်​မျက်​နှာ၊ ပင်​လယ်​နား​သို့​လည်း​ကောင်း၊ ခါ​နာန်​ပြည်၊ လေ​ဗ​နုန်​တောင်၊ ဥ​ဖ​ရတ်​မြစ်​ကြီး​တိုင်​အောင်​လည်း​ကောင်း သွား​ကြ​လော့။

ထို​ပြည်​ကို သင်​တို့​ရှေ့​မှာ ငါ​ထား​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ဘ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​မှ​စ၍၊ သူ​တို့​အ​မျိုး​အ​နွယ်​အား ပေး​မည်​ဟု ကျိန်​တော်​မူ​သော​ပြည်​ကို ဝင်၍​သိမ်း​ယူ​ကြ​လော့​ဟု မိန့်​တော်​မူ၏။

သင်​တို့​သည် ခြေ​နှင့်​နင်း​သ​မျှ​သော​အ​ရပ်​ကို ပိုင်​သ​ဖြင့်၊ တော​မှ​စ၍ လေ​ဗ​နုန်​တောင်​တိုင်​အောင်​လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ်​ကြီး​မှ​စ၍ ပင်​လယ်​ကမ်း​နား​တိုင်​အောင်​လည်း​ကောင်း၊ မြေ​တစ်​လျှောက်​လုံး​သည် သင်​တို့၏​နိုင်​ငံ​အ​ဝင် ဖြစ်​လိမ့်​မည်။

ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​မင်း​ကို ငါ​တို့၌​အပ်​တော်​မူ​သ​ဖြင့် သူ​မှ​စ၍​သား​များ၊ လူ​များ​အ​ပေါင်း​တို့​ကို ငါ​တို့​သည်​လုပ်​ကြံ​ကြ၏။

အာ​နုန်​မြစ်​နား၌​ရှိ​သော အာ​ရော်​မြို့​မှ​စ၍ ဂိ​လဒ်​မြို့​တိုင်​အောင်၊ မြစ်​နား၌ ရှိ​သ​မျှ​သော​မြို့​တို့​တွင် ငါ​တို့​မ​အောင်​နိုင်​သော​မြို့ တစ်​မြို့​မျှ​မ​ရှိ။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လုံး​စုံ​တို့​ကို ငါ​တို့၌​အပ်​တော်​မူ၏။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့၊ ဤ​လူ​မျိုး​နေ​ရာ​မြို့​တို့၌ အ​သက်​ရှူ​သော လူ​သ​တ္တ​ဝါ​တစ်​စုံ​တစ်​ယောက်​ကို​မျှ အ​သက်​မ​ရှင်​စေ​ရ။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ့​ကို​မ​ကြောက်​နှင့်။ သူ​နှင့်​တ​ကွ သူ၏​လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သူ့​မြေ​ကို​လည်း​ကောင်း၊ သင့်​လက်၌​ငါ​အပ်​ပေး​မည်။ ဟေ​ရှ​ဘုန်​မြို့​နေ အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်​ကို​ပြု​သ​ကဲ့​သို့ ဤ​မင်း​ကို​လည်း​ပြု​ရ​မည်​ဟု ငါ့​အား မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း ရန်​သူ​အ​ပေါင်း​တို့​ကို သင့်​ရှေ့​မှ​နှင်​ထုတ်​သ​ဖြင့်၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​မြတ်​ကို ဝင်​စား၍​နေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြောင့်​မတ်​လျောက်​ပတ်​သော အ​မှု​တို့​ကို​ပြု​ရ​မည်။

သို့​ဖြစ်၍ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ​ကြွ​သ​ဖြင့်၊ လောင်​သော​မီး​ကဲ့​သို့​ဖြစ်​လျက် သူ​တို့​ကို​ဖျက်​ဆီး၍၊ သင့်​မျက်​မှောက်၌ နှိမ့်​ချ​တော်​မူ​မည်​အ​ကြောင်း​ကို ယ​ခု​သ​ဘော​ကျ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ သင်​သည် သူ​တို့​ကို​နှင်​ထုတ်၍ အ​လျင်​အ​မြန် ဖျက်​ဆီး​ရ​လိမ့်​မည်။

