လူသည် တွင်းကိုဖွင့်၍ ထားသည်ဖြစ်စေ၊ တွင်းကိုတူး၍ မပိတ်ဘဲထားသည်ဖြစ်စေ၊ သူတစ်ပါး၏မြင်း၊ နွားသည် ထိုတွင်း၌ကျလျှင်၊
မာနကြီးသောသူ၊ ကိုယ်တော်၏တရားကို လွန်ကျူးသော သူတို့သည် အကျွန်ုပ်အဖို့ တွင်းများကို တူးကြပါပြီ။
တစ်ပါးအမျိုးသားတို့သည် ကိုယ်တူးသောတွင်းထဲသို့ ကိုယ်ကျကြ၏။ ကိုယ်ဝှက်ထားသော ကျော့ကွင်းထဲမှာ ကိုယ်ခြေတို့သည် ကျော့မိကြ၏။
ကျွန်ယောက်ျား၊ ကျွန်မိန်းမကိုခွေ့လျှင်မူကား၊ နွားရှင်သည် ကျွန်ရှင်အား ငွေအကျပ်သုံးဆယ်ကိုလျော်ရမည်။ နွားကိုလည်း ကျောက်ခဲနှင့်ပစ်သတ်ရမည်။
တွင်းရှင်သည် မြင်း၊ နွားအဖိုးကိုလျော်၍ အသေကောင်ကိုယူရမည်။
ဖြောင့်မတ်သောသူကို လမ်းလွှဲ၍၊ မကောင်းသောလမ်းထဲသို့ သွေးဆောင်သောသူသည် မိမိတူးသောတွင်းထဲသို့ မိမိကျလိမ့်မည်။ သဘောဖြောင့်သောသူမူကား၊ ကောင်းသောအရာတို့ကို အမွေခံရလိမ့်မည်။
တွင်းကို တူးသောသူသည် ထိုတွင်းထဲသို့ ကျလိမ့်မည်။ ခြံကိုဖျက်သောသူသည် မြွေကိုက်ခြင်းကို ခံရလိမ့်မည်။
ကျေးဇူးပြုသောအတွက် အပြစ်ပေးသင့်ပါမည်လော။ သူတို့သည် အကျွန်ုပ်အသက်ဖို့ တွင်းကို တူးကြပါပြီ။ အကျွန်ုပ်သည် သူတို့ အကျိုးအလိုငှာ လျှောက်၍၊ သူတို့မှအမျက်တော်ကို လွှဲခြင်းငှာ၊ ရှေ့တော်၌ ရပ်နေကြောင်းကို အောက်မေ့တော်မူပါ။
စစ်တိုက်သော ရန်သူများကို သူတို့ရှိရာသို့ ချက်ချင်းရောက်စေတော်မူသောအခါ၊ သူတို့အိမ်သားများ အော်ဟစ်ကြပါစေသော။ အကြောင်းမူကား၊ အကျွန်ုပ်ကို ထောင်ခြင်းငှာ တွင်းကိုတူးကြပါပြီ။ အကျွန်ုပ်သွားရာလမ်း၌ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။
တိရစ္ဆာန်အသက်ကို သတ်သောသူသည်လည်း ဥစ္စာရှင်အား တစ်ကောင်အတွက် တစ်ကောင်ကိုလျော်ရမည်။