Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 21:13

Judson Bible

အ​သေ​သတ်​မည်​အ​ကြံ​မ​ရှိ​ဘဲ၊ သူ၏​လက်၌ လူ​အ​သက်​ကို ဘု​ရား​သ​ခင်​အပ်​တော်​မူ​လျှင်၊ ပြေး​ရ​သော​အ​ရပ်​ကို ငါ​ခန့်​ထား​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​က အို​ဇေ​ရု​ယာ​သား​တို့၊ သင်​တို့​သည် ငါ​နှင့်​အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ထို​သူ​သည် ကျိန်​ဆဲ​ပါ​လေ​စေ။ ဒါ​ဝိဒ်​ကို ကျိန်​ဆဲ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​ပြီ။ သို့​ဖြစ်၍ သင်​သည် အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု အ​ဘယ်​သူ​ဆို​ရ​မည်​နည်း ဟူ၍​လည်း​ကောင်း၊

သို့​သော်​လည်း၊ သူ​သည် အ​ခြား​သော​အ​ကြံ၊ အ​ခြား​သော​အ​လို​ရှိ၏။ သူ​သည်​ဖျက်​ဆီး၍၊ များ​စွာ​သော​လူ​မျိုး​တို့​ကို ပယ်​ရှင်း​ခြင်း​ငှာ အ​လို​ရှိ၏။

ကောင်း​သော​ပြည်​သား​အ​ပေါင်း​တို့​သည် ကွယ်​ပျောက်​ကြ​ပြီ။ ဖြောင့်​မတ်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ခပ်​သိမ်း​သော​သူ​တို့​သည် လူ​အ​သက်​ကို သတ်​ခြင်း​ငှာ ချောင်း၍ ကြည့်​တတ်​ကြ၏။ အ​ချင်း​ချင်း တစ်​ယောက်​ကို တစ်​ယောက် ကျော့​ကွင်း​နှင့် ဖမ်း​တတ်​ကြ၏။

လေ​ဝိ​သား​တို့​အား ပေး​သော​မြို့​တို့​တွင်၊ လူ​ကို​သတ်​သော​သူ​သည် ပြေး၍​မှီ​ခို​ရာ​မြို့ ခြောက်​မြို့​တို့​ကို ရွေး​ထား​ရ​မည်။ ထို​မြို့​များ​အ​ပြင် အ​ခြား​သော မြို့​လေး​ဆယ်​နှစ်​မြို့​တို့​ကို ပေး​ရ​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား အ​ပိုင်​ပေး​တော်​မူ​သော​ပြည်​မှာ အ​မွေ​ခံ​ရာ​မြေ၌ ရှေး​လူ​ဟောင်း​တို့​သည် စိုက်​ထား​နှင့်​သော အိမ်​နီး​ချင်း၏ မြေ​မှတ်​တိုင်​ကို​မ​ရွှေ့​ရ။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ယော​ရှု​ကို ခေါ်​တော်​မူ၍၊

ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် ဥ​မင်​ထဲ​မှာ ကိုယ်​တော်​ကို ကျွန်​တော်​လက်၌ အပ်​တော်​မူ​ကြောင်း​ကို ကြည့်​ရှု​တော်​မူ​ပါ။ အ​သက်​တော်​ကို​သတ်​စေ​ခြင်း​ငှာ အ​ချို့​တို့​သည် တိုက်​တွန်း​သော်​လည်း၊ ကျွန်​တော်​သည် နှ​မြော​သော​စိတ်​ရှိ၍၊ ငါ့​အ​ရှင်​သည် ထာ​ဝ​ရ​ဘု​ရား၏​ဘိ​သိက်​ခံ​သူ ဖြစ်​တော်​မူ​သော​ကြောင့်၊ ထို​အ​ရှင်​ကို ထိ​ခိုက်​ခြင်း​ငှာ ငါ​သည် လက်​ကို​မ​ဆန့်​ဟု အ​ကြံ​ရှိ​ပါ၏။

ငါ၌ အ​ဘယ်​သို့ ကျေး​ဇူး​ပြု​သည်​ကို သင်​သည်​ယ​နေ့​ပြ​ပြီ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို သင့်​လက်၌ အပ်​တော်​မူ​သော်​လည်း၊ သင်​သည် မ​သတ်​ဘဲ​နေ​ပါ​သည်​တ​ကား။

ဒါ​ဝိဒ်၏​လူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ရန်​သူ​ကို သင့်​လက်၌​ငါ​အပ်​မည်။ သူ၌ သင်​ပြု​ချင်​တိုင်း ပြု​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်​ဟု ကိုယ်​တော်​အား အ​မိန့်​ပေး​တော်​မူ​သော​နေ့​ရက် ရောက်​ပါ​ပြီ​ဟု ဆို​ကြ​လျှင်၊ ဒါ​ဝိဒ်​သည်​ထ၍ ရှော​လု​ဝတ်​လျက်​ရှိ​သော အင်္ကျီ​အောက်​ပိုင်း​ကို တိတ်​ဆိတ်​စွာ လှီး​ဖြတ်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