တော​ကြီး​မှ​စ၍ လေ​ဗ​နုန်​တောင်​တိုင်​အောင်​လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ်​ကြီး​မှ​စ၍ ဟိ​တ္တိ​ပြည်​တစ်​လျှောက်​လုံး​ပါ​လျက်၊ နေ​ဝင်​ရာ​ဘက် ပင်​လယ်​ကြီး​တိုင်​အောင်​လည်း​ကောင်း၊ သင်​တို့​နယ် အ​ပိုင်း​အ​ခြား ဖြစ်​ရ​မည်။

သင်​တို့​မူ​ကား မ​ဆိုင်း​မ​လင့်။ ရန်​သူ​တို့​ကို​လိုက်၍ မီ​သ​မျှ​သော​သူ​တို့​ကို ကွပ်​မျက်​ကြ။ မြို့​ထဲ​သို့ မ​ဝင်​စေ​ကြ​နှင့်။ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို သင်​တို့​လက်၌​အပ်​တော်​မူ​ပြီ​ဟု မှာ​ထား​လေ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ​တို့​ကို မ​ကြောက်​နှင့်။ သင်၏​လက်၌ ငါ​အပ်​မည်။ သင့်​ရှေ့​မှာ လူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ခံ​မ​ရပ်​နိုင်​ရာ​ဟု ယော​ရှု​အား​မိန့်​တော်​မူ၏။

လေ​ဗ​နုန်​တောင်​မှ​စ၍ မိ​သ​ရ​ဖော​သ​မိမ်​မြို့​တိုင်​အောင်၊ တောင်​ပေါ်၌​နေ​သော​သူ​နှင့် ဇိ​ဒေါ​နိ​လူ​အ​ပေါင်း​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ ငါ​နှင်​ထုတ်​မည်။ သို့​ဖြစ်၍ ငါ​မှာ​ထား​သည်​အ​တိုင်း စာ​ရေး​တံ​ပြု​လျက် ထို​မြေ​ကို ဣ​သ​ရေ​လ​လူ​တို့​အား အ​မွေ​ဝေ​ဖန်​လော့။

အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် ထို​ပြည်​တစ်​လျှောက်​လုံး​ကို ငါ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ။ ငါ​တို့​ကြောင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​လျက်​ရှိ​ကြ​ပါ၏​ဟု ယော​ရှု​အား​လျှောက်​ဆို၏။

ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သ​မျှ​အ​တိုင်း၊ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ ငြိမ်​ဝပ်​ရာ​အ​ခွင့်​ကို​ပေး​တော်​မူ​သ​ဖြင့်၊ သူ​တို့​ရှေ့​မှာ အ​ဘယ်​ရန်​သူ​မျှ​မ​ရပ်​နိုင်။ ရန်​သူ​အ​ပေါင်း​တို့​ကို သူ​တို့​လက်​သို့​အပ်​တော်​မူ၏။

ငါ​သော်​ကား၊ မြေ​သား​အ​ပေါင်း​တို့​သွား​ရာ​လမ်း​သို့ ယ​နေ့​သွား​လု​ပြီ။ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ဖို့ မိန့်​တော်​မူ​သော ကောင်း​ကျိုး​တစ်​စုံ​တစ်​ပါး​မျှ မ​ယုတ်​မ​လျော့၊ အ​ကုန်​အ​စင်​ပြည့်​စုံ​ကြောင်း​ကို သင်​တို့​သည် စိတ်​နှ​လုံး​ထဲ​မှာ သိ​ကြ၏။

တစ်​ဖန် သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး၍ ယေ​ရိ​ခေါ​မြို့​သို့ ရောက်​ကြ​သော​အ​ခါ၊ ယေ​ရိ​ခေါ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​သည် သင်​တို့​ကို​စစ်​တိုက်၍ သူ​တို့​ကို သင်​တို့​လက်၌ ငါ​အပ်​လေ၏။

