ကျွန်ယောက်ျား၊ ကျွန်မိန်းမကိုခွေ့လျှင်မူကား၊ နွားရှင်သည် ကျွန်ရှင်အား ငွေအကျပ်သုံးဆယ်ကိုလျော်ရမည်။ နွားကိုလည်း ကျောက်ခဲနှင့်ပစ်သတ်ရမည်။
ထိုအခါ၊ မိဒျန်အမျိုးသားကုန်သည်တို့သည် ခရီးသွားကြစဉ်တွင်၊ အစ်ကိုတို့သည် ယောသပ်ကိုတွင်းထဲကဆွဲတင်ပြီးလျှင်၊ ငွေအကျပ်နှစ်ဆယ်အဖိုးနှင့် ဣရှမေလလူတို့အားရောင်း၍၊ ထိုသူတို့သည် ယောသပ်ကိုအဲဂုတ္တုပြည်သို့ ဆောင်သွားကြ၏။
သူတစ်ပါး၏သားသမီးကို ခွေ့လျှင်၊ စီရင်သည်အတိုင်းခံရမည်။
လူသည် တွင်းကိုဖွင့်၍ ထားသည်ဖြစ်စေ၊ တွင်းကိုတူး၍ မပိတ်ဘဲထားသည်ဖြစ်စေ၊ သူတစ်ပါး၏မြင်း၊ နွားသည် ထိုတွင်း၌ကျလျှင်၊
အာနသုတ်မြို့၌ရှိသော ငါ့ဘထွေးသား ဟာနမေလ၏လယ်ကို ငါဝယ်၍ လယ်ဖိုးငွေ တစ်ဆယ်ခုနစ်ကျပ် ကို ချိန်ပေးလေ၏။
အကျွန်ုပ်သည် ယေရှုကို ကိုယ်တော်တို့လက်သို့အပ်လျှင် အဘယ်မျှလောက် ပေးပါမည်နည်းဟု လျှောက်သော်၊ ထိုသူတို့က ငွေအကျပ်သုံးဆယ် ပေးမည်ဟု ဝန်ခံကြ၏။-
မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကို ခံတော်မူ၏။-