ထွက်မြောက် 23:33Judson Bibleသင်သည် ငါ့ကိုပြစ်မှားစေခြင်းငှာ၊ သူတို့သည်ပြုမည်ကို စိုးရိမ်စရာရှိသောကြောင့်၊ သူတို့သည် သင့်ပြည်၌မနေရကြ။ သင်သည် သူတို့ဘုရားကိုဝတ်ပြုလျှင်၊ ထိမိ၍လဲစရာအကြောင်းအမှန် ဖြစ်လိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုသို့ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ယောရှုသည် တောင်ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ချိုင့်ထဲအရပ်၊ စမ်းရေတွင်းအရပ် ရှိသမျှတို့နှင့်တကွ မင်းကြီးအပေါင်းတို့ကို လုပ်ကြံ၍၊ အသက်ရှင်သောသူတစ်ယောက်မျှ မကျန်ကြွင်းရဘဲ ရှင်းရှင်းဖျက်ဆီးလေ၏။
သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် နောက်တစ်ဖန် ဤလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မမူ။ သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ၍ ကောင်းမွန်သောဤပြည်၌ သင်တို့သည် မပျောက်မပျက်မီတိုင်အောင် သူတို့သည် သင်တို့၌ကျော့ကွင်း၊ ထောင်ချောက်၊ သင်တို့နံစောင်၌ နှင်တံ၊ သင်တို့မျက်စိ၌ ဆူးဖြစ်ကြလိမ့်မည်အကြောင်းကို ဧကန်အမှန် သိမှတ်ကြလော့။