သင်​တို့၌ ဓား​နှင့်​လေး​မ​ပါ​ဘဲ၊ သင်​တို့​ရှေ့​မှာ ပျား​တူ​ကို ငါ​စေ​လွှတ်၍၊ အာ​မော​ရိ​မင်း​ကြီး​နှစ်​ပါး​ကို သင်​တို့​ရှေ့​မှ ငါ​နှင်​ထုတ်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဤ​ပြည်၌ နေ​သော​သူ အာ​မော​ရိ​လူ​အ​ပေါင်း​တို့​ကို ငါ​တို့​ရှေ့​မှ နှင်​ထုတ်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ပါ​မည်။ ထို​ဘု​ရား​သည် ငါ​တို့​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ဟု ပြန်​ပြော​ကြ၏။

နောက်​တစ်​ဖန် ယော်​ဒန်​မြစ် အ​ရှေ့​ဘက်၌​နေ​သော အာ​မော​ရိ​လူ​တို့​ပြည်​သို့ သင်​တို့​ကို ငါ​ပို့​ဆောင်၍၊ သူ​တို့​သည်​စစ်​တိုက်​သော​အ​ခါ သူ​တို့​ကို သင်​တို့​လက်၌​ငါ​အပ်၍ သူ​တို့​မြေ​ကို သင်​တို့​သည် သိမ်း​ယူ​ကြ၏။ သူ​တို့​ကို သင်​တို့​ရှေ့​မှ ငါ​သုတ်​သင်​ပယ်​ရှင်း​လေ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​ကိုင်​သော​လှံ​ကို အာ​ဣ​မြို့​သို့​ရွယ်​လော့။ ထို​မြို့​ကို သင့်​လက်​သို့​ငါ​အပ်​မည်​ဟု ယော​ရှု​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ ယော​ရှု​သည် မိ​မိ​ကိုင်​သော​လှံ​ကို ထို​မြို့​သို့​ရွယ်​လေ၏။

ထို​အ​ခါ သင်​တို့​သည် ကင်း​ထိုး​လျက် နေ​ရာ​အ​ရပ်​မှ​ထ၍ မြို့​ကို​တိုက်​လျှင်၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​လက်၌ အပ်​တော်​မူ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​လည်း၊ သင်​တို့​သည် ငါ​တို့​အ​နား​မှာ​နေ​သည် မ​နေ​သည်​ကို မ​သိ​နိုင်။ အ​ဘယ်​သို့ မိတ်​သ​ဟာ​ယ​ဖွဲ့​နိုင်​သ​နည်း​ဟု ဟိ​ဝိ​လူ​တို့​အား​ဆို​ကြ​လျှင်၊

ယု​ဒ​ချီ​သွား၍ ထာ​ဝ​ရ​ဘု​ရား​သည် ခါ​န​နိ​လူ၊ ဖေ​ရ​ဇိ​လူ​တို့​ကို​အပ်​တော်​မူ​သ​ဖြင့်၊ ဗေ​ဇက်​မြို့၌ လူ​တစ်​ထောင်​ကို သတ်​လေ၏။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ရှိ​ဟုန်​မင်း​နှင့်​တ​ကွ သူ၏​လူ​အ​ပေါင်း​တို့ ဣ​သ​ရေ​လ​အ​မျိုး​လက်၌ အပ်​တော်​မူ၍၊ သူ​တို့​ကို လုပ်​ကြံ​သ​ဖြင့် ထို​ပြည်၌​နေ​သော အာ​မော​ရိ​လူ​တို့၏ မြေ​တစ်​လျှောက်​လုံး​ကို သိမ်း​ယူ​ကြ၏။

တစ်​ဖန် ဒါ​ဝိဒ်​သည် ထပ်၍ ထာ​ဝ​ရ​ဘု​ရား​အား​မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ထ၍ ကိ​လ​မြို့​သို့ သွား​လော့။ ဖိ​လိ​တ္တိ​လူ​တို့​ကို သင့်​လက်၌ ငါ​အပ်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