သူတစ်ပါး၏သားသမီးကို ခွေ့လျှင်၊ စီရင်သည်အတိုင်းခံရမည်။
နွားသည် လူယောက်ျား၊ မိန်းမကိုခွေ့၍ လူသေလျှင်၊ စင်စစ်ထိုနွားကို ကျောက်ခဲနှင့်ပစ်၍သတ်ရမည်။ အသားကိုလည်း မစားရ။ နွားရှင်ကိုကား၊ အပြစ်လွှတ်ရမည်။
သို့မဟုတ် ငွေလျော်စေဟုစီရင်လျှင်၊ စီရင်သည်အတိုင်း မိမိအသက်ရွေးရန် အဖိုးကိုလျော်ရမည်။
ကျွန်ယောက်ျား၊ ကျွန်မိန်းမကိုခွေ့လျှင်မူကား၊ နွားရှင်သည် ကျွန်ရှင်အား ငွေအကျပ်သုံးဆယ်ကိုလျော်ရမည်။ နွားကိုလည်း ကျောက်ခဲနှင့်ပစ်သတ်ရမည်။
ရပ်၍ မြေကြီးကိုတိုင်းတော်မူ၏။ ကြည့်ရှု၍ လူမျိုးတို့ကို တုန်လှုပ်စေတော်မူ၏။ အစဉ်အမြဲတည်သော တောင်တို့သည် ကျိုးပဲ့၍၊ ထာဝရကုန်းရိုးတို့သည် ညွတ်ကြ၏။ ထာဝရလမ်းတို့ကို ကြွတော်မူ၏။